mgtoetat avatar

တစ်ချိန်ကကျောင်းသားဘဝ-1

mgtoetat

Published: 08 Oct 2018 › Updated: 08 Oct 2018တစ်ချိန်ကကျောင်းသားဘဝ-1

တစ်ချိန်ကကျောင်းသားဘဝ-1

411CEE9E-14B5-497D-A4F9-D19BF95691BC.jpeg

ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလည်မှာ ဟုအစချီသည့် သီချင်းကားထီးကားလေးမှာပျံ့နှံ့လာသည်။ဪ ဤသီချင်းကိုကြားမိ၍ ကျောင်းတော်ကြီးကိုသတိရမိပါသည်။ကျောင်းသားဘဝဟူသည်မှာ လူတိုင်းတွင်ရှိခဲ့ကြပါသည်။နောင်တွင်လည်းရှိနေဦးမည်ဖြစ်ပေသည်။ ထို့ကြောင့် ကျောင်းသားဘဝဟူသည် ကျောင်းသားဟူသည့် အသိုက်အမြုံလေးတွင် အတော်ကြာကျင်လည်ခဲ့ရသည်မဟုတ်လား။

ကျောင်းသားဘဝတွင် ဖြူစင်မှုတွေရခဲ့ကြသည်။နွေးထွေးမှုတွေရခဲ့ကြသည်။အေးချမ်းမှုတွေ ရခဲ့ကြသည်။ လုံခြုံမှုတွေကို ကျောင်းသားဘဝတွင် အမိကျောင်းတော်ကြီးက ပေးစွမ်းခဲ့သည်။ စာရေးသူအတွက်တော့ တချိန်က ကျောင်းသားဘဝမှာ လေးနှစ်တာပညာသင်ယူခဲ့ရသည့် တက္ကသိုလ်ကျောင်းသားဘဝပင်ဖြစ်ပါသည်။

မိမိတွက် အမိကျောင်းတော်ကြီးမှာ မကွေးတက္ကသိုလ်ကျောင်းတော်ကြီးပင်ဖြစ်တော့သည်။တက္ကသိုလ်ကျောင်းသားဘဝတွင် အမှတ်တရအရှိဆုံးမှာ မေိမိအတွက်တော့ ကျောင်းစတက်သည့်နေ့ပင်ဖြစ်ပါသည်။ဘာလိုလိုနဲ့ လွန်ခဲ့သည့်ငါးနှစ်ခန့်က ကျောင်းစတက်သည့်နေ့ကိုလွမ်းမိသည်။ ထိုနေ့က မိုးတွေရွာနေသည်။

14F23589-6CD8-434B-AB23-89391E9056D7.jpeg

တက္ကသိုလ်စတက်ရမည့်နေ့ မှတ်မှတ်ရရ Dec 2 ရက်နေ့၊ဆောင်းတွင်းကြီး မိုးတွေရွာနေခြင်းဖြစ်သည်။ အမေက "ဒီကောင်လေးနှယ်...ဘယ့်နှယ်ဖြစ်လို့ ဘိုကေတွေချည်းလိမ့်ဖြီးနေတာလဲ...မိုးရွာနေတာကို" ဟုကျနော့်ကိုပြောသည်။"ဒီနေ့ ကျောင်းစတက်ရမယ့်နေ့လေ အမေရာ...သားနဲ့သိတဲ့ ဒုတိယနှစ်က စီနီယာမမက သွားရမယ့် အဆောင်လိုက်ပြမှာ" ဟုဖြေမိသည်။

အယ့်လယ်...ကျွန်တော်မောင်တိုးတက်သည်လည်း ခေသူမဟုတ်ပါလား။ ထို့နောက် ကျောင်းကို စောစောထွက်လာခဲ့သည်။ကျောင်းမှ ဘယ်မေဂျာကပထမနှစ်က ဘယ်အဆောင်ဘယ်အခန်းမှာသာမသိသော်လည်း ကျောင်းဆိုင်ကယ်စတန်းကိုတော့သိသည်။ ဆိုင်ကယ်တွေ များစွာရပ်ထားပေသည်ကို။ အယ့်လယ်...ကျွန်တော် မောင်တိုးတက်မလည်ပေးဘူးလား။

ဆက်ရန်

written by mgtoetat@mgtoetat
photos takes by my friend
MSC-073
post on busy

Leave တစ်ချိန်ကကျောင်းသားဘဝ-1 to:

Written by

Go forward!!

Read more #myanmar posts


Best Posts From mgtoetat

We have not curated any of mgtoetat's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mgtoetat