Myan Crypto avatar

စလာပြီ

myancrypto

Published: 13 Nov 2023 › Updated: 13 Nov 2023စလာပြီ

စလာပြီ

ဈေးလေးတက်စပြုပြီဆိုရင် အဖျက်အမှောင့်သတင်းတွေ တက်လာပါပြီ။ Ethereum ဟာ အလိမ်အညာ network တစ်ခုဖြစ်ကြောင်းနဲ့ SEC ဟာလည်း ဒီကိစ္စတွေကို သိလျက်နဲ့ မသိကျိုးကျွံပြုခဲ့ကြောင်း Ethereum ရဲ့ အစောပိုင်းအကြံပေးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ Steven Nerayoff က ဆိုထားပါတယ်။

X Space call တစ်ခုမှာ Neryaoff ဟာ Ethereum co-founder Vitalik Buterin ကိုယ်တိုင် ကြီးကြီးမားမား ပါဝင်ပတ်သက်နေတဲ့ သက်သေတစ်ခုကို မကြာခင် ချပြသွားမယ့်အကြောင်းလည်း ပြောသွားခဲ့ပါတယ်။ Ethereum ecosystem ရဲ့ အစောပိုင်းကာလတွေတုန်းက လိမ်လည်မှုတွေဟာ FTX လိမ်လည်မှုထက်တောင် ပိုကြီးနိုင်ပြီးတော့ 2015 ခုနှစ်အတွင်းမှာ Ethereum foundation အခြေအနေမကောင်းဖြစ်နေခဲ့ချိန်တုန်းက Vitalik Buterin နဲ့ Nerayoff တို့ အပြန်အလှန်စကားပြောထားကြတဲ့ 3 နာရီကြာ recording file ကို free NFT တစ်ခုအဖြစ် လာမယ့် ရက်ပိုင်းအတွင်းမှာ ချပြသွားမှာဖြစ်ကြောင်း သိရပါတယ်။

Ethereum ဟာ Decentralized ဖြစ်ပါတယ်လို့ ဆိုထားပေမယ့် တကယ်တမ်းမှာတော့ လုံးဝဥဿုံ Decentralized ဖြစ်မနေဘဲ အစောပိုင်းကာလ SEC အနေနဲ့ Bitcoin နဲ့ Ethereum တို့ဟာ decentralized ဖြစ်တာကြောင့် security product မဟုတ်ကြောင်း အတည်ပြုခဲ့တာကိုလည်း Nerayoff က‌ထောက်ပြထားပါတယ်။

Nerayoff ပြောနေတဲ့ကိစ္စက ဘာမှန်းသေချာမသိရသေးပေမယ့် အချို့ကတော့ Ethereum တွေကို ထုတ်ရောင်းနေကြပါပြီ။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။

Reference Link: https://bitcoinist.com/ethereum-insider-eth-founders-fraud/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave စလာပြီ to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto