mgtoetat avatar

အတက်တကာ့ထွဋ်ခေါင်

mgtoetat

Published: 03 Oct 2018 › Updated: 03 Oct 2018အတက်တကာ့ထွဋ်ခေါင်

အတက်တကာ့ထွဋ်ခေါင်

4581F222-E439-4E26-AED9-6B41C4DE76C6.jpeg

မကြာသေးမှီက ဒေါ်လာဈေးအလွန်အမင်းမြှင့်တက်ခဲ့သည်ကို အားလုံးသိကြပါသည်။steem ဈေးကသာကျနေတာ ဒေါ်လာဈေးကတော့သူမတူအောင် တက်ပြနေသည်မဟုတ်ပါလား။ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ဒေါ်လာဈေးမြှင့်တက်ခဲ့ရသည်ဟု သူတို့ပြောပုံအရ မိမိတို့မြန်မာပြည်တွင်တော့ ဒေါ်လာဈေးနဲ့အတူ ကုန်ဈေးနှုန်းပါလိုက်တက်လာပါတော့သည်။ဒေါ်လာဈေးကြောင့် ကုန်ဈေးနှုန်း တစ်ခုတင်တက်တာလားဆိုတော့လည်းမဟုတ်ပါ။

နိုင်ငံခြားတင်သွင်းမှုကို မှီခိုနေရသည့် စက်သုံးဆီဈေးနှင့် ဆေးဝါးဈေးနှုန်းများသည်လည်းတက်လာခဲ့သည်။စာရေးသူကြားသိရသည်မှာ ဒေါ်လာဈေးအလွန်အမင်းမြှင့်တက်မှုမှာ မိမိတို့နိုင်ငံတစ်နိုင်ငံထဲတွင် ကွက်၍တက်ခြင်းမဟုတ်ပါ။အခြား အာရှနိုင်ငံများ၊အမေရိကန်ဒေါ်လာအပေါ်မှီခိုရသော နိုင်ငံများတွင်ပါ အနည်းနှင့်အများတက်သည်ဟု သိရသည်။

သို့သော် မတူသည်မှာ နိုင်ငံခြားသို့များများတင်ပို့ (export) နိုင်သည့်နိုင်ငံများ၊ပြည်တွင်းစီးပွားရေးစနစ်ခိုင်မာသည့်နိုင်ငံများမှာ ဒေါ်လာဈေးအတက်အကျကိုများစွာ ခံသာသည်ဆို၏။ စာရေးသူတို့နိုင်ငံမှာတော့ တင်ပို့မှု(export)ထက် တင်သွင်းမှု(import)က ပိုမိုသောကြောင့် ဒေါ်လာဈေးအတက်အကျမှာပိုမိုသိသာခြင်းဖြစ်သည်။ထို့အတွက်မည်သို့ဖြေရှင်းမည်နည်း။ဒေါ်လာဈေးကိုထိန်းရန် နေ့ချင်းညချင်းလည်း တင်ပို့မှု(export)ကို တိုး၍တင်ပို့ရန်မှာလည်း မလွယ်ပါ။

3BA027E3-E8EE-4612-87F3-AE0DA94FF482.jpeg

ဤသို့ဆိုလျှင် စာရေးသူဉာဏ်ရည်မှီသလောက်တွေးမိသည်မှာ တင်သွင်းသည့်သွင်းကုန်များ(import) များများမသွင်းရလေအောင် လုပ်မည်လား။အဘယ်ကြောင့်ဆိုသော် တင်သွင်းလာသော နိုင်ငံခြားဖြစ်ပစ္စည်းများသည် တက်နေသောဒေါ်လာဈေးနဲ့ပေးချေ၍ ဝယ်ယူတင်သွင်းနေရသောကြောင့်ဖြစ်သည်။ဆိုလိုသည်မှာ အရေးမကြီး သွင်းရန်မလိုအပ်သည့်ပစ္စည်းများကို လျှော့သုံးခြင်း၊ပြည်တွင်းဖြစ်များကို ပြောင်းသုံးခြင်းစသည်တို့ဖြစ်သည်။

ဥပမာ ယခင် ရယ်ဒီမိတ် နိုင်ငံခြားအဖြစ်အဝတ်အထည်တို့ကို ဝတ်သည့်အစား ပြည်တွင်းယက် ချည်ထည်လေးများကိုဝတ်ဆင်ခြင်း၊နိုင်ငံခြားမှတင်သွင်းသည့် အကောင်းစားအရက်များကိုသောက်ခြင်းထက် ပြည်တွင်းဖြစ်၊ပြည်တွင်းထုတ် ဝိုင်၊ခေါင်ရည်၊ သဘာဝထန်းရည်စသည့်ပြည်တွင်းထုတ်ကုန်တို့ကို ပြောင်းလဲသောက်ခြင်း၊အသုံးချခြင်းဖြင့် နိုင်ငံခြားဖြစ်ကုန်များကိုဝယ်ရာတွင် ဒေါ်လာဈေးဖြင့်ပေးချေရမည်တွင် ဒေါ်လာငွေ(money)လိုအပ်မှုကို အထိုက်အလျောက်ချေဖျက်နိုင်လိမ့်မည်ထင်ပါသည်။စာဖတ်သူများလည်း အဘယ်သို့ထင်သနည်း ဆွေးနွေးကြစေလိုပါသည်။ယခုတော့ ကားထက် ဆိုင်ကယ်ကိုသာ ဆီတထောင်ဖိုးထည့်၍ စီးနေပါတော့မည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy

Leave အတက်တကာ့ထွဋ်ခေါင် to:

Written by

Go forward!!

Read more #myanmar posts


Best Posts From mgtoetat

We have not curated any of mgtoetat's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mgtoetat