Bye
တစ်ချိန်က ကျနော်တို့ရဲ့ favorite stablecoin လေး BUSD ကို နှုတ်ဆက်ကြဖို့ အချိန်တန်ပါပြီ။
US အစိုးရကြောင့် Paxos Company ကနေ BUSD တွေ ဆက်ထုတ်ခွင့်မရှိတော့တာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါကြောင့် Binance မှာလည်း BUSD တွေ အသုံးချမှုကို လျှော့ချလာနေပြီးတော့ TUSD နဲ့ FDUSD တို့ကို support တော်တော်လုပ်လာတာကို တွေ့ရပါတယ်။
ဒါပေမယ့် အခု နောက်ဆုံးထွက်ထားတဲ့ Binance ကြေငြာချက်အရ Binance ဟာ သူတို့ရဲ့ ကိုယ်ပိုင် stablecoin ဖြစ်တဲ့ BUSD ကို delist လုပ်တော့မှာဖြစ်ပြီး 2024 ခုနှစ် February လ မတိုင်ခင်မှာ user တွေအနေနဲ့ ကိုယ့်ရဲ့ Binance account ထဲက BUSD တွေကို အခြား crypto coin တစ်ခုခုအဖြစ် ပြောင်းထားကြဖို့ လိုပါတယ်။
Fees မကုန်ဘဲ ပြောင်းချင်သူတွေကတော့ FDUSD ကို ပြောင်းနိုင်သလို အခြား crypto coin တွေကို ပြောင်းရင်တော့ fees ပေးရမှာပါ။
BNB Chain၊ Avalanche၊ Polygon နဲ့ Tron network တွေပေါ်က BUSD Deposit တွေနဲ့ Withdrawal တွေကို 2023 ခုနှစ် 9 လပိုင်း 7 ရက်နေ့ ကစလို့ ပိတ်သိမ်းသွားမှာဖြစ်ပြီး Ethereum network ပေါ်က BUSD တွေကိုတော့ နောက်ထပ် ကြေငြာချက်မထွက်မချင်း ဖွင့်ပေးထားဦးမှာပါ။
Cross Margin ပေါ်က BUSD borrowing တွေကိုလည်း 2023 ခုနှစ် 10 လပိုင်း 19 ရက်နေ့ကစ ပိတ်သိမ်းသွားမှာဖြစ်ပြီး Futures ပေါ်က BUSD pair တွေကိုလည်း ဖြည်းဖြည်းချင်း delist လုပ်သွားမှာပါ။
Binance Earn ထဲမှာလည်း BUSD subscription တွေကို 10 လပိုင်း 13 ရက်နေ့မှာ ရပ်နားသွားမှာဖြစ်ပြီး အသေးစိတ်ကိုတော့ ကြေငြာချက်ထပ်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
Binance ရဲ့ အခြား product တွေဖြစ်တဲ့ Auto-Invest၊ Liquid Swap၊ Dual Investment၊ Binance Loans၊ Flexible DeFi Staking တို့ပေါ်က BUSD service တွေကိုလည်း 9 လပိုင်းကနေ 12 လပိုင်းအတွင်းမှာ ပိတ်သိမ်းသွားတော့မှာပါ။
Auto-Invest ထဲမှာရှိနေတဲ့ BUSD plan တွေကို FDUSD plan တွေအဖြစ် ပြောင်းလဲသွားမှာဖြစ်တဲ့အပြင် Binance Pay ပေါ်မှာလည်း BUSD နဲ့ချိတ်ဆက်ထားတဲ့ merchant တွေအနေနဲ့ သူတို့ရဲ့ BUSD order တွေကို 9 လပိုင်း 30 ရက်နေ့ နောက်ဆုံးထားပြီး refund လုပ်ကြရမှာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့အချိန်တွေအတွင်းမှာ BUSD တွေကို အခြား crypto coin အဖြစ် မပြောင်းလဲမိသူတွေအတွက်ကတော့ FDUSD အဖြစ်ပဲ အလိုလိုပြောင်းပေးမလား၊ delist လုပ်မှာဖြစ်တာကြောင့် ဘာမှပြန်မရတော့ဘူးလား ဆိုတာကို မသိရသေးပါဘူး။ ဒါကြောင့် ဒီ post ကို တွေ့တွေ့ချင်းမှာ ပြောင်းထားလိုက်ကြတာ အကောင်းဆုံးပါပဲ။
မသိသေးသူတွေလည်း သိရအောင် share ပေးကြပါဦး။
Reference Link: https://www.binance.com/en/support/announcement/d392843e81fd4bc3a5f7e219aa01f34d
Leave Bye to:
Read more #hive-122133 posts
Best Posts From Myan Crypto
We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.