Nay Linn avatar

တန်​ဖိုးထားတတ်​​စေရန်

naylinn

Published: 03 May 2018 › Updated: 03 May 2018တန်​ဖိုးထားတတ်​​စေရန်

တန်​ဖိုးထားတတ်​​စေရန်

TMPDOODLE1525352583984.jpg

နည်းပညာ​ရေစီး​ချောင်းအရှိန်​အဟုန်​ကားပြင်းထန်​လှသည်​။တစ်​ခုနှင့်​တစ်​ခုအပြိုင်​အဆိုင်​​တွေလုပ်​ကြရင်းတစ်​နှစ်​အကြာမ​ပြောနှင့်​တစ်​လအတွင်းမှာပင်​​တော်​​တော်​ကွာခြားသွားသည်​။ကျွန်​​တော်​ honor 4x ဖုန်း​လေးနှင်​​တော်​​တော်​ကြာကြာအသုံးပြု​နေရာမှလိုအပ်​ချက်​ကြီးမားလာသည့်​နည်းပညာ​ရေစီး​ချောင်းကိုအမီလိုက်​ရန်​ redmi note5​ပြောင်းကိုင်​လိုက်​သည်​။ဝယ်​ပြီးတစ်​ပတ်​မကြာပါ​နောက်​ထပ်​​မော်​ဒယ်​တစ်​မျိုးတးထပ်​​ပေါ်လာပြီးကျွန်​​တော့်​ဖုန်း​ဈေးမှာနှစ်​​သောင်းခန့်​ကျဆင်းသွားသည်​။သူငယ်​တစ်​​ယောက်​​ပြောသလိုဖုန်းတစ်​လုံးဝယ်​ပြီးရင်​​နောက်​ထပ်​​ပေါ်လာမယ့်​​မော်​ဒယ်​​တွေကိုထပ်​မကြည့်​နဲ့ငါတို့တတ်​နိုင်​တာငိုတာပဲရှိတယ်​တဲ့။ကျွန်​​တော်​တို့လိုသာမန်​လူလတ်​တန်းစားများအဖို့​က​ရောင့်​ရဲမှုရှိနိုင်​မှ​တော်​ကာကျမည်​ဖြစ်​သည်​။
နည်းပညာတိုးတတ်​လာသည်​နှင့်​အမျှ​ကောင်းကျိုးအပြင်​ဆိုးကျိုးများပါလာပြီဖြစ်​သည်​။အဓိက က​တော့ social media အ​ပေါ်လူ​တွေအလွန်​အကျွံအသုံးပြုမှု​တွေဖြစ်​သည်​။social media ကိုဘဝလို့ထင်​လာကြသည်​။ဖြစ်​သမျှအ​ကြောင်းအစုံအလင်​အကုန်​တင်​သည်​။ထမင်းစား​ရေ​သောက်​သည့်​ကိစ္စကအစမလိုအပ်​သည့်​အ​ကြောင်းအရာများပါပါလာသည်​။တစ်​ဖက်​ကအခွင့်​​ကောင်း​စောင့်​​နေ​သောဒုစရိုက်​သမားများက​စောင့်​ကြည့်​​နေသည်​ကိုသတိမထားကြ​ပေ။အပန်း​ဖြေမှုအတွက်​အချိန်​သတ်​မှတ်​ပြီးအသုံးပြုသင့်​သည်​။အပြင်​လူမှူ့ဘဝတွင်​သာအချိန်​​ပေးပြီး​နေသင့်​သည်​။မိမိတို့မိသားစုမိတ်​​ဆွေများနှင့်​​နေသင့်​သည်​။ကျွန်​​တော်​လည်းစသုံးကာစအ​တော်​ကိုစွဲစွဲလမ်းလမ်းဖြစ်​ကာသုံးခဲ့သည်​။အသုံးပြုတာကြာလာသည်​နှင့်​အမျှအချိန်​ကုန်​၊​ငွေကုန်​ဖြစ်​လာပြီးကိုယ်​ကိုကိုယ်​ပြန်းထိန်းရမည့်​အ​ခြေအ​နေ​ရောက်​လာသည်​။နောက်​ပိုင်းအချိန်​သတ်​မှတ်​ပြီးသုံးလာသည်​။အခု​နောက်​ပိုင်း​တော့အကျင့်​ဖြစ်​သွားပြီဖြစ်​သည်​။
TMPDOODLE1525352623314.jpg
facebook ကစွန့်​ခွာပြီး​နောက်​ပိုင်း steemit သာအသုံးများလာသည်​။ steemitကpostများသည်​အထိန်းအကွပ်​ရှိ​သော​ကြောင့်​facebookလိုပရမ်းပတာမဟုတ်​သည့်​အတွက်​သုံးရသည်​မှာစိတ်​ချမ်းသာလှသည်​။နောက်​တစ်​ကကိုယ့်​အတွက်​ကိုယ်​ကြိုးစားလျှင်​ကြိုးစားသ​လောက်​အကျိုးအမြတ်​ရှိသည့်​အတွက်​ဖြစ်​သည်​။facebook မှာလူသိများလျှင်​ cele ဖြစ်​ရုံသာရှိမည်​။steemit တွင်​လူသိများပါက ကိုယ့်​အတွက်​အကျိုးများလှသည်​။
နည်းပညာသည်​လည်းသုံးတတ်​လျှင်​​ဆေးဖြစ်​သလိုမသုံးတတ်​လျှင်​​ဘေးဖြစ်​မည်​ဖြစ်​သည်​။အခုချိန်​တွင်​အင်​တာနက်​​ပေါ်တွင်​နည်းပညာမျိုးစုံကို​ငွေ​ကြေးတစ်​စုံတစ်​ရာ​ပေးစရာမလိုပဲအင်​တယနက်​အသုံးပြုခတာမိမိဖက်​မှကျသင့်​ရုံဖြင့်​သင်​ယူ​နေနိုင်​ပြီဖြစ်​သည်​။မိမိဖက်​မှ International Language ဖြစ်​တဲ့ Englishစာကို​တော့ကျွမ်းကျင်​စွာတတ်​​မြောက်​ထားဖို့လိုအပ်​ပါတယ်​။မိမိတို၏အကျိုးရှိသည့်​အချိန်​​တွေကို အကျိုးမဲ့မကုန်​ဆုံး​စေပဲတန်​ဖိုးရှိ​အောင်​အသုံးချကြပါလို့တိုက်​တွန်းရင်းအဆုံးသတ်​လိုက်​ပါတယ်​။

naylinn@naylinn
MSU 009

Leave တန်​ဖိုးထားတတ်​​စေရန်​ to:

Written by

I Love Steemit

Read more #steembasicincome posts


Best Posts From Nay Linn

We have not curated any of naylinn's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nay Linn