လွမ်း.....
လွမ်း....
အလွမ်းဆိုသောအရာသည် စကားလုံးတလုံးသာဖြစ်ပေသော်လည်း အတော် နေရထိုင်ရခက်သော ခံစားမှု ဒြပ်မဲ့နမ်တခုပါ။
လွမ်းပီဟေ့ မပြောပဲဖြစ်လာသလို မလွမ်းပါနဲ့လို့လည်း ပြောလို့မရသောအရာ။
သူ့ကိုစတင်ပီဟေ့ဆိုတာနဲ့ လိုအပ်မှုတစ်ခု တောင်းတမှုတစ်ခုဖြစ်လာသည်။
ထိုတောင်းတမှုသည်ကလည်း ပြည့်မည်မဟုတ်သောတောင်းတမှုတစ်ခု။
အလွမ်းသည် ဘယ်ကစခဲ့လည်းမသိပေမယ့် ကျနော်စဉ်းစားမိနေသည်မှာ အာဒံသည် ဧဝကိုလွမ်းခဲ့ဖူးလား။
ဧဝကကော အာဒံကိုလွမ်းမိလား။
သေချာတာတစ်ခုကတော့ ကျနော်သည်လွမ်းတတ်သည်။
ပို၍သေသေချာချာပြောရမယ်ဆို ``ကျနော်သည်
လွမ်းတတ်လွန်းသူတစ်ယောက်ပါ´´
လွမ်းဆွတ်တမ်းတသတိရခြင်းသည် လွမ်းဖို့အရာတစ်ခုလိုအပ်သလို လွမ်းရမယ့် အတိတ်တစ်ခုလည်းရှိရမည်။
ကျနော်သည် ဟိုးဆေးလိပ်သောက်စဉ်က အိပ်ယာဘေးက သတ်မဲ့ပစ္စည်း ဆေးလိပ်တိုလေးတွေကိုတောင် လွမ်းတတ်သူပါ။
သူ့ကိုသာဆိုရင်တော့ စကားလုံးမရှိအောင်လွမ်းတယ်။
အကြောင်းတိုက်ဆိုင်တိုင်းလည်း ပတ်သတ်မှုတွေကို ``လွမ်းလွယ်လွန်း´´သူမို့။
သူဆိုပြခိုင်းသော သီချင်းသံလေးတွေကြားရင်လွမ်းတယ်။
သူနဲ့ထိုင်ဖူးတဲ့နေရာ
သူနဲ့ပြောခဲ့သောစကားလုံးတွေကြားတိုင်း သတိတရ လွမ်းတယ်။
မှတ်မှတ်ရရလွမ်းတယ်။
တခုပ်တရလွမ်းတယ်။
တမျှော်တလင့်လွမ်းတယ်။
မြတ်မြတ်နိုးနိုးလွမ်းတယ်။
တောင့်တောင့်တတလွမ်းတယ်။
တမ်းတမ်းတတ လွမ်းတယ်။
သင်္ကြန်ပီးတိုင်း ဒီလိုအေးစက်လွန်းတဲ့မြို့ဆီကို ဘာကြောင့်မင်းထွက်သွားရက်လေတယ် ဆိုတဲ့ အာဇာနည်သီချင်းကို ခဏခဏဆိုခဲ့ရတာ လွမ်းတယ်။
ဒီအချိန်ဆို သူပြန်လာပီလေ
ဆောင်းဦးလှိုင်ရဲ့ မြေနီလွင်ပြင်ဘက်သို့အချစ်ပြန်လာတော့မည် ဆိုတဲ့ စကားလုံးကို ဆက်တိုက်ရွတ်ရင်း သူလျောက်လာမယ့် လမ်းကိုမျှော်ရတာလွမ်းတယ်။
တနှစ်ပတ်လုံး ထိုင်စောင့်နေကျ Tea ဆိုင်ကိုကော ဆိုင်ရှင် ဦးလေးကိုကောလွမ်းတယ်။
သူရောက်နေကြောင်း လာပြောတဲ့ သူငယ်ချင်းကိုလွမ်းတယ်။
တနှစ်စာမျှော်လင့်ချက်တွေကိုဖျက်ဆီးလိုက်လို့
ရန်လိုက်လုပ်မိတဲ့ သူဖတ်လာတဲ့ ကောင်လေးချောချောလေးကိုလည်း လွမ်းတယ်။
အဲ့လို ရိုင်းရိုင်းစိုင်းစိုင်းမို့ စိတ်ပျက်တယ်လို့ပြောတဲ့ သူ့စကားလုံးနဲ့ မျက်ရည်တွေကိုလွမ်းတယ်။
မထုဖြစ်လိုက်တဲ့ အုပ်ခဲကျိုးလေးလဲလွမ်းတယ်။
ဖျက်ပြစ်လိုက်ရတဲ့ ဆံပင်ရှည်တွေလွမ်းတယ်။
နောက်ထပ် လိမ်မာပါ့မယ် ဆိုပီး နှုတ်ဆက်မိတာလွမ်းတယ်။
မျှော်လင့်ချက် တွေနဲ့ နှစ်တိုင်း သူကိုမြင်ရရုံ စောင့်ခဲ့ရတာလွမ်းတယ်။
တနှစ်တခါ ဒီလမ်းလေးကိုဖြတ်လျောက်ပေးတဲ့ သူ့ကိုလည်းလွမ်းတယ်။
သူ့ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေး ကိုင်လို့
ဆုံးဖြတ်ချက်ချပီး ထွက်ခွါခဲ့တော့ ကျန်နေခဲ့တဲ့ အတိတ်တခုလုံးကိုလွမ်းတယ်။
သူရှိနေခဲ့တဲ့ ထိုမြို့လေးကိုလွမ်းတယ်။
MSC 005
That Ko Zaw
Leave လွမ်း..... to:
Read more #myanmar posts
Best Posts From thatkozaw
We have not curated any of thatkozaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From thatkozaw
- ကျနော်စီးသောဖိနပ်များ
- ကျနော်စီးခဲ့ဖူးသော ဖိနပ်များနဲ့ သူတို့အကြောင်းများ(Original Story by @thatkozaw)
- လွမ်း.....
- Check my latest fight ! thatkozaw vs jiann19
- ကောက်ရိုးရဲ့ သင်္ကြန် ဘစ်စနစ်
- သြော် နွေတဲ့လား...
- တကယ်ဆုံဖြစ်ကြလျှင်
- Check my latest fight ! thatkozaw vs wintaw
- Check my latest fight ! thatkozaw vs selmez
- Sleeping Beauty in Gathering