phyowinkoko7 avatar

ဘောင်းဘီ အသစ်နဲ့ ကိုကို

phyowinkoko7

Published: 10 Oct 2025 › Updated: 10 Oct 2025ဘောင်းဘီ အသစ်နဲ့ ကိုကို

ဘောင်းဘီ အသစ်နဲ့ ကိုကို

ကိုကိုနဲ့ ညီညီတို့ နှစ်ယောက် လဖက်ရည်ဆိုင် သွားထိုင်ဖို့ ပြင်နေတယ်။

ညီညီက အဆင်သင့်ဖြစ်နေရာ

Please hurry up or all tables may be taken.

မြန်မြန်လုပ်၊ မဟုတ်ရင် စားပွဲလွတ် ကျန်မှာမဟုတ်ဘူး

ကိုကိုက အကျီကောက်စွပ်ကာ တနေ့က ဝယ်လာတဲ့ ဘောင်းဘီကို အလျင်စလို ဝတ်လိုက်တယ်။

အိမ်က ထွက်မယ်လုပ်တော့ ညီညီက ကိုကို ဘောင်းဘီ ဇစ်မဆွဲရသေးတာ ကြည့်ပြီး

Ko Ko, your thing is open. I mean your trouser’s mouth is open.

ကိုကို ဘောင်းဘီ အဝက ပွင့်နေတယ်လို့ မပြောတတ် တပြောတတ်နဲ့ ပြောလိုက်တယ်။

ကိုကိုက အောက်ငုံ့ကြည်ရာ ဘောင်းဘီ ဇစ်မဆွဲရသေးတာ တွေ့သွားတယ်။

You mean the fly is down. ဪ ဘောင်းဘီ ဇစ်မဆွဲရသေးတာကို ပြောတာလားဆိုပြီး ဇစ်ပြန်ဆွဲတင်လိုက်တယ်။

ကိုကိုက သွားမယ်လုပ်တော့ ညီညီက ထပ်ပြောတယ်။

Ko Ko, you also forgot to remove the store thing on your trouser.

ကိုကို ဘောင်းဘီက ဆိုင်က ပါလာတာ မဖြုတ်ရသေးဘူး။

What store thing? ဆိုင်က ဘာပါလာလို့လဲ ဆိုပြီး ငုံ့ကြည့်ပြန်ရာ ဈေးနှုန်းရေးတဲ့ ကတ်ထူကို မဖြုတ်ရသေးတာ တွေ့သွားတယ်။

You mean price tag? ဈေးနှုန်းရေးတဲ့ ကတ်ထူကို ပြောတာလားလို့ မေးလိုက်တယ်။

ဒီတော့မှ ညီညီက ဈေးနှုန်းတပ်တဲ့ ကတ်ထူကို price tag လို့ ခေါ်မှန်း သိသွားပါတယ်။

Ko Ko removed the price tag from his new trouser and threw it into the garbage can.

ကိုကိုလည်း သူ့ဘောင်းဘီအသစ်က ဈေးနှုန်းတပ်တဲ့ ကတ်ထူကို ဆွဲဖြုတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။

ညီညီလည်း ဘောင်းဘီဂွနားက အပိတ်အဖွင့် လုပ်ရတဲ့ ဇစ်တို့ ကြယ်သီးတို့ကို fly လို့ ခေါ်ကြောင်း

ဈေးနှုန်းတပ်တဲ့ ကတ်ထူကို price tag လို့ခေါ်ကြောင်း ဗဟုသုတ ရရှိသွားပါတော့တယ်။

ထိုသို့ဖြင့် ညီအစ်ကို နှစ်ယောက် ဆိုင်ကယ်ပေါ် တက်ခွပြီး လဖက်ရည်ဆိုင်ကို တန်းမောင်းသွားပါတယ်။

Leave ဘောင်းဘီ အသစ်နဲ့ ကိုကို to:

Written by

Read more #phyowinkoko posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7