Myan Crypto avatar

Bye Bye

myancrypto

Published: 30 Nov 2023 › Updated: 30 Nov 2023Bye Bye

Bye Bye

Binance ပေါ်က BUSD stablecoin လေးကို နှုတ်ဆက်ချိန် တကယ်ရောက်လာခဲ့ပါပြီ။
BUSD ထုတ်တဲ့ Paxos company ကို BUSD တွေ ဆက်ထုတ်ခွင့် ပိတ်ပင်ခံခဲ့ရတာ 2023 ခုနှစ် February လတည်းကဖြစ်ပြီး အခုချိန်မှာတော့ BUSD တွေကို Binance ပေါ်ကနေလည်း ဖယ်ရှားသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် BUSD တွေဟာ 1 USD တန်ဖိုးနဲ့ ဆက်ညီမျှနေဦးမှာဖြစ်ပြီး 2024 ခုနှစ် February လအထိ Paxos Company မှာ 1 USD နဲ့ လဲလှယ်လို့ရနိုင်ဦးမှာပါ။

Binance ပေါ်မှာကတော့ 2024 ခုနှစ်ကစလို့ BUSD ကို support ပေးတော့မှာမဟုတ်ဘဲ ကိုယ့်ရဲ့ BUSD တွေကို 2023 ခုနှစ် 12 လပိုင်း 15 ရက်နေ့မတိုင်ခင်မှာ အခြား crypto တွေအဖြစ် ပြောင်းလဲကြဖို့ သတိပေးထားပါတယ်။ FDUSD အဖြစ်ပြောင်းမယ်ဆိုရင်တော့ fees လုံးဝပေးစရာမလိုဘဲ ပြောင်းလို့ရနိုင်မှာပါ။ အခြား Binance product တွေဖြစ်တဲ့ spot trading၊ futures၊ margin trading တို့ထဲက BUSD pair တွေကိုလည်း ဖျက်သိမ်းသွားမှာဖြစ်တဲ့အပြင် BUSD deposit၊ withdrawal တွေပါ မလုပ်ကြတော့တာ အကောင်းဆုံးပါပဲ။

သတ်မှတ်ရက်အတွင်းမှာ မပြောင်းလိုက်မိတဲ့ user တွေရဲ့ BUSD တွေကိုလည်း 12 လပိုင်း 31 ရက်နေ့မှာ FDUSD အဖြစ် အလိုအလျောက်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။

Reference Link: https://www.binance.com/en/support/announcement/notice-regarding-the-removal-of-busd-and-conversion-of-busd-to-fdusd-1c98ce7bb464422dbbaeda7066ae445b

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Leave Bye Bye to:

Written by

Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Read more #hive-122133 posts


Best Posts From Myan Crypto

We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Myan Crypto