phyowinkoko7 avatar

မီးခြစ် သူဌေး

phyowinkoko7

Published: 02 Oct 2025 › Updated: 02 Oct 2025မီးခြစ် သူဌေး

မီးခြစ် သူဌေး

ကျွန်တော်က ဆေးလိပ်သောက်တတ်တယ်။ ကော်ဖီတစ်ခွက်နဲ့ ဆေးလိပ်နဲ့ စမတ်ဖုန်းနဲ့ အချိန်ဖြုန်းရတာ နှစ်သက်တယ်။

ဘယ်လောက်သောက်လဲ အိမ်မှာရှိတဲ့ မီးခြစ် အဟောင်းများကို ကြည့်ပါလေ။

ပုံ

Image 2

မီးခြစ်တွေက ဂတ်စ်ကုန်နေတဲ့ မီးခြစ်တွေပါ။ ဂတ်စ်ဖြည့်လို့ ရတယ်ဆိုလို့ မလွှင့်ပစ်ဘဲ သိမ်းထားတာ ဖြစ်တယ်။

ဂတ်စ်ဖြည့်ချင်ရင် လှိုင်ဈေးကြီးမှာ ဂတ်စ်ဖြည့်တဲ့ ကုလားကြီးတစ်ယောက် ရှိတယ်။

ဂတ်စ်မီးခြစ် အသေးဖြည့်ရင် ၅၀၀ ကျပ် အကြီးဖြည့်ရင် ၈၀၀ ကျပ် ပေးရပါတယ်။

ဂတ်စ်ပြန်မဖြည့်ဘဲ အသစ်တစ်လုံး ဝယ်ရင်တော့ ဂတ်စ်မီးခြစ် အသေးဆိုရင် တရုတ်ဖြစ်က ၅၀၀ ကျပ်၊ ယိုးဒယားဖြစ်က ၇၀၀ ကျပ် ပေးရတယ်။

တရုတ်ဖြစ်ကတော့ မဝယ်တာ ကောင်းပါတယ်။ သူက ခြစ်လိုက်ရင် မီးတောက်က အကြီးကြီး ထွက်နေတယ်။

မီးတောက်ကို လျှော့ချင်ရင်လည်း လျှော့လို့မရပေ။ ခလုတ်က ဆွဲလျှော့လိုက်လည်း အံချော်နေတတ်ပါတယ်။

အဲတော့ ယိုးဒယားဖြစ် ၇၀၀ ကျပ်တန်ပဲ ဝယ်ရပါတယ်။ ဂတ်စ်ကို တစ်ခါနှစ်ခါ သွားဖြည့်ဖူးပေမယ့် လှိုင်ဈေးကြီးက မိနစ် ၂၀ လောက် လမ်းလျှောက်သွားရပါတယ်။

ဒီတော့ အိမ်မှာ ဂတ်စ်ကုန်နေတဲ့ မီးခြစ်တွေ ပုံနေတာပေါ့

ဂတ်စ်ဖြည့်တဲ့ ကုလားကြီးက ဂတ်စ်မီးဖိုမှာ သုံးတဲ့ ဂတ်စ်ဘူးနဲ့ပဲ ဖြည့်တာပါပဲ

အိမ်မှာလည်း အဲဒီ ဂတ်စ်ဘူး ရှိပါတယ်။

Image 1

ဒါပေမယ့် ကိုယ့်ဘာသာ မဖြည့်တတ်ပါ။ ပေါက်ကွဲမှာ စိုးသောကြောင့် ဖြစ်ပါတယ်။ မဖြည့်လည်း မဖြည့်ရဲဘူး။

ဂတ်စ် ဖြည့်နည်းကို YouTube ပေါ်မှာ ရှာကြည့်တဲ့အခါ သူတို့က nozzle ခေါင်းလေးတစ်ခု သုံးတာ တွေ့ရတယ်။

အဲဒီခေါင်းကတော့ အိမ်မှာ မရှိပါ။ သူငယ်ချင်းတို့ထဲမှာ ဂတ်စ်မီးခြစ် ဂတ်စ်ဖြည့်တတ်သူရှိရင် နည်းလမ်းလေး ပေးကြပါဦးဗျာ။

မီးခြစ်ဖိုးကလည်း ကုန်တယ်ဗျ။ ဘယ်လောက်မှ မဟုတ်ပေမယ့် ခဏခဏ ဝယ်နေရတယ်။

စုထားတဲ့ မီးခြစ်အခွံတွေနဲ့ post တစ်ခုတော့ ရပါပြီ။ ဗုတ် လာပေးသူကို စောင့်ဖို့ပဲ ကျန်တော့တယ်။

တာ့တာ။

Leave မီးခြစ် သူဌေး to:

Written by

Read more #lighter posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7