
အမှားလုပ်မိတဲ့ ကိုကို
ကိုကိုက ကွန်ပျူတာရှေ့မှာ ထိုင်ရင်း အလုပ်တွေ ရှုပ်နေတယ်။
ဒီအချိန်မှာ အောင်အောင် ရောက်လာပြီး
Ko Ko, have you sent the email of updated sales data to your boss?
ကိုကို မင်း သူဌေးကို အသစ်ပြန်ရေးထားတဲ့ အရောင်းစာရင်း ပို့ပြီးပြီလား မေးလိုက်တယ်။
ဒီတော့ ကိုကိုက သူ ပို့ဖို့မေ့နေတာ သတိရသွားတယ်။ အချိန်ကလည်း နောက်ကျနေပြီဖြစ်တော့
ကိုကိုက ကွန်ပျူတာထဲ အမြန်ရှာပြီး ပို့လိုက်တယ်။
A notification has popped up on his computer saying the email has been sent.
ချွင် ခနဲ အီးမေးလ် ပို့ပြီးကြောင်း ကွန်ပျူတာမှာ နိုတီတက်လာတယ်။
Ko Ko felt relieved and opened the notification to see the sent email.
ကိုကိုက စိတ်သက်သာရာရသွားပြီး ပို့ပြီးသွားတဲ့ အီးမေးလ်ကို ပြန်ဖွင့်ကြည့်လိုက်တယ်။
Oh my, I just screwed it up. That is the outdated sales data that I sent.
သွားပါပြီ။ မှားသွားပြီ ငါပို့လိုက်တာ အရောင်းစာရင်း အဟောင်းကြီးဟ။
ဒီမှာ screwed up ရဲ့ အဓိပ္ပါယ်က အမှားလုပ်မိတယ်။ made a mistake ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။
ဥပမာ ဝါကျတွေကတော့
Nila screwed up her chemistry exam.
နီလာက ဓါတုဗေဒ စာမေးပွဲမှာ ဖြေထားတာ အမှားတွေချည်းပဲ
When the teacher asked students to write an essay, Mee Mee screwed it all up.
Her essay has too many grammatical errors.
ဆရာမက တပည့်တွေကို အက်ဆေးတစ်ပုဒ် ရေးခိုင်းတဲ့အခါ မီးမီးက အကုန် အမှားတွေချည်းပဲ ရေးမိတယ်။ သူမရဲ့ အက်ဆေးမှာ သဒ္ဒါအမှားတွေ အများကြီး ပါနေတယ်။
Screw up မှာ အမှားလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်အပြင် နောက်အဓိပ္ပါယ် တစ်ခု ရှိသေးတယ်။
အဲဒါကတော့ to have emotional or psychological problems.
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့ ဆိုလိုပါတယ်။
Aung Aung has been really screwed up since his mother died.
သူအမေ သေဆုံးပြီးကတည်းက အောင်အောင်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတယ်။
ဖတ်ရှုသူ အားပေးသူ အားလုံး
ကျန်းမာ ချမ်းသာကြပါစေ။
Leave အမှားလုပ်မိတဲ့ ကိုကို to:
Read more #phyowinkoko posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.