သတင်းအမှားတွေများလာတယ်
https://pixabay.com/illustrations/woman-burnout-multitasking-face-1733891/
သတင်းအမှားတွေကို ပေးပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို ယူတဲ့ သတင်းချန်နယ်တွေ တွေ့ရတာများလာတယ် တစ်ချို့ သတင်းချန်နယ်တွေဆိုရင် မတော်တဆ မှားယွင်းတာ မဟုတ်ပါဘဲ တမင်သက်သက်ကို ထင်ယောင်ထင်မှား ခေါင်းစဉ်တွေနဲ့ သတင်းတင်လာတာတွေ မြင်ရပါတယ် လူစိတ်ဝင်စားစေနိုင်တဲ့ခေါင်းစဉ်တပ်ပြီး သတင်းတင်တော့ အများနည်းတူ လူတွေက ချက်ချင်း စိတ်ဝင်စားကြပါတယ် ဝင်ကြည့်ကြတယ် ကြည့်တဲ့သူအရေအတွက်များတာကိုတွေ့ရနိုင်ပါတယ် သတင်းရဲ့ အမှားအမှန်ကို ချင့်ချိန်နိုင်သူ နည်းပါးတာကို အခွင့်အရေးတစ်ခုလို အသုံးချနေတာတွေ့ရပါလိမ့်မယ်
အမှားတစ်ခုက လူအများလက်ခံတယ်ဆိုရင် အမှန်လို့ လူတွေက ယူဆလာတက်ပါတယ်
ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းတွေက လူတွေကို ဆိုးကျိုးများစွာပေးနိုင်ပါတယ်
အခုလို ရောဂါတွေ ဖြစ်နေတဲ့အချိန်မှာ ဘယ်လိုအရာကတော့ ရောဂါကို ကာကွယ်နိုင်တယ် ရောဂါမဖြစ်စေဘူး ရောဂါပျောက်စေနိုင်တယ်ဆိုပြီး လူတွေက ဆေးနည်းလမ်းတွေ ပြောလာကြပါတယ် တကယ်ပျောက်ကင်းတယ်လို့တော့ အာမခံထားတာမရှိသလို စမ်းသပ် သုတေသန လုပ်ထားတာလည်း မရှိတာ တွေ့ရမှာပါ တကယ်ရောဂါဖြစ်သူက ယုံမှတ်ပြီး လိုက်ပါ လုပ်ဆောင်ရင်း ရောဂါပျောက်ကင်းသွားတယ် သက်သာသွားတယ်ဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့် နည်းလမ်းအမှားတွေကို လုပ်ဆောင်ရင်း အသက်တွေ ဆုံးရှုံးသွားရင်တော့ အင်မတန်ကို ဝမ်းနည်းဖွယ် ကောင်းပါလိမ့်မယ်
အဲ့သလိုတွေမဖြစ်အောင် တရားဝင်သတင်းချန်နယ်တွေကိုသာ ကြည့်ရှု သင့်ပါတယ်
သတင်းအမှားတွေထုတ်လွင့်တက်တဲ့ချန်နယ်တွေကို မကြည့်ရှုသင့်ပါဘူး
ရောဂါဖြစ်လာတဲ့အခါတွေမှာလည်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တရားဝင် လမ်းညွှန်မှုတွေကိုသာ လိုက်နာသင့်ပါတယ်
နားမလည်လို့ လုပ်မိတာမှန်သော်လည်း အမှားလုပ်မိရင်တော့ အသက်ပါ ဆုံးရှုံးနိုင်ပါတယ်
ကိုဘစ်၁၉ ပိုးကို သက်နိုင်တဲ့ဆေးက မရှိသလောက်ကို ရှားပါတယ် ဘယ်အရာကမှ သေအောင် မသက်နိုင်ပါဘူး ကာကွယ်ဆေးတွေကလည်း ရာနုန်းပြည့် အာမခံနိုင်တာမဟုတ်သေးပါဘူး
လူတွေနဲ့ ကင်းအောင်နေပြီး ရောဂါမဖြစ်အောင် ဂရုစိုက်နေထိုင်ခြင်းကသာ အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါတယ်
@nightgirl
Leave သတင်းအမှားတွေများလာတယ် to:
Read more #ecency posts
Best Posts From nightgirl
We have not curated any of nightgirl's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.