Myan Crypto avatar

ဖြစ် ပြန်ပြီ

myancrypto

Published: 11 Sept 2023 › Updated: 11 Sept 2023ဖြစ် ပြန်ပြီ

ဖြစ် ပြန်ပြီ

မနေ့က Ethereum co-founder ဖြစ်တဲ့ Vitalik Buterin ရဲ့ X account hack ခံခဲ့ရပါတယ်။ နာမည်ပြောင်းလိုက်ပေမယ့် ခဏခဏ hack ခံရတဲ့ အစဉ်အလာမပြောင်းတဲ့ X ပေါ်က hacker တို့ရဲ့ ထုံးစံအတိုင်း phishing link တင်ဖို့အတွက် hack လိုက်တာပါပဲ။

Consensys ကနေ NFT တွေ အလကားပေးနေတာကို ယူဖို့ အတွက် ဒီ link ထဲကို ဝင်ပါဆိုပြီး တင်လိုက်တာပါ။ ထုံးစံအတိုင်းပဲ crypto industry ထဲကို စဝင်ခါစသူတွေ၊ ဝင်တာကြာနေပြီဖြစ်ပေမယ့်လည်း Vitalik တင်တာမို့လို့ ယုံကြည်ပြီး link ထဲဝင် wallet ချိတ်မိသူတွေကတော့ wallet ဖောက်ခံရပြီး crypto asset တွေ ပါသွားခဲ့ပါတယ်။

On-chain data တွေအရ $800,00 အထိပါသွားခဲ့ပြီး ထူးထူးခြားခြားအနေနဲ့ နာမည်ကြီး Crypto Punks NFT Collection ထဲက ပထမဆုံး public mint ထားတဲ့ NFT တစ်ခုလည်း ပါသွားခဲ့ပါတယ်။
တကယ့်အမှတ်တရအဖြစ်ရဆုံး NFT ဖြစ်တာကြောင့် ပိုင်ရှင်ကတော့ တော်တော်ကိုစိတ်မကောင်းဖြစ်နေလောက်ပါတယ်။

အမှားတွေကနေ သင်ခန်းစာယူကြမယ်ဆိုရင် Twitter တစ်ဖြစ်လဲ X ဟာ phishing link တွေ အရမ်းပေါများတဲ့ platform တစ်ခုဖြစ်ပါတယ်။ Elon Musk အနေနဲ့ ဒါတွေကို နှိမ်နင်းမယ်ပြောထားပေမယ့် အခုထိ အကြောင်းထူးသေးတဲ့ပုံမပေါ်တာကြောင့် X ပေါ်မှာ ဘယ် link တွေ့တွေ့နှိပ်မကြည့်တာ စိတ်အချရဆုံးပါပဲ။

Reference Link: https://cryptopotato.com/vitalik-buterins-x-twitter-account-compromised-iconic-nft-reportedly-stolen/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave ဖြစ် ပြန်ပြီ to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto