phyowinkoko7 avatar

Me too ချည်း ပြောမနေနဲ့

phyowinkoko7

Published: 11 Oct 2025 › Updated: 11 Oct 2025Me too ချည်း ပြောမနေနဲ့

Me too ချည်း ပြောမနေနဲ့

မောင်မောင်က မီးမီးကို ပြောတယ်

I want to watch a cartoon movie instead of doing homework tonight.

ဒီည အိမ်စာ မလုပ်ဘဲ ကာတွန်းကားပဲ ထိုင်ကြည့်ချင်တယ်

ထိုအခါ မီးမီးက

Me too. ငါလည်း အဲလိုပဲလို့ ပြောလိုက်တယ်

ထိုအခါ မောင်မောင်က

My homework is too much. It can take about two hours.

ငါ့အိမ်စာက အများကြီးပဲ ပြီးအောင်လုပ်ရင် နှစ်နာရီလောက် ကြာမှာ

ဒီအခါ မီးမီးက သူ့ အိမ်စာကလည်း များသဖြင့်

Me too ငါ့အိမ်စာလည်း များတယ် နှစ်နာရီလောက် ကြာမယ်လို့ ပြောပြန်တယ်

ထိုအခါ မောင်မောင်က

I will watch the cartoon movie first and then do the homework and go to bed late.

ကာတွန်းကား အရင်ကြည့်ပြီး အိမ်စာ လုပ်ပြီး ညနက်မှ အိပ်ယာဝင်မယ်။

ဒီအခါမှာလည်း မီးမီးက

Me too. သူလည်း အဲလိုပဲ လုပ်မယ်လို့ ပြောပြန်တယ်

Me too တွေ သုံးခါထပ်နေသော မီးမီးကို မောင်မောင်က ကြည့်မရတော့သဖြင့်

မီးမီး နင် ဒီ Me too တလုံးတည်းပဲ ပြောတတ်လား

နောက်တခါ ပြောရင်

So do I.

Likewise.

Ditto တို့ ထည့်ပြောလို့ရတယ်။

ဥပမာ နင်လည်း ကာတွန်းကြည့်ချင်နေရင်

So do I. ပြောလို့လည်း ရတယ်။

နင့်အိမ်စာကလည်း များနေရင်

Likewise လို့ အထာကျကျ ပြောလို့ရတယ်။

နင်လည်း ညနက်မှ အိပ်မယ်ဆို

Ditto လို့ သုံးလည်း ရတယ်။

Person A - I like bananas.

Person B - So do I.

Person A - I have a younger sister and a younger brother.

Person B - Likewise.

Person A - I like winter. Winter is my favourite season.

Person B - Ditto

စသဖြင့် Affirmative sentence တွေကို ကိုယ်လည်း ထောက်ခံတယ် ကိုယ်လည်း ဒီလိုပဲလို့ ပြောချင်ရင် Me too အစား ဒါတွေကို အလျင်းသင့်သလို ပြောင်းလဲသုံးနိုင်တယ်။

ဖတ်ရှုသူ အာလုံးကို ကျေးဇူးတင်လျှက်

phyowinkoko7@phyowinkoko7

Leave Me too ချည်း ပြောမနေနဲ့ to:

Written by

Read more #phyowinkoko posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7