sawmyat avatar

လူတိုင်း....

sawmyat

Published: 30 Aug 2018 › Updated: 30 Aug 2018လူတိုင်း....

လူတိုင်း....

လူတအုပ်ကို ဒိုင်​လုပ်​တဲ့သူမှ ​မေးခွန်းထုတ်​သည်​။
"ခင်​ဗျားတို့ထဲက NLDပါတီကိုအား​ပေးတဲ့သူ​တွေ ​ရှေ့ထွက်​ကြပါ"

လူငါးဆယ်​ခန့်​​ရှေ့ထွက်​လာသည်​။အနီ​ရောင်​​ပေးလိုက်​သည်​။

"ရပီရပီ်​ကို့​နေရာကိုပြန်
လို့ရပီခင်​ဗျာ....ကြံခိုင်​​ရေးပါတီကိုအား​ပေးတဲ့သူ​တွေ ​ရှေ့ထွက်​လာပါခင်​ဗျ"

လူငါးဆယ်​ခန့်​​ရှေ့ထွက်​လာသည်​။အစိမ်း​ရောင်​​ပေးလိုက်​သည်​။

"ဟုတ်​ပီ.အခုထွက်​တဲ့လူ​တွေလည်းကို​နေရာကိုသွားလို့ရပါပီခင်​ဗျာ.....ဘယ်​ပါတီမှအားမ​ပေးဘူးဒါမှမဟုတ်​..ကြားပါတီကိုအား​ပေးတဲ့သူ​တွေထွက်​ခဲ့ပါခင်​ဗျာ.."

လူငါးဆယ်​​ကျော်​ထွက်​လာသည်​။ ပြန်​ဝင်​ခိုက်း

"ဟုတ်​ပီ...အုတာ့..ရုပ်​ရှင်​ကြိုက်​တဲ့သူ​တွေထွက်​လာပါခင်​ဗျာ.

လူ၈၀ခန့်​ ထွက်​လာသည်​။ ပန်း​ရောင်​​ပေးလိုက်​သည်​။

"ဒီတခါ​တော့ ​ကြောင်​ချစ်​တဲ့သူ​တွေထွက်​လာပါခင်​ဗျာ"

၆၀ခန့်​ထွက်​လာသည်​။အဖြူ​ရောင်​​ပေးလိုက်​သည်​။
"​ခွေးချစ်​တဲ့သူ​တွေထွက်​လာပါခင်​ဗျာ"

၈၀ခန့်​ထွက်​လာသည်​။ အမဲ​ရောင်​​ပေးလိုက်​သည်​။

"LGBT အတွဲရှိရင်​ထွက်​ခဲ့​ပေးပါခင်​ဗျာ..."

၆​ယောက်​ခန့်​ထွက်​လာသည်​။သက်​တန့်​​ရောင်​​ပေးလိုက်​သည်​။

"နိုင်​ငံကိုပိုမိုတိုးတတ်​​စေချင်​တဲ့စိတ်​ရှိသူ​တွေထွက်​လာပါခင်​ဗျာ"

အားလုံးထွက်​လာသည်​.။အ​ရောင်​လက်​တာကို​ပေးလိုက်​သည်​။

"အ​မေ့ကိုချစ်​တဲ့သူ​တွေထွက်​လာပါခင်​ဗျ"

အားလုံးထွက်​လာသည်​။ခရမ်း​ရောင်​လဲ့တာကို​ပေးလိုက်​သည်​။

"အ​ဖေ့ကိုချစ်​တဲ့သူတွထွက်​လာပါခင်​ဗျ"
အားလုံးလိုလိုထွက်​လာသည်​။ ​ရွှေ​ရောင့်​လဲ့တာကို​ပေးလိုက်​သည်​။

"အင်​ဂျင်​နီယာ​တွေထွက်​လာပါခင်​ဗျ.."
၃၀​ကျော်​ထွက်​လာသည်​.။အပြာ​ရောင်​​ပေးလို​သည်​။

ဒီလိုနဲ့​မေးခွန်း​ပေါင်းစုံ​မေး အ​ရောင်​မျိုးစူံ​ပေးသည်​။

ထိုလူမှ..."ဒီလိုအပင်​ပန်းခံပီးလုပ်​ရတာ..အ​ကြောင်းရှိပါတယ်​ခင်​ဗျာ..နယ်​ပယ်​အသီးသီးကအတတ်​ပညာရှင်​​တွေ.ဘာ​တွေအကုန်​ပါပါတယ်​ခင်​ဗျခင်​ဗျားတို့လက်​ထဲကိုကြည့်​ပါခင်​ဗျာ...ခင်​ဗျားတို့လက်​ထဲမှာ ​ရောင်​စုံဖြစ်​နေတာကို ​တွေ့ရမှာပါ...။ ခင်​ဗျားတို့​တွေအားလုံးဟာ လူချငိးတူသလို..ကြိုက်​နစ်​သက်​တာ​တွေလည်းတူကြတာကိုသတိထားမိမှာပါ။.
ကျွန်​​တော်​တို့မကြိုက်​တာထက်​ကြိုက်​တာကပိုများ​နေမှာပါ..။ ဒါ​ပေမယ့်​ဘာလို့များ..သူ့အကြိုက်​ကို့အကြိုက်​မတူတာကိုအ​ကြောင်းပြပြီး..ရန်​ဖြစ်​ကြဆဲကြဆိုတာလဲခင်​ဗျာ၊ ခင်​ဗျားက NLDပါတီကို​ထောက်​ခံတယ်​၊သူက ကြံ့ခိုင်​​ရေး၊သူက တံစဉ်းပါတီ...အမျိုးမျိုးကွဲ​ပေမယ့်​ ခင်​ဗျားတို့လက်​ကိုပြန်​ကြည့်​ပါ..ခင်​ဗျားတို့က​ကြောင်​ချစ်​သူ​တွေ၊ ​ခွေးချစ်​သူ​တွေ၊ရုပ်​ရှင်​ကြိုက်​တဲ့သူ​တွေမလားဒါ​ကြောင့်
အ​ရောင်​တူ​တွေကပိုများပါတယ်​။ မတူတာကို​ဘေးဖယ်​ပြီး တူတာကိုစုပြီး​ရှေ့ဆက်​သွားသင့်​တယ်​မဟုတ်​ဘူးလားခင်​ဗျ။ နိုင်​ငံတိုးတတ်​ကြီးမားချင်​တဲ့စိတ်​ချင်းတူရင်​ဘာ​ကြောင့်​များ..အချင်းချင်း​ထောက်​ခံသူကြားစိတ်​ဝမ်းကွဲရသလဲခင်​ဗျာ။ ခင်​ဗျားကဟိုပါတီကို​ထောက်​ခံလို့ ရုပ်​ရှင်​မကြည့်​နဲ့၊သူကဟိုပါတီကို​ထောက်​ခံလို့စီးပွား​ရေးတွဲမလုပ်​ဘူး...ဒီလိုနဲ့ကျွန်​​တော်​တို့​တွေ​ဝေးသထက်​​ဝေးသွားလိမ့်​မယ်​၊.ဒီလို​ဝေးသွားရင်​..တခြားတိုငိးပြည်​က​သွေးထိုးနုတ်​​ဆော်​လို့​ကောင်းတာ​ပေါ့ခင်​ဗျာ...
ကျွန်​​တော်​နိဂုံးချုပ်​ချင်​တာက​တော့..ခင်​ဗျား​ရောကျွန်​​တော်​​ရောသူ​ရော..ယူံကြည်​ချက်​​တွေမတူ​ပေမယ့်​ ရလဒ်​ကအတူတူဆိုရင်​..ပူ​ပေါင်းပြီး​ရှေ့ဆက်​ဖို့..အားအင်​ဖြစ်​သင့်​တယ်​မလားခင်​ဗျာ"
"ရွှီး​ဖြောင်း​ဖြောင်း..."
ထိုစဉ်​..အိပ်​မက်​မှလန့်​နိုးလာသည်​။
(မှတ်​ချက်​ LGBT ကိုခွဲခြားဆက်​ဆံသည်​ကိုကန့်​ကွက်​သည့်​vedioအားမှီငြမ်းသည်​)
image
sawmyat@sawmyat
Msc088
Frommyanmar

Leave လူတိုင်း.... to:

Written by

Read more #steemhunt posts


Best Posts From sawmyat

We have not curated any of sawmyat's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From sawmyat