nightgirl avatar

ချစ်သူသိစေချင်တယ်

nightgirl

Published: 03 Sept 2021 › Updated: 03 Sept 2021ချစ်သူသိစေချင်တယ်

ချစ်သူသိစေချင်တယ်

write_4564247_640.jpg
link
ချစ်သူရေ မင်းသိဖို့အတွက် စာလေးတွေ ရေးထားတယ် တစ်ချိန်မှာ မင်းဖတ်မိတဲ့အခါ အမှတ်တရလေးဖြစ်စေချင်တယ်လေ
ဂရုစိုက်မှုလေးတွေကို လိုချင်မိတယ်ကွယ် ဖုန်းမဆက်ဘဲနေတာ အချိန်ကြာလာရင် စိတ်ထဲ မကောင်းဘူးကွာ ဖုန်းဆက်ပါ မကြာခဏနော်
ဖုန်းမဆက်ဘဲ အကြာကြီး ပစ်မထားလိုက်ပါနဲ့ချစ်သူရေ နင့်ရဲ့ အသံလေးကို အမြဲကြားနေချင်တယ် လူချင်းမတွေ့ရရင်တောင် အသံလေး ကြားရရင်ဘဲ ကျေနပ်ပါပြီနော်
အလွမ်းတွေကို ဝေဒနာမဖြစ်စေချင်ဘူးလေ အသံလေးတော့ ကြားပါရစေ ဖုန်းဆက်ပါချစ်သူရေ
အရမ်းလွမ်းတယ် ချစ်သူ လွမ်းလို့သာ သေရမယ်ဆိုရင်လေ ငါသေသွားနိုင်တယ်သိလား
တကယ်တော့ ပြန်တွေးကြည့်ရင် ကိုယ့်လုပ်ရပ်တွေက ရယ်စရာကောင်းနေတယ်နော်
ချစ်သူသိပါစေဆိုပြီး စကားလုံးတွေကို ချရေးနေမိတယ်
သူက ဘယ်လိုသိနိုင်မှာတဲ့လဲ နောင်တစ်ချိန်ဆိုတာကလည်း စိတ်ကူးသက်သက်ရယ်ပါ
တကယ်ဖြစ်မလာနိုင်ဘူးဆိုတာ သေချာနေပြီဘဲ
နင်မသိနိင်တော့တဲ့ ဟောဒီ စာရွက်ဖြူလေး ပေါ်မှာ နင့်အတွက် စကားလုံးတွေ စီထားတယ် နင်ဖတ်ဖို့ပေါ့
တစ်ယောက်ထဲ အထီးကျန်နေချိန်တွေမှာ မင်းကို သတိရနေမိတယ်
ဘယ်လောက် အလုပ်တွေများနေပါစေ မင်းကိုသတိရနေတယ်
အဲ့ဒါဘာလဲသိလား မင်းကို ချစ်လို့ပေါ့
ပြန်ဆုံချင်တာပေါ့ အတိတ်တွေကိုဘဲ အဖေါ်ပြုနေရတာ
နောက်တစ်ကြိမ်မတွေ့နိုင်သေးတော့လည်း အလွမ်းက ကာလရှည်နေပြီလေ
တကယ်လို့ ပြန်တွေ့ခဲ့ရင် ဘယ်လိုဖြစ်မယ် မသိနိုင်ဘူးလေ
စိတ်တွေက ပြောင်းလဲတက်တယ်မဟုတ်လား
ပြောင်းလဲခြင်းတွေနည်းတူ မင်းအပေါ်ထားတဲ့ ငါ့စိတ်တွေလည်း ပြောင်းလဲလိုက်ချင်မိပါတယ်
ရင်ထဲမှာ မွန်းကြပ်လွန်းတယ်လေ
nightgirl@nightgirl

Leave ချစ်သူသိစေချင်တယ် to:

Written by

Read more #life posts


Best Posts From nightgirl

We have not curated any of nightgirl's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nightgirl