အကြားအမြင်
အကြားအမြင်ကိုလူတိုင်းရနိုင်လား။
အကြားအမြင်လူတိုင်းရနိုင်လားမပြောခင်..အရင်ဆုံး အကြားအမြင်ဆိုတာကဘာလဲ။ အကြားအမြင်ကကျွန်တော့်အမြင်မှာတော့ ဒီလိုခွဲထားတာလို့မြင်တယ်ဗျ။
၁ အတိတ်ကိုပြန်မြင်ပီးအနာဂတ်ကိုကြည့်နိုင်သောအကြားအမြင်။
၂ မမြင်ရတဲ့လောက နတ်တွေသရဲတွေပြိတ္တာတွေမြင်နိုင်သောအကြားအမြင်။
၃ ထိုနစ်ခုစလုံးမြင်နိုင်သောအကြားမြင် ဆိုပြီးရှိတယ်ဗျ။
အကြားအမြင်ဆိုရာမှာ နတ်တို့ကပြသောကြောင့်ရရှိသောအကြားအမြင်၊ ဂိုဏ်းပညာကပြသောအကြားအမြင်၊ ကိုယ်တိုင်ဈာန်ရရှိသောကြောင့်ရရှိသောအကြားအမြင် စသည်တို့ပေါ့ဗျာ။
အကြားအမြင်ကိုဘယ်သူတွေကရနိုင်လဲဗျ။ မေးသင့်တဲ့မေးခွန်းပါ။ ကိုယ်သိလောက်သလောက်ပြောပြရရင် ကို့လက္ခာဏာမှာ ဆော်လမွန်လက်စွပ်ရှိရင်ဖြစ်ဖြစ်၊ လက်ညိုးမှာအရစ်တခုပိုနေရငိဖြစိဖြစ်ရရှိနိုင်ဖို့အခွင့်အလန်းများတယ်။ လက်ဝါးအလယ်မှာ ကြက်ခြေခေတ်ရှိနေသူတွေကလည်းရနိုင်တယ်။ အာ့တွေမရှိဘူးဆိုပါတော့မရနိုင်ဘူးဆိုတာတော့မဟုတ်ပါဘူး။သူတို့ကတလကျင့်ရင်ရပေမယ့် မပါတဲ့သူတွေက ဆယ်လလောက်ကျင့်မှရတယ်ဗျ။ ဒါကအတိတ်ကပါရမီဖြစ်သွားလို့ပါ၊ကြိုးစားရင်တော့ရနိုင်ပါတယ်။
ဘယ်လိုကျင့်ရမလဲ...
ကျင့်စဉ်၁
ကျွန်တော်ဖတ်ဖူးတဲ့ကျမ်းစာအုပ်မှာတော့ လူတရာကျင့်ရင် ၉၉ယောက်ကကျိန်းသေအောင်မြင်တယ်တဲ့။ ဟုတ်ပါတယ်။ ကဲဘယ်လိုကျင့်ရမလဲ ၊ ပထမဆူံး စိတိငြိမ်အောင်လုပ်ရပါမယ်။ သက်ဆိုင်ဘာသာကိုဦးချပေါ့ဗျာ၊သက်သက်လွတ်စားပြီးကျင့်တာကပိုကောင်းပါတယ်။ ကိုယ်လက်သန့်ရှင်းလုပ်ရပါမယ်။တိတ်ဆိတ်တဲ့အခြေအနေဖြစ်ရပါမယ်။ ဘာပုံဘာကနုတ်မှမပါတဲ့ ဖန်ခွက်ကို.ရေအပြည့်ထည့်...။ကို့ခေါင်းပေါ်တည့်တည့်မှာမီးထွန်းထား၊ ကို့အရိပ်ကအာ့ဖန်ခွက်ထဲကိုမကျစေနဲ့..စိုက်ကျိနေ..။ စစချင်းဆိုတော့ တမိနစ်ခံချင်မှခံမာပါ။ လက်တကမ်းအကွာအဝေးကက်ျရမယ်။ မျက်စိမှုန်ရင်တော့မျက်မှန်တတ်ကျိလို့ရပါတယ်။ တတ်နိုင်သလောက် မျက်စိမမှိတ်ဘဲ့ကြည့်ရပါမယ်။ အနည်းဆုံးတနာရီကျင့်။ သုံးနာရီထည့်မပိုစေနဲ့။
ရေကနောက်လာလိမ့်မယ်၊အဖြူရောင်၊အုန်းနို့ရောင်ဖြစ်ရင်..စပေါက်ပီသာမှတိတော့။ အမြန်ဆူံး တပတ်၊ အကြာဆုံး ၃လကျော်ကျော်ပါဘဲ့။ မှတ်ခါးရမာက ကိုယ်ကျိတဲ့ဖန်ခွက်အသစ်စက်စက်ဖြစ်ရမယ်၊ကိုယ့်နားမှာအနည်းဆူံး၇ရက်တိတိညသိပ်ရမယ်။ ကျင့်နေစဉ်အတွင်းမှာလည်းထားလို့ရပေမယ့်သဘောပါ။
အာ့လိုအောင်မြင်သွားရင်..ဘယ်သူကဘာလုပ်နေလဲဆိုတာရေထဲမှာပုံရိပ်တွေဖြစ်ပီးမြင်လာရောဘဲ့။ မကြည့်မကျင့်တာကြာရင်တော့ပျောက်သွားတတ်ပါတယ်။ မည်သည့်ဘာသာမဆိုလုပ်နိုင်တဲ့ကျင့်စဉ်တခုပါဘဲ့။ နိုင်ငံခြားဓာတ်ဖန်လုံးပညာနဲ့သဘောတရားချင်းတူညီပါတယ်။ဒါကဘယ်နတ်ကမှမပြပါဘူး။ မိမိသမာဓိအပေါ်မူတည်တာပါ။
နောက်တခုက အဓိဋ္ဌာန်ပြီးကျင့်ရတယ်။ ဘယ်လောက်ကြာလဲမသတ်မှတ်ဘူး။ ဒါကဗူဒ္ဓဘာသာမှဘဲ့။ အရဟံနဲ့ပုတီးစိပ်ရတယ်။ န၂၇ပတ် ၂၇ရက်လောက်စိပ်ရင်တောင်ရပုတယ်။ စိပ်ပြီးတိုင်းကိုယ်စောင့်နတ်ကိုအမျှဝေမေတ္တာပို့ရတယ်။ ငါးပါးသီလမြဲရတယ်။ဒါဆ်ုအကြားအမြင်ရလာရော။ ကိုယ်က ငါးပါးသီလမမြဲ၊ ပုတီးစိပ်ချင်တဲ့အချိန်စိပ်လိုက်မစိပ်လိုက်၊ အကြားအမြင်ရပီးမှပေည့လေ။အာ့လိုလုပ်ရင်လမိုင်းကပ်ရောဘဲ့။ ကပ်ရင်.သွားပီသာမှတ်..ကိုယ့်ကိုယ်ကိုယ်ဘုရားလိုလိုဘာလိုလို.ထင်နေရောဖြစ်တတ်တယ်။ သာမာန်အကြားအမြင်မရချင်ဘဲ့ လောကီဆုတောင်းတာကပိုအကျိုးရှိပါတယ်ခင်ဗျ။
နောက်တခုက တော်တော်ကျင့်ရခက်တဲ့နည်းပါ။ အာ့ကတနစ်လောက်အဓိဋ္ဌာန်ရတယ်။ မုသာဝါဒက်ုလုံးဝရှောင်ကျဉ်ရမယ်။ မုသာဝါဒထဲမှာပါတဲ့ ဖရုသဝါစာတို့ဘာတို့ပါရှောင်ရမယ်။ စကားနည်းနည်းပြောတာပိုကောင်းတယ်။ ကျင့်နေစဉ်အတွင်းမှာတောင် အကြားအမြင်ရပါတယ်။ ပျက်စီးဖို့လည်းလွယ်ပါတယ်။မဖြစ်မနေညာရတဲ့ကိစ္စမျိုးတွေဘာတွေပေါ်လာတတ်ပါတယ်။ အောင်မြင်ပီးရင်တော့ မညာတာကပိုကောင်းပါတယ်။ အကျင့်ဖြစ်သွားတာပေါ့။
ပုဂ္ဂိုလ်အား၊ဓာတ်အား၊နတ်အားတို့ကျတော့ လူတိုင်းမရဘူး၊ရတဲ့သူကလည်းရှားပါတယ်။
Msc088
@sawmyat
From myanmar
Leave အကြားအမြင် to:
Read more #myanmar posts
Best Posts From sawmyat
We have not curated any of sawmyat's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.