phyowinkoko7 avatar

ဆံပင် အမြန် ရှည်ချင်တဲ့ မီးမီး

phyowinkoko7

Published: 09 Oct 2025 › Updated: 09 Oct 2025ဆံပင် အမြန် ရှည်ချင်တဲ့ မီးမီး

ဆံပင် အမြန် ရှည်ချင်တဲ့ မီးမီး

တစ်နေ့မှာ မီးမီးက ဆံပင်သွားညှပ်ပါတယ်။

ဆံပင်ညှပ်ဆရာက မီးမီးကို ယောက်ကျားလေးတွေလို ဘိုကေ ညှပ်ပေးလိုက်တယ်။

အိမ်ပြန်ရောက်တော့ မီးမီးက မှန်ကြည့်ပြီး စိတ်ပျက်သွားတယ်။

ဒီအချိန်မှာ မေမေ ရောက်လာတော့ မီးမီးက

Mom, I am very ugly with this hairstyle.

မေမေ သမီး ဒီဆံပင်ပုံစံနဲ့ အရမ်း အရုပ်ဆိုးတယ်။

It is like a boy. I wish it would grow up fast.

ယောက်ကျားလေးနဲ့ တူနေပြီ။ ဆံပင်က မြန်မြန်ကြီးလာရင် ကောင်းမှာပဲ။

ဒီတော့ မေမေက Hair does not grow up. It just grows, Mee Mee.

ဆံပင်ရှည်လာတာကို ပြောချင်ရင် grow ပဲ ပြောရကြောင်း နောက်က up မလိုကြောင်း မေမေက မီးမီးကို သင်ပေးလိုက်တယ်။

ခဏနေတော့ မီးမီးက သူစိုက်ထားတဲ့ kiss me quick ပန်းအိုးလေးကို သယ်လာပြီး

Mommy, my plant is not growing up. I think it is dying.

မေမေ သမီးရဲ့ ပန်းပင်ကလည်း ကြီးမလာဘူး။ သေတော့မယ် ထင်တယ်လို့ ပြောလိုက်တယ်။

ဒီတော့ မေမေက You should say your plant is not growing. You should not say your plant is not growing up.

သမီး အပင် ကြီးလာတာကို ပြောချင်ရင် grow ပဲ ပြောရကြောင်း grow up လို့ ပြောစရာ မလိုကြောင်း သင်ပေးလိုက်ပြန်ပါတယ်။

နောက်တစ်နေ့မှာတော့ မီးမီးက ကျောင်းမှာ သူငယ်ချင်း အသစ် နီလာနဲ့ ခင်မင်မှု တိုးတက်မလာတာကို ပြောချင်သဖြင့်

Mommy, my relationship with Nila does not grow up though I make friends with her. လို့ ပြောလိုက်တယ်။

ဒီတော့ မေမေက You should not say relationship does not grow up. You should just say it does not grow.

ဆက်ဆံရေးတွေ ရှင်သန်ကြီးထွားလာတာကို ပြောချင်ရင်လည်း grow ပဲ ပြောရကြောင်း နောက်က up မလိုကြောင်း သင်ပေးလိုက်ပြန်ပါတယ်။

ဒီတော့ မီးမီးက ဘယ်အချိန် grow up ပြောပြီး ဘယ်အချိန်မှာ grow ပဲ သုံးရမလဲလို့ မေမေ့ကို မေးပါတော့တယ်။

ဒီတော့ မေမေက လူတွေ အရွယ်ရောက်လာတာကိုပဲ grow up သုံးပြီး ကျန်တာအာလုံးမှာ up မလိုကြောင်း မှတ်ထားရန် မီးမီးကို ဖော်မြူလာ ထုတ်ပေးလိုက်ပါသတည်း

I have grown up. ဆိုရင် I have become an adult. လို့ ဆိုလိုပါတယ်။

ဥပမာ

Kids will never grow up if they live with grandparents.

အဖိုးအဖွားတွေနဲ့ နေရင် ကလေးတွေ ဘယ်တော့မှ ရင့်ကျက်မလာဘူး (လူကြီး ဖြစ်မလာဘူး)

ကျန်တာတွေ အာလုံး ရှင်သန်ကြီးထွားလာတယ် ပြောချင်ရင်တော့ grow ပဲ ပြောရင် ရပါတယ်။

ဆံပင် ရှည်လာတာ။ ပန်းပင် ကြီးထွားလာတာ။ ဆက်ဆံရေးတွေ ဖွံ့ဖြိုးတိုးတက်လာတာဆို grow ပဲ ရပါပြီ up မလိုပါဘူးနော်။

My hair has grown too long.

The watermelon has grown too big. စသဖြင့်ပေါ့

စာဖတ်သူ အားပေးသူ အားလုံး ဘေးရန်ကင်းရှင်းကြပါစေ။

phyowinkoko7@phyowinkoko7

Leave ဆံပင် အမြန် ရှည်ချင်တဲ့ မီးမီး to:

Written by

Read more #phyowinkoko posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7