steemstome avatar

ရိုးသားမှုကို အသုံးချခံလိုက်​ရတဲ့အခါ......

steemstome

Published: 22 Jul 2018 › Updated: 22 Jul 2018ရိုးသားမှုကို အသုံးချခံလိုက်​ရတဲ့အခါ......

ရိုးသားမှုကို အသုံးချခံလိုက်​ရတဲ့အခါ......

ဘယ်​လူသားမဆို ကိုယ်​မလုပ်​မိတဲ့

လုပ်​ရပ်​တစ်​ခုကို လုပ်​တယ်​လို့ စွပ်​စွဲခံခဲ့ရရင်

ပြဿ နာအတိမ်​အနက်​အ​ပေါ်မူတည်​ပြီး

စိတ်​ထိခိုက်​မှု အနည်းနဲ့အများ​တော့ ရှိလာမှာပဲ



လူတစ်​ချို့်​က ရိုးသားမှုဆိုတဲ့အရာကို

ကစားစရာအရုပ်​တစ်​ခုလို လုပ်​ချင်​တိုင်းလုပ်​​နေတတ်

ကြတယ်

မစားရတဲ့ အမဲ သဲနဲ့ပက်​သလို

မယှဉ်​နိုင်​ပြန်​ရင်​လည်း အပုပ်​ချတတ်​ကြပြန်​တယ်



ကိုယ့်​ဘက်​က အ​ကောင်းဆုံး ​နေထိုင်​​ပေးဆပ်​​နေပါလျက်​နဲ့ တစ်​ဖက်​က ကိုယ့်​ရိုးသားမှုကို

ရက်​ရက်​စက်​စက်​ ချနင်း​နေပြီဆိုရင်​....



၁)သူ့အမှားကို ကိုယ့်​အမှားမဖြစ်​​စေပါနဲ့



၂)ကိုယ်​ထားခဲ့တဲ့ ​စေတနာ​တွေ စစ်​မှန်​​ကြောင်း

လက်​​တွေ့ပြသပါ



၃)မတတ်​သာလို့ သူနဲ့မကင်းနိုင်​​သေးဘူးဆိုရင်

ဒေါသနဲ့ တုန့်​ပြန်​မယ့်​အစား ပညာသားပါပါ

သူ့အမှား​တွေကို တစ်​ခုစီ ​ဖော်​ထုတ်​ပြသပါ



၎)အပြီးတိုင်​ ထိုသူနဲ့ လမ်းခွဲမယ်​ဆိုရင်

ကိုယ့်​တန်​ဖိုး ၊ ကိုယ့်​ဂုဏ်​သိက္ခာကို

အချိန်​ကာလတစ်​ခုရင်းပြီး ပြသပါ



၅)ဖြစ်​နိုင်​မယ်​ဆိုရင်​ အမုန်းဖြင့််​ ​ကျောခိုင်းတာထက်

အပြုံးဖြင့်​ လက်​ပြနုတ်​ဆက်​​ပေးပါ



ရိုးသားမှု ဆိုတဲ့အရာက အရမ်းတန်​ဖိုးကြီးတဲ့

ဆုလာဘ်​ပါ

အဲ့ဒီဆုလာဘ်​ကြီးကို လူတိုင်းလိုလိုစီက

ပြန်​ရလိမ့်​မယ်​လို့ မ​မျှော်​လင့်​ပါနဲ့

ဘာလို့လဲဆို​တော့ ရိုးသားမှု ကို လူတိုင်းကြိုက်​​ပေမယ့်

ပြန်​​ပေးဖို့​တော့ တွန့်​တို​နေတတ်​ကြလို့ပါ



သူငယ်​ချင်း.....

မင်းရဲ့ ရိုးသားမှုဂုဏ်​ကို ကာကွယ်​​စောင့်​​ရှောက်

ပေးနိုင်​တာက မင်းကိုယ်​တိုင်​ နဲ့

လောကပါလတရားစီရင်​ခန်းပဲရှိ​တယ်



ဒါ့​ကြောင့်​ "ရိုးသားပါ မ အ​စေနဲ့

ယုံကြည်​ပါ မကန်း​စေနဲ့

စေတနာထားပါ အ​စော်​ကားခံရ​လောက်​​အောင်

ကိုယ့်​တန်​ဖိုးကို ​ဈေးမ​ပေါ​စေနဲ့​နော်​”

Leave ရိုးသားမှုကို အသုံးချခံလိုက်​ရတဲ့အခါ...... to:

Written by

Read more #esteem posts


Best Posts From steemstome

We have not curated any of steemstome's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From steemstome