pocker avatar

ယုံကြည်​မှု

pocker

Published: 21 Apr 2018 › Updated: 21 Apr 2018ယုံကြည်​မှု

ယုံကြည်​မှု

image
"အိပ်တော့မယ် ဒါပဲ "
"ဟင် ဘာလို့လဲ စောကြီးရှိသေးတာကို "
"စောရင်မအိပ်ရဘူးလို့ ဘယ်သူပြောလဲ "
"ဒါပဲ ငါဖုန်းပိတ်ပြီးအားသွင်းထားမှာနော် "
"အော် အင်းအင်း"

သူဒီရက်ပိုင်းအချိုးတွေပြောင်းနေတယ်
အရင်ကစောစောမအိပ်ခဲ့ပေမဲ့ အခုတော့ စောစောအိပ်လို့
ကိုယ်နဲ့နောက်ကျတဲ့အထိစကားပြောနေရရင်တောင်မိုးလင်းမှန်းမသိတဲ့သူက
အခုတော့ ဖုန်းပါပိတ်မယ်တဲ့ အော် သူအိပ်ချင်လို့နေမှာပါလေ

"ဘယ်သူနဲ့ပြောနေလို့ replyကြာနေတာလဲ"
"NFပွတ်နေတာလေ "
"အော် မအားဘူးလား "
"အားပါတယ် ပြောလေ "
"ပြောနေတာပဲ အပေါ်ကစာတွေပြန်ဖတ်ကြည့်အုန်း ဘယ်သူအများဆုံးပြောလဲ"
"အဲ့ဒေါ မင်းပြောစရာရှိတာဆက်ပြောလေ
ငါလဲပြန်ပြောနေတာပဲ"
"အင်း အော် ဟုတ်လား ဒါကစကားတွေလား အော်အင်း"
"ပြဿနာရှာရစ်မယ်ဆို အောက်တော့မယ်ဟေ့ ဒါပဲ"
"အော် ဘာမှတောင်မပြောရသေးဘူး ပြဿနာရှာရစ်တယ်တဲ့လား"

အရင်ကဆိုreplyဘယ်သူအရင်ဆူံးပြန်လဲ
ပြိုင်ကြရင် အသဲလေးတွေပို့ရင်း အသဲအကြီးဆုံးဖမ်းနိုင်သူကို အာဘွားပေးရင်
ပျော်နေတဲ့cbကြီးကအခုတော့ တစ်ယောက်ထဲခြောက်ကပ်လို့
နဲနဲမေးမိတာကို ပြဿနာရှာတယ်တဲ့လား

"အပြင်သွားလိုက်အုန်းမယ် "
"အွန်းဖုန်းဆက်လိုက်မယ် "
"မဆက်နဲ့ ဖုန်းယူမသွားဘူး"
"အော် ဘာလို့ "
"ဖုန်းအားကုန်နေလို့ "
"အော် ဖုန်းကဘတ်ထရီမကောင်းဘူးထင်တယ် လဲလေ"
"အေး လဲလိုက်မယ် ဒါပဲ "
image
ဖုန်းချသွားတယ်
သူငယ်ချင်းတွေပြောတယ် ကောင်မလေးတစ်ယောက်နဲ့တွေ့တွေ့နေတယ်
ပြောနေပေမဲ့ ချစ်တဲ့စိတ်ကြောင့် အမှန်မမြင်ခဲ့ဘူး
အခုတော့ သူကိုယ်တိုင်ကသက်သေလိုက်ပေးနေသလို
အရာရာက ပုံစံကျလွန်းနေတယ်

ဒါကြောင့် ကျမမယုံကြည့်ချင်ပေမဲ့
သူ့နောက်လိုက်ကြည့်ဖို့ စုံးဖြတ်လိုက်တယ်
တကယ်လို့ တွေ့ခဲ့ရင် ဘာလုပ်မိမယ်ဆိုတာ ကျမမသိဘူး
စဉ်းလဲမစဉ်းစားချင်ဘူး စဉ်းလဲမစဉ်းစားထားဘူး

ဟောာာတွေ့ပါပြီ
ပျော်လို့ပါးလို့ လက်ထဲမှာလဲဖုန်းနဲ့
ဖုန်းဆက်ကြည့်တယ် ဝင်ပေမဲ့မကိုင်ခဲ့ဘူး
သူကိုင်ခဲ့ရင် ကျမခွင့်လွှတ်မိအုန်းမှာပါ
ဒီတိုင်းလေး သူတို့ပျော်နေတာကိုရပ်ကြည့်ရင်း
ရင်တွေကွဲပြီး ပြန်ခဲ့ရတယ်
သူဖုန်းဆက်လာမလားဆိုတဲ့အချိန်ကိုစောင့်ရင်း
နောက်တနေ့ကိုရောက်ခဲ့တယ်
image
"ဟလို "
"အေးပြော"
"အော် မနေ့ညနေကဖုန်းတောင်မဆက်ဘူးနော်"
"ပြောသားပဲအပြင်သွားတယ် ဖုန်းထားခဲ့ပါတယ်ဆို"
"အော် ဖုန်းကထားခဲ့တာလား ယူသွားရက်နဲ့မကိုင်တာလား"
"ဘာလဲကွာ လာပြန်ပြီလား စောက်ပြဿနာ"
"ကျမကိုကျေးဇူးပြု၍စောက်နဲ့မပြောပါနဲ့"
"ပြောတော့ဘာဖြစ်လဲကွာ မိုးလင်းတာနဲ့စောက်ပြဿနာပဲ"
"ရှင့်မှာတခြားပျော်စရာရှိနေမှတော့ ကျမပြုံပြလဲ ပြဿနာလို့မြင်နေအုန်းမှာပဲ "
"ဘာတွေစောက်ပြဿနာရှာအုန်းမှာလဲ"
"ရှင့်ကို မနေ့ကကျမတွေ့တယ် "
"အော် ~~~မင်းက ငါ့ကိုလိုက်တောင်ချောင်းနေတာလား"
"အစကကျမယုံကြည်ပါတယ် အရမ်းကိုယုံကြည်ခဲ့တယ်
အဲ့ယုံကြည်မှုကိုရှင်ကိုယ်တိုင်ပဲ ရိုက်ချိုးနေတာ"
"အဲ့ဒေါ့ "
"ရှင် အားတောင်မနာဘူးလား"
"ငါကဘာကိုအားနာရမှာလဲ"
"ရှင်တို့ပျော်နေချိန်မှာ ကျမကတော့ တငိုငိုတရီရီနဲ့ခံစားနေတာလေ ရှင်တို့ လိပ်ပြာလုံလုံပျော်နိုင်ကြတယ်လား"
"ဘာလို့ လိပ်ပြာမလုံရမှာလဲ "
"ဒါဆိုဘာလို့ ကျမကိုမပြတ်ပဲတခြားတစ်ယောက်တွဲနေသေးလဲ"
"မင်းကိုပြတ်တော့ရော မင်းကပြတ်ပေးမှာမို့လား ဘာလုပ်လိုက်မှာ ညာလုပ်လိုက်မှာနဲ့ ခြိမ်းခြောက်နေပြီး"
"ဒါဆိုကျမကဘာမှမလုပ်ဘူးဆိုရင်ပြတ်မယ်ပေါ့"
"ပြတ်တာပေါ့ အလကားနေငါ့အမှုပြတ်နေမစိုးလို့"
"စိတ်ချမပတ်စေရဘူးပြတ်ပေးမယ်"

ဒီလိုနဲ့ပြတ်လိုက်ကြတယ်

တစ်လနေတော့ပြန်လာတယ်
နောက်ခါမလုပ်တော့ပါဘူး မင်းကအကောင်းဆုံးပါ
မင်းကိုအချစ်ဆုံးပါနဲ့ ပေါ့
ဒီက unicorn မကလဲ လက်ခံတာပေါ့ ချစ်တာကို
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သည်းခံမယ် ခွင့်လွှတ်မယ်
သူငယ်ချင်းတွေတားလဲ ဂရုမစိုက်
သူပြန်အလာကိုပဲမျှော်နေခဲ့တာကို

ဒါပေမဲ့
ဘာကပြဿနာလဲဆို
သူဘာလုပ်မယ်ပြောပြော
ဘယ်သွားမယ်ပြောပြော
ဘယ်လိုသက်သေပြပြမယုံတော့တာလေးတစ်ခုပါပဲ
ကျန်တာအဆင်ပြေပါတယ်
image
အသားနာတာကိုမေ့လို့ရပေမဲ့
အသဲနာရင်တစ်သက်လုံးပဲလေ

သတိရတိုင်း တိုက်ဆိုင်မှုရှိတိုင်း
ဖောက်ပြန်ခဲ့ဖူးတယ်ဆိုတာ တွေးမိတိုင်း
ဘာလို့လဲ သူမချစ်တော့လို့လား
ဘာလို့လဲ ဂရုမစိုက်မိလို့လား
ဘာလို့လဲ ဟိုတစ်ယောက်ကငါ့ထက်လှလို့လား
ဘာလို့လဲ ငါရစ်လို့လား
ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ
သူအပြင်သွားမယ်ပြောတယ် သွားတွေ့ကြတာလား
သူအိပ်ပြီပြောပြီးဖုန်းခိုးပြောနေကြလား
တွေးရင်းမေးရင်း တနေ့တနေ့ သူ့မျက်နှာမြင်နေရရင်ကို
ဖောက်ပြန်ဖူးတဲ့မိန်းမမျက်နှာနဲ့တွဲမြင်နေရလို့
အသဲတွေနာလိုက်တာ ရင်တွေကွဲလိုက်တာဆိုတာအခါခါ
ဒီကြား ဟိုမိန်းမကကိုယ့်ထက်တစ်ခုခုသာနေတယ်ဆို
အော် သူကလှလို့ကို အော်သူကတော်လို့ကို
ဒီလိုဖြည့်စဉ်းစားပေးချင်ပေမဲ့
ကိုယ့်ထက်ဘာမှမသာတဲ့ လူတစ်ယောက်ကို
ဘာလို့ ကိုယ့်ကိုထားခဲ့ပြီးရွေးချယ်ခဲ့တာလဲမေးရင်း
တနေ့တခြား အရူးနဲ့ပိုတူပြီး ကိုယ်ပဲစိတ်ဆင်းရဲနေရတဲ့အခါ

"ပြတ်ကြရအောင်ဟာ"
"ဘာလို့လဲ"
"ငါအရမ်းပင်ပန်းနေပြီဟ"
"ဘာလို့လဲ "
"နင်ဖောက်ပြန်ခဲ့တယ်ဆိုတာတွေးမိတိုင်း ငါအဆင်မပြေဘူး"
"ငါထပ်မလုပ်တော့ဘူးလို့ကတိပေးထားတယ်လေဟာ
မပြတ်ပါနဲ့ ကြာခဲ့ပြီပဲ တဖြေးဖြေးမေ့ပြောက်သွားမှာပါဟာနော"်
"နင်ကပြုသူပဲ လွယ်တာပေါ့ ငါကဖြစ်သူ တွေးရင်းနင့်ကိုချစ်လွန်းလို့ငါ ရူးတော့မယ်ဟ"
"နင်ကလဲဟာ ငါ့ကိုတကယ်မထားခဲ့ပါနဲ့"
"ငါ့ကိုအချိန်တစ်ခုပေးပါ "
""အေးပေးမယ် ငါစောင့်နေမယ်ဟာ တစ်လလား ၂လလား"
"ငါမသိသေးဘူး ဒါပဲဟာ"

ကိုယ်ဟာကိုယ့်ကိုကိုယ်ချစ်ဖို့မေ့နေလောက်အောင်အထိ
လူတစ်ယောက်ကိုချစ်ပေးဖူးပါတယ် ချစ်ပေးနိုင်ပါတယ်
ယုံကြည်မှုကိုဖြတ်စီးခံလိုက်ရတဲ့အခါ
ကိုယ်ဟာအဲ့လူဘဝထဲမှာယုံကြည်မှုနဲ့အတူ
သေသွားခဲ့ပြီပဲ
image
ချစ်တဲ့စိတ်ကြောင့်သာ အမှန်ကိုလက်မခံချင်ပေမဲ့
အမှန်တရားကအခိုင်အမာရှိနေနှင့်ပြီးသားမို့
အမြဲနာကျင်သူက ကိုယ်ပဲဖြစ်နေခဲ့တယ်

ယုံကြည်မှုအလွဲသုံးစားလုပ်သူနဲ့
ယုံကြည်မှုဖြတ်စီးခံရသူမှာ
ဖြတ်စီးလိုက်တာတော့တစ်ခါထဲပဲ
အဖြတ်ခံရသူကတော့ အခါခါနာကျင်ရတယ်

သံသယဝင်တော့သာဝင်တယ်ပြောတာ
သံသယဝင်ရသူမှာ သေမလောက်ပင်ပန်းတာသူတို့မသိဘူး

လူတစ်ယောက်ဆီကယုံကြည်မှုရဖို့
လပိုင်းလောက်နဲ့ရပေမဲ့
ပြတ်စီးသွားတဲ့ယုံကြည်မှုကိုပြန်တည်ဆောက်ဖို့ဆိုတာ
နှစ်ချီ ကြာနိုင်သလို တစ်သက်လုံးလဲဖြစ်နိုင်တယ်

ဒါကြောင့်
ယုံကြည်မှုကိုတန်ဖိုးထားပါ
တစ်ခါပဲရမှာမို့ပါ

လူယုံသတ်ရင်တစ်ခါပဲသေးတယ်
ယုံကြည်မှုသတ်ရင် အခါခါသေတယ်
image
🌼🌼pocker@pocker

Leave ယုံကြည်​မှု to:

Written by

Read more #artzone posts


Best Posts From pocker

We have not curated any of pocker's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From pocker