nightgirl avatar

မအိပ်သင့်တဲ့အရပ်

nightgirl

Published: 04 Jun 2021 › Updated: 04 Jun 2021မအိပ်သင့်တဲ့အရပ်

မအိပ်သင့်တဲ့အရပ်

အိပ်စက်ခြင်းဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အရာပါ မြောက်ဘက်အရပ်ကို ဦးခေါင်းထားမအိပ်ရဘူးလို့ လူကြီးသူမတွေ ပြောကြပါတယ် ဘာကြောင့်ပါလဲ
အိပ်စက်ရာအရပ်က မှန်ကန်ဖို့လိုပါတယ် အသက်ရှည်ရာ အနာမဲ့ကြောင်းကို သတိပေးတားမြစ်ချက်တွေ လိုက်နာရမည့် စည်းကမ်းတွေလည်း သိရှိမှတ်သားခဲ့ရပါတယ်

သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။ ရှေးထုံးပယ်ရင် လွဲတက်တယ် စျေးသုံးကြွယ်ရင်မွဲတက်တယ်လို့ဆိုပါတယ်

မြန်မာတွေရဲ့ အယူအဆကတော့ အရှေ့ အရပ်နဲ့ တောင်အရပ်ကို ရွေးချယ်ကြပါတယ်
ကောင်းစွာ အိပ်ပျော် စေသည်။ ကောင်းသော အိပ်မက်ကို မြင်မက်စေသည်။ အိပ်ပျော် နေချိန်တွင် အစာကြေခြင်း ကို ဖြစ်စေသည်။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်း တို့သည် ညင်သာစွာဖြင့် အောက်သို့ သက်စေသည်။ စမြင်းဒေါသမှ ကင်းစေသဖြင့် အနာ ရောဂါလည်း ကင်းစေသည်။ နံနက် အိပ်ရာထ ချိန်တွင်လည်း ကောင်းစွာနိုးထ စေနိုင်တ တယ်လို့ ဆိုပါတယ် ဒါကြောင့် သတိပြုလိုက်နာ နေထိုင်သင့့်ပါတယ် အယူအဆ ရှေးထုံးဆိုသော်လည်း လိုက်နာကျင့်သုံးသူအတွက် အကျိုးများစေနိုင်ပါတယ်

အနောက်တိုင်းဆေးပညာရှင်အချို့ကလည်းမြောက်အရပ်ကို ဦးခေါင်းပြု မအိပ်သင့်ဘူးလို့ဆိုပါတယ် အထူးသဖြင့် သွေးတိုးရောဂါရှိသူတွေအတွက်ပါ အိပ်နေစဉ် သွေးတိုးပြီး အိပ်ရာထဲမှာ လေဖြန်း ဖေဖြတ်စေနိုင်တယ်လို့ ဆိုပါတယ်

Leave မအိပ်သင့်တဲ့အရပ် to:

Written by

Read more #ecency posts


Best Posts From nightgirl

We have not curated any of nightgirl's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nightgirl