Fidelity
Fidelity ဟာ သူတို့ကိုယ်ပိုင် Bitcoin Spot ETF (Exchange-Traded Fund) အတွက် စာရင်းသွင်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ Fidelity ဟာ $4.3 trillion အထိ တန်ကြေးရှိတဲ့ asset management company ကြီး တစ်ခုဖြစ်ပြီးတော့ 2021 ခုနှစ်တုန်းကလည်း Bitcoin Spot ETF အတွက် စာရင်းသွင်းခဲ့ဖူးပြီး US SEC ကနေ ပယ်ချခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ခေါက်မှာရော SEC ဖက်ကနေ ခွင့်ပြုပေးမှာလား၊ ပယ်ချဦးမှာလားဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ကြရမှာပါ။
အခုတလော ETF တွေ ခေတ်ထလာတာနဲ့အတူ Fidelity ဟာ cryptocurrency industry ဖက်ကို ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဖို့ စိတ်ဝင်စားနေပုံရပြီးတော့ မကြာသေးခင်ကမှ launch လုပ်ခဲ့တဲ့ US ဖြစ် crypto exchange စစ်စစ် EDX markets ကို အဓိက ငွေကြေးပံ့ပိုးပေးထားတဲ့ company တွေထဲမှာလည်း Fidelity ပါဝင်နေပါတယ်။
Comment မှာ Reference Link ထည့်ပေးထားပါမယ်။
Leave Fidelity to:
Read more #hive-122133 posts
Best Posts From Myan Crypto
We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.