Nay Linn avatar

အ​လေ့အကျင့်

naylinn

Published: 18 Apr 2018 › Updated: 18 Apr 2018အ​လေ့အကျင့်

အ​လေ့အကျင့်

IMG_20180415_104251.jpg
မ​နေ့ကသား​တော်​​မောင်​ကိုထိန်းရင်းဆိုင်​လည်း​စောင့်​ရင်း​ပေါ့။အိမ်​​ပေါ်မှာကဘိုးဘိုးနှင့်​ဘွားဘွားကတီ​ဗွီကြည့်​​နေကြသည်​။သား​တော်​​မောင်​က​တော့အိမ်​​ပေါ်တက်​​ဆော့လိုက်​ဆိုင်​ထဲဆင်း​ဆော့လိုက်​နှင့်​တစ်​​ယောက်​ထဲအလုပ်​ရှုပ်​​နေသည်​။အိမ်​နှင့်​ဆိုင်​ကြားတွင်​​လှေကားနှစ်​ဆင့်​ရှိသည်​။လမ်း​လျှောက်​တတ်​ကာစအရွယ်​ဆို​တော့ ခဏခဏ​ချော်​လဲသည်​။အဘိုးနှင့်​အဘွားက​တော့​မြေးဦးဆို​တော့သဲသဲလှုပ်​ဖြစ်​​နေကြပြီးထူ​ပေးရတာနဲ့ဥုံဖွလုပ်​​ပေးရတာနဲ့ဖြစ်​​နေကြသည်​။ကျွန်​​တော်​က​တော့သား​တော်​​မောင်​​ချော်​လဲရင်​မသိချင်​​ယောင်​​လေး​ဆောင်​​နေလိုက်​သည်​။လဲကာစ​တော့ခဏ​အော်​သည်​။ထူ​ပေးမဲ့သူမရှိ​တော့သူဘာသာသူပြန်​ထပြီး​ဆော့သည်​။ပုံမှန်​အတိုင်း​ဆော့ရင်းဖင်​ထိုင်​လဲကြတာ​က​တော့အန္တရာယ်​ရှိမည်​မထင်​ပါ။ငယ်​ငယ်​ကတည်းကက​လေး​တွေကိုသူတို့ကိုယ်​သူတို့အားကိုးတတ်​​အောင်​​လေ့ကျင့်​​ပေးရမည်​ဖြစ်​သည်​။တစ်​ချို့မိဘ​​တွေ​ပြော​ပြော​နေတာကြားမိပါသည်​။ကြီးလာရင်​သူဘာသာသူပြင်​သွားမှာပါစကားတစ်​ခွန်းပါ။လူတို့သည်​အ​လေ့အကျင့်​နှင့်​ပတ်​သတ်​လာပါကမ​ကောင်းတဲ့အ​လေ့အကျင့်​ကိုသာစွဲလမ်းတတ်​ကြပြီး​ကောင်းမွနိတဲ့အ​လေ့အကျင့်​ကိုပြုလုပ်​ရမှာဝန်​​လေး​နေတတ်​ကြသည်​။ကြီးလာရင်​ပြင်​သွားမည်​ကားမဖြစ်​နိုင်​​ချေ။ငယ်​ငယ်​ကတည်းကပြုပြင်​​ပေးကာမှ​တော်​ကာကြမည်​ဖြစ်​သည်​။အရွယ်​ရလာရင်​သူတို့စိတ်​သ​ဘောအတိုင်းလုပ်​​ဆောင်​လာမည်​ဖြစ်​သည်​။အသက်​ငယ်​ရွယ်​စဉ်​က​သေချာဆုံးမသွန်​သင်​​ပေးမှ​တော်​ကာကြမည်​ဖြစ်​သည်​။တစ်​ချို့အိမ်​များတွင်​​တွေ့​နေရပါသည်​။အသက်​၅နှစ်​အရွယ်​က​လေးတစ်​ဦးကိုအ​မေဖြစ်​သူကထမင်းခွံ​ကျွေး​နေခြင်းဖြစ်​သည်​။ကျောင်းတတ်​ရမည်​အရွယ်​​ရောက်​​နေသည့်​တိုင်​​အောင်​က​လေးမှာထမင်းကိုကိုယ်​ဘာသာမစားတတ်​ကြ​သေး​ပေ။ကျောင်းတတ်​​နေချိန်​​ရောက်​​တော့ မိဘက​ကျောင်းထိ​ရောက်​​အောင်​ထမင်းလိုက်​​ကျွေး​နေရသည့်​က​လေးများအများကြီးဖြစ်​​နေကြသည်​။က​လေးအပြစ်​မဟုတ်​​ပေ။မိဘများကသားသမီးများကိုငယ်​ရွယ်​စဉ်​ကတည်းက​လေ့ကျင့်​​ပေးထားရမည်​ဖြစ်​သည်​။

Leave အ​လေ့အကျင့်​ to:

Written by

I Love Steemit

Read more #myanmar posts


Best Posts From Nay Linn

We have not curated any of naylinn's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nay Linn