
Must profit from capital
လွတ်လပ်မှုကို ရေရှည်ပိုင်ဆိုင်ချင်လား....
အရှုပ်တွေထဲမှာ ရှင်းလင်းအောင်နေပါ
အရှုပ်တွေကြား ရှင်းအောင်ကြိုးစားရင်းနဲ့
လွတ်လပ်မှု အစစ်အမှန်ကို ရှာတွေ့သွားပါလိမ့်မယ်
ပျော်ရွှင်မှုအစစ်အမှန်ကို ပိုင်ဆို်င်ချင်လား.....
ဝမ်းနည်းစရာတွေကြားမှာ ပြုံးနိုင်အောင်ကြိုးစားပါ
ဝမ်းနည်းစရာ တွေကြုံလာတိုင်း
ရယ်နိုင်အောင်ကြိုးစားရင်းနဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို
ပို်င်ဆိုင်လာပါလိမ့်မယ်
ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ချင်လား......
ပေးဆပ်မှုတွေကို စိတ်ရင်းအမှန်ဖြင့်
များများ လုပ်ဆောင်ပေးပါ
ပြည့်စုံမှုဆိုတာ ရယူမှုမဟုတ်ပါဘူး
ပေးဆပ်ခြင်းပါ ပေးဆပ်ဖန်များလာရင်
ကိုယ်လိုချင်တာတွေနည်းလာပြီး
ဘဝက ပြည့်စုံလာပါလိမ့်မယ်
ရင့်ကျက်တည်ငြိမ်တဲ့ လူသားတစ်ယောက်ဖြစ်ချင်လား.....
လောကဓံတွေကို များများ ကျော်ဖြတ်ပေးပါ
စမ်းသပ်မှုများစွာကို ကျော်ဖြတ်ရင်းနဲ့
ရလာတဲ့ နာကျင်မှုတွေက အသားမာတက်လာပြီး
ထုံလာကာ တည်ငြိမ်လာပါလိမ့်မယ်
ဘဝဆိုတာ အဆင့်တစ်ခုရောက်ဖို့
များများ ရင်းရသလို လောကဓံ ခံနိုင်ဖို့ကလည်း
လေ့ကျင့်မှုတွေ များများရင်းနှီးရတတ်တယ်
လွတ်လပ်မှုတွေရဖို့ ကိုယ့်စိတ်ကို များများချုပ်နှောင်ခံခဲ့ရသလို
တည်ငြိမ်မှုကို ရဖို့ နာကျင်မှုတွေရင်းရတတ်တယ်
ပြည့်စုံမှုတွေရဖို့ များများပေးဆပ်ရတတ်သလို
ပျော်ရွှင်ရဖို့်  ကြိမ်ဖန်များစွာ ပူဆွေးရတတ်ပါတယ်
ဘာပဲဖြစ်ဖြစ်ပါ
နေတတ်မှ ကျေနပ်စရာကောင်းမှာပါ
လက်ခံတတ်မှ အေးချမ်းမှာပါ
ဖြေတတ်မှ ငြိမ်းချမ်းမှုတွေ ကိုယ့်စိတ်ထဲ အမြဲ
ကိန်းအောင်းလာမှာ ဖြစ်ပါတယ်။
Leave Must profit from capital to:
Read more #esteem posts
Best Posts From steemstome
We have not curated any of steemstome's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.