
Do not bound(မချည်နှောင်ပါ့)
ကိုယ် အရမ်းချစ်ရသူကို မချည်နှောင်ပါနဲ့
လွတ်လပ်ခွင့် ပေးထားပါ
ချည်နှောင်မှ ငြိမ်နေမယ်ဆိုရင် သင့်အပေါ်
တကယ် မချစ်လို့ပါ။
တကယ်ချစ်တဲ့သူဆိုတာ အနေနီးသည်ဖြစ်စေ
ဝေးသည် ဖြစ်စေ ကိုယ့်ချစ်သူ မကြိုက်တာတွေကို
နှလုံးသားက အလိုလိုသိနေပြီး ဦးနှောက်က
Auto ဘရိတ်ဖမ်းပြီးသား ဖြစ်နေပါတယ်။
ဖိအားမပေးပါနဲ့
ကိုယ်တန်ဖိုးထားရသူကို အရမ်းကြီးဖိအားမပေးပါနဲ့
သူ့စိတ်ကအလိုလိုဖြစ်လာပြီး စိတ်၏ စေရာအတိုင်း
ကိုယ့်အပေါ် အလိုက်သိနားလည်ပေးတာက ပိုပီးချိုမြိန်ပါတယ်
ဖိအားပေးမှ ကိုယ်လိုချင်တာ ရတာက မချိုမြိန်သလို
ရေရှည်တည်မြဲမှာလည်း မဟုတ်ဘူးလေ။
လူဆိုတာက ဖိလွန်းရင် တွန်းကန်တတ်ပြီး ထွက်ပေါက်
ရှာသွားတတ်ပါတယ်။ကိုယ်နိုင်လို့ရတယ်ဆိုပြီး တရစပ်
ဖိအားပေးမိရင် ကိုယ်ကကောင်းစေချင်တဲ့ စေတနာဖြစ်ပေမယ့်လည်း
တစ်ဖက်မှာ နာကျင်သွားနိုင်ပြီး ကိုယ့်ကိုကျောခိုင်းသွားတာမျိုး
ဖြစ်စေပါတတ်တယ်။
မေတ္တာတရားဆိုတာက
တကယ်လေးနက်လာခဲ့ရင် သူမကြိုက်တာ ကိုယ်မကြိုက်တာကို
နှလုံးသားက အလိုလိုသိလာပြီး
ဦးနှောက်က ထိန်းချုပ်လာတတ်တာမျိုးပါ
ချည်နှောင်မှ ၊ ဖိအားပေးမှ ရလာတာဆိုရင် လေးနက်မှူမရှိလို့ပါ။
Leave Do not bound(မချည်နှောင်ပါ့) to:
Read more #bound posts
Best Posts From steemstome
We have not curated any of steemstome's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.