phyowinkoko7 avatar

ကော်ဖီဖြတ်တဲ့ နီလာ

phyowinkoko7

Published: 12 Oct 2025 › Updated: 12 Oct 2025ကော်ဖီဖြတ်တဲ့ နီလာ

ကော်ဖီဖြတ်တဲ့ နီလာ

နီလာနဲ့ သီတာက စားသောက်ဆိုင်လာထိုင်တယ်

သီတာက နီလာကို ကော်ဖီသောက်မလား မေးတယ်။

Nila, would you like a cup of coffee?

နီလာ ကော်ဖီ သောက်မလား လို့ မေးတယ်

ဒီတော့ နီလာက ကော်ဖီ‌ ဖြတ်ထားတော့

I quit cold turkey.

(ကြက်ဆင် အေးကြီး ဖြတ်ထားတယ်) ကော်ဖီဖြတ်ထားတယ် လို့ပြောလိုက်တယ်။

ဒီတော့ သီတာက နားမလည်ဘဲ I am not asking you to have cold turkey. It is just coffee.

ကြက်ဆင်ကျွေးတာ မဟုတ်ပါဘူးဟဲ့ ကော်ဖီတိုက်တာပါ

ဒီတော့ နီလာက သီတာ သူမစကား နားမလည်မှန်း သိသွားသဖြင့်

No, no. I mean I quit drinking coffee suddenly and completely.

မဟုတ်ဘူး quit cold turkey ဆိုတာ စွဲနေတဲ့ အရာတခုကို ချက်ချင်း အပြတ်ဖြတ်တာကို ပြောတာဟဲ့ လို့ ရှင်းပြလိုက်ပါတယ်

ငါ ရင်တုန်ရောဂါ ရလာလို့ ကော်ဖီကို ချက်ချင်း ယတိပြတ် ဖြတ်လိုက်တာ။

ဪ ဟုတ်လား ဒါဆို အအေးပဲသောက်ပေါ့

If so, have some juice instead. လို့ ပြောလိုက်တယ်။

ဒီအချိန်မှာ သူတို့ စားသောက်ဆိုင် နံဘေးက ကြည်ပြာ ဖြတ်သွားတာကို သီတာက တွေ့လိုက်ပြီး လှမ်းအော်ခေါ်လိုက်တယ်

Hi Kyi Pyar, how is it going? ဟေ့ ကြည်ပြာ ဘယ်လိုလဲ ဘယ်သွားမလို့လဲ လို့ မေးလိုက်တယ်

ဒီအခါ ကြည်ပြာက မမြင်ချင်ယောင်ဆောင်ပြီး ရှေ့ဆက်လျှောက်သွားတယ်

ဒီတော့ သီတာက

Kyi Pyar did not say hi to me and pretended she did not see us.

ကြည်ပြာက ငါ့ကိုလည်း ပြန်မနှုတ်ဆက်ဘူး မမြင်ချင်ယောင်ဆောင်သွားတယ် လို့ သီတာက နီလာကို ပြောလိုက်တယ်

ဒီတော့ နီလာက Kyi Pyar gave me a cold shoulder this morning too when we met at the marketplace.

မနက်က ငါနဲ့သူ ဈေးမှာ တွေ့တုန်းကလည်း ငါ့ကို (အေးတဲ့ ပုခုံးကြီး ပေးသွားတယ်) ရင်းရင်းနှီးနှီး မဆက်ဆံဘဲ မသိသလို လုပ်သွားတယ် လို့ပြောပါတယ်။

ဒီတော့ သီတာက What is cold shoulder? Cold shoulder ဆိုတာ ဘာကိုပြောတာလဲလို့ မေးလိုက်တယ်

နီလာက to be intentionally unfriendly to တမင်ရည်ရွယ်ချက်နဲ့ ရင်းရင်းနှီးနှီး မဆက်ဆံတာကို ပြောတာပါလို့ ဖြေပါတယ်

အဲဒီမှာ သီတာနဲ့ နီလာ စကားလက်ဆုံကျနေရင်း သီတာက ဆက်မေးပြန်တယ်

How about your job interview tomorrow? Have you prepared for it well?

မနက်ဖြန် နင် အလုပ် အင်တာဗျူး သွားဖြေရမှာမလား သေချာပြင်ဆင်ထားရဲ့လား လို့မေးလိုက်တယ်။

ဒီတော့ နီလာက I think I have a cold feet about it. ငါ အဲဒါနဲ့ ပတ်သက်လို့ ခြေဖျားလက်ဖျားတွေ အေးနေတာလို့ ပြောလိုက်တယ်။

ဒီတော့ သီတာက I have a pair of gloves and socks. Would you like to wear them?

ငါ့မှာ ခြေအိတ်လက်အိတ်တွေ ရှိတယ် ယူသွားမလားလို့ မေးတယ်။

ဒီတော့ နီလာက to have a cold feet about ဆိုတာ to be nervous about ကြောက်နေတာ စိုးရိမ်နေတာကို ဆိုလိုကြောင်း ရှင်းပြလိုက်တယ်။

I quit smoking cold turkey. ဆိုတာ

ဆေးလိပ်ကို တိခနဲ ဖြတ်လိုက်တာ

I quit using drugs cold turkey.

ဆေးကို (ဖြည်းဖြည်းချင်း‌‌ လျှော့ကာ ဖြတ်ခြင်း မဟုတ်ဘဲ) တိခနဲ ဖြတ်တာ

When I tried to join their conversation, they all gave me a cold shoulder.

သူတို့ စကားဝိုင်းထဲ ငါ ဝင်ရောတော့ သူတို့ အားလုံးက အဖက်မလုပ်ကြပေ

When I was passing by the graveyard, I got cold feet.

သုဿန် ဘေးနားက ဖြတ်သွားတော့ ငါ ခြေတွေလက်တွေ အေးလာတယ် (ကြောက်လာတယ်)

Leave ကော်ဖီဖြတ်တဲ့ နီလာ to:

Written by

Read more #phyowinkoko posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7