Nay Linn avatar

အ​တွေးများ

naylinn

Published: 20 Apr 2018 › Updated: 20 Apr 2018အ​တွေးများ

အ​တွေးများ

images.jpeg
စာတစ်​ပုဒ်​​လောက်​​ရေးဖို့ဖင်​လှည့်​​ခေါင်းလှည့်​နှင့်​​တော်​​တော်​နှင့်​မ​ရေးဖြစ်​​ပေ။ချ​ရေးလိုက်​​တော့တစ်​နာရီမကြာပါ။ငယ်​ငယ်​ကတည်းကကိုယ်​တိုင်​​တွေး​ခေါ်ပြီးကိုယ်​တိုင်​​ရေးရသည့်​အကျင့်​မရှိ​ခဲ့​တော့အသက်​ကြီးမှဂွကျ​နေရပြီဖြစ်​သည်​။သား​တော်​​မောင်​​ရေးတတ်​ဖတ်​တတ်​သည့်​အရွယ်​​ရောက်​လာရင်​​နေ့စဉ်​မှတ်​တမ်း​ရေးဖို့အကျင့်​​လေးလုပ်​​ပေးရန်​စိတ်​ကူးထားသည်​။တစ်​​ကြောင်း​ရေး​ရေး၊နှစ်​​ကြောင်း​ရေး​ရေး​ရေးဖြစ်​ဖို့သာအဓိကဖြစ်​သည်​။တစ်​ခါတစ်​စိတ်​ကူးထဲဇတ်​လမ်း​လေး​တွေ​ပေါ်လာတတ်​သည်​။အရင်​က​တော့အမှုမဲ့အမှတ်​မဲ့ထားလိုက်​​တော့​ရေးချင်​တဲ့အချိန်​ကျ​တော့အစ​ဖော်​လို့မရ​တော့​ပေ။အခု​နောက်​ပိုင်းကျ​တော့ကိုယ့်​အတွက်​အသုံးဝင်​လာပြီဖြစ်​​တဲ့အတွက်​စာအုပ်​​သေး​သေးတစ်​အုပ်​​ဆောင်​ထားပြီးစိတ်​ကူး​လေး​တွေ​ပေါ်​ပေါ်လာရင်​မှတ်​ထားလိုက်​သည်​။ရေးချင်​​နေ​သောဝတ္ထုတို​လေး​တွေရှိသည်​။စိတ်​ကူးသာရှိ​သော်​လည်း​ရေးစမရှိသဖြင့်​ဘယ်​ကစရမှန်းမသိဖြစ်​​နေသည်​။တစ်​ဖြည်းဖြည်းနဲ့အချက်​အလက်​​လေး​တွေစုပြီးမှတ်​ထားသည်​။နောက်​မှအကုန်​တန်းစီ​ရေးမည်​ဟုစိတ်​ကူးထားသည်​။ကျောင်းသားဘ၀ကဖြစ်​ပျက်​ခဲ့တဲ့အ​ကြောင်းအရာ​တော်​​တော်​များရှိသည်​။အခုချိန်​သူငယ်​ချင်းများနှင့်​ပြန်​​တွေ့မိပါ​ကျောင်းတုန်းကအ​ကြောင်း​လေး​တွေအစပြန်​​ဖော်​ကြည့်​သည်​။ကိုယ်​​မေ့​နေ​သောအ​ကြောင်းအရာ​လေး​တွေတစ်​ဖြည်းဖြည်းပြန်​​ပေါ်လာသည်​။ထိုအ​ကြောင်း​တွေ​ရေးမှတ်​ထားပြီး​နှောင်​တစ်​ချိန်​ပြန်​​ရေးမည်​ဟု​တွေးထားသည်​။
images (1).jpeg
အလုပ်​တစ်​ခုဖြစ်​​မြောက်​ဖို့ပထမဦးစွာအ​တွေးလိုအပ်​သည်​။စိတ်​ကူးစိတ်​သန်း​ကောင်းရင်​​ကောင်းက​လောက်​အလုပ်​ကပိုပြီး​ကောင်းဖြစ်​သည်​။တွေး​နေရုံနှင့်​လည်းမပြီး​သေးပါ။ထိုအ​တွေး၊စိတ်​ကူးစိတ်​သန်း​တွေကိုအ​ကောင်​အထည်​​ဖော်​ဖို့လက်​​တွေ့လုပ်​​ဆောင်​ရမည်​ဖြစ်​သည်​။အ​တွေးကိုလက်​​တွေ့မလုပ်​​ဆောင်​ပဲဒီအတိုင်းထားပါအ​တွေးအတိုင်းသာရှိ​နေမည်​ဖြစ်​ပြီးကြာရင်​​ပျောက်​ကွယ်​သွားမည်​ဖြစ်​သည်​။အ​တွေး၊စိတ်​ကူးစိတ်​သန်း​တွေကိုအစီအစဉ်​တစ်​ကျချ​ရေးပြီးလျှင်​အစီအစဉ်​အတိုင်းလက်​​တွေ့အ​ကောင်​အထည်​​ဖော်​ပါက​ပြောင်​​မြောင်​တဲ့အလုပ်​​တွေဖြစ်​​ပေါ်လာမည်​ဖြစ်​သည်​။ဆိုင်​ထိုင်းရင်း​ဟို​တွေးဒီ​တွေးနှင့်​ဘာမှမလုပ်​ဖြစ်​​သောမိမိကိုယ်​​ကိုဆုံးမ​နေခြင်းသာ။
nyalinn@nyalinn
MSU 009

Leave အ​တွေးများ to:

Written by

I Love Steemit

Read more #myanmar posts


Best Posts From Nay Linn

We have not curated any of naylinn's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nay Linn