Myan Crypto avatar

ကြွားနိုင်သူတွေ ကြွားပေါ့

myancrypto

Published: 05 Dec 2023 › Updated: 05 Dec 2023ကြွားနိုင်သူတွေ ကြွားပေါ့

ကြွားနိုင်သူတွေ ကြွားပေါ့

Bitcoin ဈေးတွေ တက်လာတဲ့အချိန်မှာ လူတွေအများဆုံးတွဲမြင်မိတာကတော့ MicroStrategy နဲ့ El Salvador တို့ပါပဲ။ MicroStrategy ကတော့ Bitcoin အများဆုံးကိုင်ထားတဲ့ အဖွဲ့အစည်းအဖြစ်နဲ့ အမြတ်တွေ $ billion နဲ့ချီရနေတာကို သိပြီးကြပါပြီ။ ဒါပေမယ့် တစ်နေ့ကို 1 BTC ဝယ်စုမယ်လို့ ပြောထားခဲ့တဲ့ El Salvador သမ္မတကြီး Nayib Bukele ရဲ့ အခြေအနေကတော့ တော်ရုံမသိကြရပါဘူး။

အခုတော့ Bukele ကိုယ်တိုင် သူ့ရဲ့ Bitcoin တွေ အခြေအနေကို ထုတ်ပြောလာပါပြီ။
El Salvador ရဲ့ နိုင်ငံပိုင် Bitcoin စုဆောင်းမှုကနေ $3.6 million အမြတ်ရနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် 2.84% ဖြစ်ကြောင်း Bukele က ဆိုထားပါတယ်။ ဒါပေမယ့် ဒီ Bitcoin တွေကို ထုတ်ရောင်းဖို့ အစီအစဉ်လုံးဝမရှိဘဲ အနာဂတ်မှာလည်း Bitcoin ဈေးက အတက်အကျကြမ်းမယ်ဆိုတာ ကောင်းကောင်းသိထားတာကြောင့် El Salvador ရဲ့ ရေရှည် Bitcoin စီမံကိန်းကို ထိခိုက်လာစရာအကြောင်းမရှိကြောင်းလည်း ဆိုထားပါတယ်။

2021 ခုနှစ် September လကစလို့ El Salvador မှာ Bitcoin ကို တရားဝင်အသိအမှတ်ပြုလိုက်ပြီးတည်းက $10.3 million ဖိုး စတင်ဝယ်ယူခဲ့ပေမယ့် မကြာခင်မှာပဲ Bitcoin ရဲ့ ဈေးဟာ တောက်လျှောက်ထိုးကျနေခဲ့တာကြောင့် အရှုံးပေါ်နေခဲ့ပြီး ပြည်တွင်းပြည်ပ ဝေဖန်မှုအတော်များများကို ရင်ဆိုင်ခဲ့ရပါတယ်။ အခု Bitcoin ဈေး $42k အထိ တက်လာခဲ့ပြီးနောက်မှာတော့ Nayib Bukele လည်း သူတို့ရဲ့ Bitcoin အမြတ်ငွေတွေကို ထုတ်ကြွားလာခဲ့တာပါပဲ။

Reference Link: https://cointelegraph.com/news/el-salvador-bitcoin-portfolio-swings-profit

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave ကြွားနိုင်သူတွေ ကြွားပေါ့ to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto