sawmyat avatar

မဆဲခင်အရင်စဉ်းစား

sawmyat

Published: 19 Feb 2018 › Updated: 19 Feb 2018မဆဲခင်အရင်စဉ်းစား

မဆဲခင်အရင်စဉ်းစား

image
ကျွန်တော်သည် ၇တန်းအရွယ်ခန့်ထိ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဘာသာမဲ့ပုံစံဖြစ်လာသည်။ ထိုစဉ်က ဘုရားရှိခိုးဘာထူးမှာလဲ၊ ဘုန်းကြီးတွေကိုသင်္ကးကပ်တာဆွမ်းကပ်တာ ဒါဟာအပိုအလုပ်တွေ၊ ဘုရားကိုဆီမီးကပ်လှူတာ ဒါဖယောင်းတိုင်ကို အလဟာသဖြစ်အောင်လုပ်တာဘဲ့။ အစရှိသည့်အတွေးများသာရှိသည်။ ကျွန်တော်၏စိတ်ထဲတွင်ဘာသာရေးနှင့်ပတ်သက်ပြီး လုံးလုံးအမြင်မကြည်ပေ။ သို့သော်လည်းတတ်သိနားလည်သောဆရာတော်များ၏ကျေးဇူးကြောင့်လည်းကောင်း ဓမ္မစာပေကျေးဇူးကြောင့်လည်းကောင်း ကျွန်တော်သည် မိရိုးဖလာမှ ဗုဒ္ဓဘာသာဝင်စင်စစ်တယောက်ဖြစ်လာခဲ့ပေသည်။ ထို၇တန်းအရွယ်တွင် မည်သူမှဘာသာမဲ့ဖြစ်မှန်းမသိခဲ့ပေ။ ဝေဖန်ဆန်းစစ်သည်။ မေးခွန်းပေါင်းများစွာမေးသည်။ အဖြေများကို ကို့ဟာကိုရှာဖွေနိုင်လျှင်ရှာဖွေကာ မသိနားမလည်သည်များကို ဆရာတော်တွေထံလျှောက်မေးသည်။ သိရသည်ကများသည်။

ဗုဒ္ဓဘာသာကိုစတင်လေ့လာစဉ်က ဘာသာမဲ့တယောက်ကလေ့လာသလိုလေ့လာသည်။ အဘိဓမ္မာကိုခေါက်တီးမိသည်။ ထိုကြောင့်လားမသိ၊ ကို့ဘဝတွင်ထူးဆန်းသောအဖြစ်အပျက်များရှိသော်လည်းသာမာန်ကဲ့သို့ပင်။ သို့နှင့်သိတာများလာတော့ ဘယ်သို့သောအမှုကျူးလွန်ပါက ဘယ်သို့သောအပြစ်ရမည်ကိုသိရှိသည်။ ယခုမြန်မာနိုင်ငံတွင်မူ အဆဲအဆိုများသည် မြင်မကောင်းကြည့်မကောင်းလောက်အောင်. ဖြစ်နေသည်။ ဘာသာခြားကိုဆဲဆိုခြင်း၊ မိမိဘာသာထဲမှာကိုကြည့်မရသောဘုန်းကြီးများကိုဆဲဆိုခြင်းများကို သာသာယာယာ ကျူးလွန်ကြပေသည်။ ထိုကဲ့သို့မြင်ရကြားရသည့်အခါတွင် ထိုသူတို့အတွက်စိတ်မကောင်းအလွန်ဖြစ်မိသည်။ တတ်နိုင်သလောက်..ဝင်ပြောမိသည်။ ကိုယ်ပါအဆဲအဆိုခံရသည်။ ထိုအဆဲအဆိုသည်မည်မျှအပြစ်ကြီးကြောင်းမသိကြ။ မသိကြလို့ဆဲသည်။ တချို့ကမယုံလို့ဆဲကြသည်။

သူတော်ကောင်း၊ရဟန်းတို့သည် မီးကဲ့သို့အလားအလား သဏ္ဌန်တူညီသည်။ မီးသည်အကိျုးရှိရှိသုံးပါကအကျိုးရှိသည်။ သို့သော်တခါတလေ ဘဝပျက်အောင်ပင်ဖြစ်သည်။ သူတော်ကောင်း၊ ရဟန်းတို့သည်မှာကား သံသရာတလျောက်လုံးအကျိုးပေးသည်မှာ အမှန်ဖြစ်သည်။

ဘာမှန်းညာမှန်းမသိ..၊နမပေး၊နမယိုး၊ အစရှိသဖြင့်ဆဲကြသည်။ အခုမုဒိမ်းမှုများပေါများလာခြင်း၊သွေးသားရင်းဆက်ဆံခြင်း၊ လူမဆန်သောကိစ္စရပ်များ ကြားသိရပေသည်။ ဆင်းရဲမွဲတေမှုနဲ့ ပညာမတတ်မှုကအဓိကကျသောလည်း. ဆဲဆိုသောကံအကြောင်းတရားသည် အခြေအနေပေးပါက ဆဲဆိုခံရသူ၏ သီလသမာဓိပညာအပေါ်မူတည်ကာအကျိုးပေးလေသည်။ ဥပမာ အမြင့်မှာရှိတဲ့သူကိုတံတွေးနဲ့လှမ်းထွေးရင် ကိုယ့်၏မျက်နာကို ကို့ယ်တံတွေးပြန်ပေသကဲ့ပင်တည်း။

ငါးပါးသီလတွင်ပါသော မုသာဝါဒတွင် ဖရုသာဝါစာဖြစ်သောစကားကို မုသာဝါဒမရှောင်နိုင်စေကာမူ ထိန်းသိမ်းသင့်ပေသည်။ လိမ်ညာသောစကားကို ရယ်ဖွယ်မျှပင်မဆိုအံ့ဟုမြတ်စွာဘုရားရှင်သည် ရာဟုလာကိုဆုံးမခဲ့ပေသည်။ မုသာဝါဒကိုကျူးလွန်သောသူသည် မလုပ်ရဲသည်မရှိပေ။ လိမ်သည်ကိုမသိစေရန် အကြိမ်ကြိမ်ထပ်လိမ်ရပေသည်။ ပေါ်သွားပါက မည်မျှရှက်စရာကောင်းသနည်း။ သို့သော်လည်းစောင့်ထိန်းနိုင်သူနည်းပါးလှပေသည်။
မုသာဝါဒကိုမစောင့်ထိန်းနိုင်စေကာမူ ဖရုသဝယစာ အစရှိသော ဆဲဆိုခြင်းစွပ်စွဲခြင်းတို့ကိုရှောင်ကြဉ်သင့်ပေသည်။

ထိုသို့ဆဲဆိုမှုသည် မိမိကိုယ်တိုင်၏စိတ်ကိုမချမ်းမသာဖြစ်ရုံမက... မြင်ရသူအပေါင်းကြားရသူအပေါင်းလည်း..စိတ်မချမ်းသာဖြစ်သည်။ စိတ်သည်သာမက ရုပ်တွင်ပါကြမ်းတမ်းသွားသည်။ ရုပ်ကြမ်းတမ်းသောကြောင့် စိတ်ကိုညစ်ညူးစေသည်၊အမှားအမှန်ခွဲခြားသောဥာဏ်မရှိတော့ပေ။ မိမိသူတပါးဆင်းရဲကြောင်းဖြစ်စေသည်။ ဖရုသာဝါစာ၏အကျိုးအပြစ်သည်ဤမျှကြီးမားလျှင် မုသာဝါဒကားဆိုဖွယ်ရာမရှိပေ။ ထိုကြောင့်မြတ်စွာဘုရားသည် ရဟန်းတော်တို့အား ဆဲဆိုခြင်းလျှင်အာပတ်သင့်စေဟုဆိုသည်။ သို့သော်လည်းဆဲဆိုခြင်းကြောင့် ပါရာဇိကမကျပေ။ ပြန်လည်ကုစား၍ရပေသည်။ ထိုဆဲဆိုခြင်းကိုဝါသာနာပါသော ရဟန်းအား လူတွေကကဲ့ရဲ့တတ်ပေသည်။ ထိုရဟန်းသည်ဆဲဆိုတတ်ပေသည်၊ အဘယ်သို့နည်းဟူတီးတိုးဝေဖန်တွတ်တိုးကြပေသည်။ ဤသို့ပြောလျှင်ကဲ့ရဲ့ဝေဖန်ကြသော လူအပေါင်းတို့သည် အမှန်ကိုပြောခြင်းကြောင့်အကုသ်ုလ်မဖြစ်ပေ။ သို့သော်လည်း စိတ်ပုပ်ဝမ်းပုပ်ဖြင့်..အာ့ရဟန်းမတရားဆဲဆိုတာ သွားမဖူးနဲ့ သွားမလှူနဲ့ဝေးဝေးနေ ၊ အစရှိသဖြင့်ပြောလျှင်သော်လည်းကောင်း၊ ဆဲဆိုလျှင်သော်လည်းကောင်း အကုသိုလ်အပြစ်ထိုက်ပေသည်။

မြတ်စွာဘုရားသည်ကြမ်းတမ်းသောစကားဆိုတော်မူသောလည်းကောင်းသောစေတနာနှင့်ဆိုခြင်းဖြစ်သည်။,အသင်ရဟန်းညံ့ရဟန်းပျင်း..သင်သည်အရင်ဘုရားတုန်းက စာချပုဂ္ဂိုလ်ဖြစ်ခဲ့တယ်၊အခုထိတရားမထုတ်ဘူးလား။အစရှိသဖြင့် ကြမ်းတမ်းသောစကားကိုဆိုခဲ့ဖူးပေသည်။ သတိထားရမည်မှာ စေတနာပင်တည်း။အလကားနေရင်းထိုင်ရင်းဆဲရင်တမျိုးပေါ့ဗျာ။

တကယ်လို့ ကိုသံသယရှိသောရဟန်း သို့မဟုတ် အပြစ်ကျူးလွန်သောရဟန်းကို လက်ဦးဆရာရဟန်းအားတိုင်ခွင့်ရှိသည်။ထိုရဟန်းသည်မပြင်၊ သာသာနာပိုင်ကိုတိုင်ခွင့်ရှိသည်။ ဝိနယခုံရုံးတတ်ပိုင်ခွင့်ရှိသည်။ လောကီရေးရာနှင့်ပတ်သက်သောပြစ်မှုများဖြစ်ပါက ဖမ်းဆီးနိုင်ပေသည်၊ လူဝတ်လဲပြီးမှအပြစ်ပေးရချေသည်။

ဆိုလိုရင်းကား..ဆဲဆိုဝေဖန်ခြင်းထက် လက်တွေ့ထိထိရောက်ရောက်ဥပဒေအတွင်းမှပြုလုပ်လျှင်ကောင်းသည်။ မဟုတ်ဘဲ့ဆဲဆိုနေပါက.....မိမိသူတပါးဆင်းရဲကြောင်းဖြစ်စေမည်မှာမလွဲချေ။

image

Msc 088
sawmyat@sawmyat
Writer - Saw Myat Tun
From Myanmar
Photo credit google

Leave မဆဲခင်အရင်စဉ်းစား to:

Written by

Read more #myanmar posts


Best Posts From sawmyat

We have not curated any of sawmyat's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From sawmyat