pocker avatar

ပြည်​သူ့ကျန်းမာ​ရေး

pocker

Published: 22 Apr 2018 › Updated: 22 Apr 2018ပြည်​သူ့ကျန်းမာ​ရေး

ပြည်​သူ့ကျန်းမာ​ရေး

image
အများပြည်​သူတို့၏ ကျန်းမာ​ရေးအတွက်​ကနဦးလိုအပ်​ချက်​မှာ စစ်​မှန်​​ကောင်းမွန်​​သော ​ဆေးဝါးများအလွယ်​တကူ ရရှိ​ရေးပင်​ဖြစ်​သည်​။ရောဂါကြီးသည်​၊ငယ်​သည်​ဖြစ်​​စေ ​ဆေးကူသမှုခံယူရာတွင်​ ​နေ့စဉ်​အားကိုးအားထားပြုရသည်​မှာ စစ်​မှန်​​သော​ဆေးဝါးများကို ဝယ်​ယူအသုံးပြုရန်​ဖြစ်​သည်​။
လက်​ရှိအ​နေအထားတွင်​ ​ဆေးကုသမှုခံယူကြ​သူများအ​နေဖြင့်​စစ်​မှန်​​သော ​ဆေးဝါးများကို ပြည်​သူ့​ဆေးရုံများတွင်​ အခမဲ့ရရှိနိုင်​​သော်​လည်း ပြင်​ပတွင်​​ဆေးကုသ​နေကြ​သူများတွင်​​တော့ ပြင်​ပ​ဆေးဆိုင်​များတွင်​ ​ဈေးကြီး​ပေး၍ ဝယ်​ယူ​​နေရသည်​။ဆရာဝန်​ညွှန်​ကြားမှုဖြင့်​ ပြင်​ပ​ဆေးဆိုင်​များတွင်​ ​ဆေးဝါးများဝယ်​ယူသုံးစွဲကြရာတွင်​ အရည်​အ​သွေးမပြည့်​​သော ​ဆေးဝါးများ၊မစစ်​မှန်​​သော ​ဆေးဝါးများနှင့်​ကြုံ​တွေ့ကြရာသူများရှိရာ ​ရောဂါဖြစ်​ပွား​နေမှုမသက်​သာပဲ ကျန်းမာ​ရေးထိခိုက်​မှုများကိုပါ ထိခိုက်​မှုဖြစ်​​စေနိုင်​ပါသည်​။
ကျန်းမာ​ရေးဆိုင်​ရာဝန်​ကြီးဌာနများကလည်း ​ဆေးရုံများကို အတတ်​နိုင်​ဆုံး ဖြည့်​ဆည်း​ဆောင်​ရွက်​​ပေး​နေသည်​ဟုဆိုနိုင်​ပါတယ်​။သို့​သော်​ အ​ကြောင်းတစ်​မျိုးမျိုး​ကြောင့်​ သက်​ဆိုင်​ရာ​ဆေးရုံများသို့ ​ဆေးဝါးများ အချိန်​မှီမ​ရောက်​ရှိနိုင်​ခြင်း၊​ဆေးဝါးများပြတ်​လပ်​ခြင်းစသည့်​တို့​ကြောင့်​ ​ဆေးဝါးများအခမဲ့​​ထောက်ပံ့​ပေးနိုင်​မှု မရှိသည့်​အခါလည်းရှိမည်​။
image
ဆေးကုသမှုခံယူ​နေကြ​သော ပြည်​သူုများအ​နေဖြင့်​ ​ဆေးရုံများတွင်​​ဆေးကုသမုခံယူကြရာ၌ လူနာများအတွက်​ ​ဆေးဝါးအခမဲ့ ​ပေး​ဝေသည်​ဟုဆို​သော်​လည်း လိုအပ်​ပါက ​ဆေးရုံ​အ​ထောက်​အကူပြု​ဆေးဆိုင်​များတွင်​လအရည်​​သွေးနှင့်​​ဈေးနှုန်းချိုသာ​သော ​ဆေးဝါးများဝယ်​ယူရရှိနိုင်​ပါသညိ။ငွေ​ကြေးမတတ်​နိုင်​​သောလူနာများအတွက်​ အခမဲ့​ထောက်​ပံ​ရေးကို အတတ်​နိုင်​ဆုံး စီမံ​ဆောင်​ရွက်​ရမည်ုဖြစ်​သည်​။
ပြည့်​သူ့ကျန်းမာ​ရေးမာ​ရေးမှာ နိုင်​ငံ​တော်​၏ဦးစား​ပေးလုပ်​ငန်းတစ်​ခုဖြစ်​၍ ကျန်းမာ​ရေးအသုံးစရိတ်​ရရှိမှုအ​ပေါ်မူတည်​ပီး အ​လေအလွင့်​နည်းပါး၍ ယခုထက်​ပိုမို​ကောင်းမွန်​​သော ​ဆေးဝါးဖြန်​ဖြူးးမှုစနစ်​ကို ပြုပြင်​​ပြောင်းလဲ​ဆောင်​ရွက်​ရမည်​ဖြစ်​သည်​။ငွေ​ကြေးမတတ်​နိုင်​​သော လူနာများအ​ရေးကို ​ရှေးရှုကြရ​ပေလိမ့်​မည်​။အခမဲ့သို့မဟုတ်​​ငွေ​ကြေးကုန်​ကျမှုနည်းနည်းဖြင့်​ ကူညီ​ဆောင်​ရွက်​​ပေးနိုင်​​အောင်​ ​ဆောင်​ရွက်​သင့်​​ပေသည်​။
သို့ဖြစ်​ရာပြည်​သူများကျန်းမာ​ရေးအတွက်​ ​ဆေးဝါးခံကုသမှုခံယူကြ​သော လူနာများအား​ဆေးဝါးဖြန့်​ဖြူး​ပေးရာတွင်​ လက်​ရှိ​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ပေး​နေ​သော စနစ်​ထက်​ ပိုမို​ကောင်းမွန်​​သော စနစ်​သို့​ပြု​ပြင်​​ပြောင်းလဲ​ဆောင်​ရွက်​ရမည်​ဖြစ်​သည်​။ပြည်​သူများဘက်​က ရည်​တည်​ပီးပိုမို​ကောင်းမွန်​​သော ကျန်းမာ​ရေးစနစ်​ဖြင့်​ပြည်​သူလူထုစိတ်​ချမ်းသာ​အောင်​၊​ကျေနပ်​နှစ်​သက်​​အောင်​ ကြိုးပမ်း​ဆောင်​ရွက်​ရင်း ပြည်​သူလူထု၏ကျန်းမာ​ရေးလိုအပ်​ချက်​များကို မြှင့်​တင်​​ဆောင်​ရွက်​​ပေးနိုင်​လိမ့်​မည်​ဟုယုံကြည်​ပါသည်​။ ။
image

Author # pocker@pocker

Leave ပြည်​သူ့ကျန်းမာ​ရေး to:

Written by

Read more #artzone posts


Best Posts From pocker

We have not curated any of pocker's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From pocker