
ဝတ္ထု ဖတ်ကြသေးသလား
ဝေါလ်စထရိ ဂျာနယ်မှာ ဖတ်မိတဲ့ ဆောင်းပါးတစ်ပုဒ်က read more fiction တဲ့
ဝတ္ထု များများ ဖတ်ပါတဲ့။
Fiction ကို ဝတ္ထုလို့ပဲ ဘာသာပြန်ရမလိုပါပဲ
စိတ်ကူးယဉ်ပြီး ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်တွေနဲ့ ရေးသားတဲ့ novel တို့၊ short story တို့လို့ အရာတွေကို fiction ခေါ်တယ် ထင်ပါတယ်။
Non-fiction ဆိုတာကတော့ သုတစာပေတွေ၊ တက်ကျမ်းတွေ၊ သတင်းအချက်အလက်တွေ၊ လမ်းညွှန်ချက်တွေ၊ ဆောင်းပါးတွေ အားလုံးကို ခေါ်တယ် ထင်ပါတယ်။
ဝေါလ်စထရိ က ဆောင်းပါးက များများဖတ်ခိုင်းတာကတော့ novel တွေ ဖြစ်မယ်ထင်ပါတယ်။
အမှန်အတိုင်း ဝန်ခံရရင် ကိုယ်တွေလည်း ဝတ္ထု စာအုပ် မဖတ်ဖြစ်တာ နှစ်အတန်ကြာပြီ။
အတန်မဟုတ်ပါဘူး အတော်ကိုကြာပါပြီ။
YouTube ကနေ သတင်းတွေကြည့်တာ online ပေါ်က ဆောင်းပါးတွေ ဖတ်တာလောက်ပဲ ရှိတော့တယ်။
Novel ဆိုတဲ့ ဝတ္ထုဖတ်ဖို့ အချိန်မပေးချင်ဘူး။ တခြားအရာတွေကို ပိုစိတ်ဝင်စားနေတာလေ။
တချို့တွေက ပြောကြတယ်။ လူတွေက ဝတ္ထုတွေ မဖတ်တော့လို့ အကြင်နာတရားတို့ စာနာစိတ်တို့ ကင်းမဲ့လာတယ်တဲ့။
ဟုတ်ချင်လည်း ဟုတ်သလို မဟုတ်ချင်လည်း မဟုတ်နိုင်ပါဘူး။
သူထင်တာ သူပြောတာပေါ့လေ။
ကျွန်တော်ကတော့ ဝတ္ထုကို ဖတ်ရမှာကို အချိန်မပေးချင်တာဆိုတော့ သူတို့ပြောသလိုဆို ကျွန်တော်လည်း စာနာစိတ်တွေ ကင်းမဲ့နေပလားမသိ။
မတတ်နိုင်ဘူးလေ။ ကိုယ်မဖတ်ချင်တာကြီးကို အတင်းအကျပ် ဖတ်နေလည်း ဘာမှ ရမှာ မဟုတ်ဘူး။
ဝေါလ်စထရိ ဂျာနယ်က ဆောင်းပါးရှင် ပြောတဲ့ ဝတ္ထုရေးဆရာ နာမည်တွေကိုလည်း အမှန်အတိုင်းပြောရရင် ခုမှ ကြားဖူးတာ။
စာအုပ်ကို ဖတ်ဖူးဖို့ဝေးလို့။
ကိုယ်မဖတ်ပေမယ့် ဖတ်ချင်တဲ့သူ ဝါသနာပါတဲ့သူကတော့ ရှိမှာပါလေ။
လူတကိုယ် အကြိုက်တမျိုး မဟုတ်လား။
ဒီအပတ်တော့ https://thecornermm.com/v13_feature-2/
စာဖတ်ဝါသနာ ပါသူတို့အကြိုက် စာဖတ်ခြင်းကြောင်း ဆောင်းပါးတွေ စုစည်းထားပါတယ်။
ဝင်ရောက်ဖတ်ရှု အားပေးသွားပါဦး
လိပ်စာက https://thecornermm.com/v13_feature-2/
Leave ဝတ္ထု ဖတ်ကြသေးသလား to:
Read more #phyowinkoko posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.