thatkozaw avatar

တကယ်​ဆုံဖြစ်​ကြလျှင်

thatkozaw

Published: 16 Mar 2019 › Updated: 16 Mar 2019တကယ်​ဆုံဖြစ်​ကြလျှင်

တကယ်​ဆုံဖြစ်​ကြလျှင်

စိတ်​ကူး စိတ်​ကူးနဲ့ ​တွေး​နေမိတာ​လေး​တွေ​ပေါ့။

တကယ်​​တော့ ကျ​နော်​တို့မှာပြဿနာ​လေး​တွေရှိကြတယ်​​ပေါ့​လေ။
တခါတ​လေ အိမ်​နဲ့အဆင်​မ​ပြေဘူး 
``​တော်​ပီကွာ မင်းနဲ့ဆက်​မ​ပြောချင်​​တော့ဘူး´´
ဆက်​​ပြောမိရင်​ ဆိုးလာမယ့်​အ​နေအထား​တွေ​လေ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ငြင်းခုန်​ကြပီဆိုမှ​တော့ အနိုင်​လိုချင်​လာကြတာချည်းပဲ။ ​ဖဝါဿ စကား​တွေ​ပြောမိမှာဆိုး​တော့ မ​ပြော​တော့ဘူးထွက်​လာခဲ့တယ်​။
ဘယ်​သွားမလည်း ​​မေးစရာမလိုဘူး ကိုယ်​​တွေက ဘုံဆိုင်​​ပေါ့​လေ။
အရက်​​သောက်​လိုက်​လို့ ​ပြေလည်​သွားမှာမဟုတ်​မယ့်​အတူတူ အချိုရည်​လည်း မ​သောက်​ဖြစ်​ဘူး။
ရင်​ဖွင့်​စရာသူငယ်​ချင်း​လေးဖုန်းဆက်​မိတယ်​။ ​သြော်​ အ​ဝေး​ရောက်​​နေပါ​ရောလား။
ကိုယ်​စီကိုယ်​င အလုပ်​​တွေနဲ့ကိုး။
ပုံ​လေး​တွေ​တော့ပို့ရှာပါတယ်​။
ငါလည်း ​မေမြို့မှာ​သောက်​​နေတာဆိုပီး ခွက်​ပုံ​လေး​တော့ပို့လိုက်​ရှာတယ်​။ နယ်​​လေး​ဝေး​နေရတာကိုးဗျ။

တစ်​​ယောက်​ထဲ ထားပါ​တော့ဆိုပီး အင်​တာနက်​ဖွင့်​ messenger ​လေးက က​တောင်​က​တောင်​။
ဟို စင်​ကားပူးက အယ်​ကိုကြီးက ပုံပို့ regal 12​လေး။ ဟိုရန်​ကုန်​က ခိုခိုက ဆိပ်​ကမ်းနားမှာ​လေ​လေးတဖြူးဖြူးနဲ့ myanmar ​နဲ့တဲ့။

ကောက်​ရိုး​တွေးမိတယ်​ လူ​တွေ အရက်​ ​ရေခဲ​ချောင်းတို့ ဘီယာ ချိုချဉ်​တို့မထုတ်​ကြဘူး။ စွန်​ဦးတီထွင်​စီးပွား​ရေးဆိုတဲ့ gp ​တွေဝင်​ကြည့်​​တော့လည်း တစ်​​ယောက်​လုပ်​မှ ​နောက်​တစ်​​ယောက်​လိုက်​လုပ်​ပြန်​။ ဘာလို့ တကမ္ဘာလုံးကြိုက်​နှစ်​သက်​ပီး ကမ္ဘာနဲ့ချီမထုတ်​ကြလည်းမသိပါဘူး။

ကောက်​ရိုးတို့ဆိုတာ တရပ်​ကွက်​ထဲ​နေလို့ အပြင်​က သူငယ်​ချင်းနဲ့ ဆုံချင်​မှဆုံမယ်​ မနက်​မိုးလင်းတာနဲ့ ဖုန်းဖွင့်​ပီး မင်္ဂလာပါလုပ်​ကြတာ။ online ​ပေါ်က သူငယ်​ချင်းပိုများ​သေး။
အပြင်​က သူငယ်​ချင်းက​ကော အလုပ်​သွား ​နောက်​ မိသားစု ကိစ္စဝိစ္စနဲ့ အားတဲ့အချိန်​မတူ​တော့ မဆုံဖြစ်​။ အ​ရေးကြီး​ဖိတ်​စရာ ​ပြောစရာရှိတာ​တောင်​ လှမ်း​အော်​ရင်​ရတာ​တောင်​ ဖုန်းဆက်​ချင်​ဆက်​ မဆက်​ရင်​ လိုင်း​ပေါ်က စာပို့ထားတာပဲ။
ဟျောင့်​ မနက်​ဖြန်​အားရင်​ ငါ့အိမ်​ 11​လောက်​လာခဲ့ဦး တို့ဘာညာ​ပေါ့။

Online ​ပေါ်က​တော့ ဖုန်းဖွင့်​တာနဲ့ လိုင်း​ပေါ်ရှိ​နေ တန်းဆုံပီ​လေ။

ဒါ​ကြောင့်​ ဇူကာဘက်​တို့ ညံ့​​နေတယ်​​ပြောချင်​တာ။
ယောက်ျား​လေး​တွေရဲ့ သဘာဝ​တွေကျ​တော့ပိုတိုးချဲ့မလာဘူး။ ဖွန်​​ကြောင်​တာကလွဲရင်​​ပေါ့။
ကျားများက လူစုံလာရင်​ ပုလင်းဖွင့်​မလား
ဖဲထုပ်​​ဝေမလားပဲသီးသန့်​ သွားချင်​တာ။

ကောက်​ရိုးများ ​လေထန်​ကုန်းလုပ်​မိရင်​​လေ
ထိုင်​ခုံ​​သေး​သေး​လေး​တွေနဲ့ ဖုန်း​တင်​စရာ​လေး​တွေနဲ့
wifi video call ကို​သေချာ​လေးလုပ်​​ပေးပလိုက်​မယ်​။
Messenger က​နေ ဝိုင်းဖွဲ့ကြ​ပေ​တော့ပဲ။ မစုံလို့ အတူမ​သောက်​ရတာမရှိ​အောင်​ ချီးယား​ပေ​တော့ပဲ။
နောက်​ messenger မှာလဲ အ​ကောက်​​ကောက်​ပီး ဝိုင်းတည်​​ပေးပလိုက်​မယ်​ မီးမ​တွေဘာ​တွေ​ပေါင်​ပီး ရိုက်​ကြစမ်း။ ငါ့မီးမကြီးတင်​တယ်​ အလိုက်​ဆယ်​သိန်း​တွေဘာ​တွေနဲ့။
စကြ​နောက်​ကြလို့ ရန်​ဖြစ်​လည်း ဖုန်းနဲ့ပဲ။ လူများလို့ စကားမများကြ​တော့ဘူး ပီး​ရော။

ဇူကာဘက်​ ညံ့ကိုညံ့တယ်​။
😀😀😀😀😀😀😀

MSC 005
That Ko Zaw

Leave တကယ်​ဆုံဖြစ်​ကြလျှင်​ to:

Written by

I love Steemit

Read more #myanmar posts


Best Posts From thatkozaw

We have not curated any of thatkozaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thatkozaw