pocker avatar

???

pocker

Published: 02 May 2018 › Updated: 02 May 2018???

???

????
×××××××××
ကျွန်တော် သိပ်ကြိုက်ခဲ့တာဗျ
လူလစ်ရင် လစ်သလို ခိုးခိုးနမ်းတယ်
အလုပ် လုပ်ရင်းလဲ
သတိရရင် ရသလိုနမ်းတယ်
လူကြီးတွေမမြင်အောင်
သိုသိုဝှက်ဝှက် နမ်းရတာ
ရစ်ရစ်မူးမူးပါပဲ
မိုးရွာရင် သူ့မျက်နှာ အရဲမပျောက်တော့ဘူး
ညဘက်အိပ်ချိန်ဆိုရင်
မအိပ်ခင် တစ်ချိန်လုံးနမ်းတယ်
တရေးနိုးတိုင်းနမ်းတယ်
အိပ်ရာထရင် သူ့ကိုအရင်နမ်းတယ်
ခရီးသွားရင်တော့ မနမ်းဖြစ်ဘူး
နမ်းချင်စိတ်လဲမရှိဘူး
ကားပေါ်မှာဆိုတော့
ဘေးက ခရီးသည်တွေအားနာတယ်လေ
တချို့အလိုက်မသိနမ်းသူတွေကြောင့်
စိတ်အနှောက်အယှက်ဖြစ်ရတာလဲခဏခဏ
အဲဒါကြောင့်
တနေ့တော့ သူ့ကို အဆက်ဖြတ်ဖို့
ဆုံးဖြတ်ချက်ချလိုက်တယ်
သူ့ကို လှည့်မကြည့်တော့ဘူး
သူငယ်ချင်းတွေကတောင်
တအံ့တသြမေးကြရတဲ့အထိ
ပြတ်သားလှချည်လားတဲ့
ရင်ထဲမှာတော့ ဘယ်မေ့နိုင်ပါ့မလဲ
ဒီလောက်စွဲလမ်းခဲ့တာ
အိပ်မက်ထဲမှာ ခဏခဏနမ်းဖြစ်တယ်
နမ်းမိတိုင်းလဲ လန့်လန့်နိုးတယ်ဗျာ
အဲလောက်ကြိုက်ခဲ့တာ
ခုဆိုရင် သူနဲ့လမ်းခွဲခဲ့တာ ၁၀နှစ်ကျော်ခဲ့ပြီလေ
တစ်ခါတစ်ရံအိပ်မက်တွေမှာ
သူရောက်ရောက်လာတယ်
အိပ်မက်ထဲမှာခဏခဏနမ်းဖြစ်ပေမယ့်
အပြင်ဘက်မှာ ကျွန်တော် ဆေးလိပ်မသောက်တော့တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။
image
Credit###ကိုနိုင်

Leave ??? to:

Written by

Read more #esteem posts


Best Posts From pocker

We have not curated any of pocker's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From pocker