Steem အကျိုးမျှော်၍ နှိုးဆော်
အားလုံးသိကြသည့်အတိုင်းပင် မကြာခင်က HF20 update ကြောင့် steemit users များတွင်သာမက မိမိတို့ msc members တွေကြားပိုစ်တင်မှု၊စာရေးသားမှု အတန်ကြာပြတ်တောက်သွားရသည်။ထို့အပြင် နေ့စဉ်ပရိုပေးခြင်း(daily promotion) များပါ ရပ်တန့်သွားရလေသည်။ထိုသို့ဖြစ်ရခြင်းမှာ ပိုစ်တင်မရလောက်အောင် voting power(vote mana) များပိုးဆိုးပက်ဆက် လျော့ကြရသည်။
ထို့အပြင် ပုံစံအသစ် resource credits (ယခင်က bandwidths) လည်း အတော်ပင်လျော့ကြသွားရ၍ vote ခြင်း၊မန့်ခြင်း၊ rewards များကလိန်း(claim) ခြင်းစသည်တို့ပင် အဆင်မပြေသည်ကို အားလုံးသိကြပါသည်။ယခု ပျှမ်းမျှငါးရက်အကြာတွင် members တော်တော်များများ၊ steemit users တော်တော်များများ အကောင့်များ(accounts) တွင် voting power နှင့် resource credits များလည်း အတော်အတန်ပြည့်လုနီးပါးဖြစ်လာကြပါသည်။
ထို့ကြောင့် ယခုအခါ မိမိတို့ MSC မှ နေ့စဉ်ပရို (daily promotion) စတင်ပေးလာသကဲ့သို့ လွန်စွာတက်ကြွသော MSC members အချို့မှလည်း ပိုစ်များစတင်တင်လာခြင်းဖြင့် MSC တွင် ခဏတာတိတ်ဆိတ်ခြောက်သွေ့နေရခြင်းကိုချေဖျက်ကြလေပြီ။နေ့စဉ်ပရိုမိုးရှင်း( daily promotion)ကို စတင်ယူနေကြပြီဖြစ်ပါသည်။
သို့သော် ယခုအခါ အပြောင်းအလဲများတွင် မြေစမ်းခရမ်းပျိုးကာလလည်းဖြစ်နေသောကြောင့် ပရိုယူရန် ပိုစ်တင်နည်းနေခြင်းတို့လည်းရှိနေပါသေးသည်။အပြောင်းအလဲတွင် ပိုစ်တင်ရာတွင် အသစ်အဆန်းခံစားရခြင်း၊ voting power နှင့် resource credits ၏ သဘောသဘာဝကို အပြည့်အစုံမသိရှိသေးခြင်း၊အခြေအနေကို စောင့်ကြည့်လျက်ရှိနေသေးခြင်းတို့ကြောင့် ပိုစ်မတင်ကြသေး၊ပရိုမယူကြသေးခြင်းဖြစ်ပေမည်။
အချို့ members များမှာလည်းကျောင်းသားများဖြစ်လေရာ တက္ကသိုလ်ကောလိပ်တော်တော်များများ၏ စာမေးပွဲကာလလည်းဖြစ်သဖြင့်အကြောင်းအမျိုးမျိုးကြောင့် ပိုစ်တင်ကျဲသွားခြင်းလည်းဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမှု အခြေအနေတည်ငြိမ်သွားပြီဖြစ်သဖြင့် မိမိတို့ ပိုစ်တင်စရာရှိတာတင်ကြပါ။ပရိုယူကြပါ။ယခင်ကဲ့သို့ သာသာယာယာစည်ပင်စွာဖြင့် ပရိုယူကြပါ။အချိန်ရှိခိုက်လုံ့လစိုက်ကြပါ steem အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်ခင်များ။
written by @mgtoetat
photos by @mgtoetat
MSC-073
post on busy
Leave Steem အကျိုးမျှော်၍ နှိုးဆော် to:
Read more #myanmar posts
Best Posts From mgtoetat
We have not curated any of mgtoetat's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From mgtoetat
- Let’s visit to Suan Luang Rama IX
- Valentine's chocolate cake
- Happy Valentine's day to you all
- Elephant camp or the oasis of Burma's tropical zone
- တစ်ချိန်ကကျောင်းသားဘဝ-1
- အတက်တကာ့ထွဋ်ခေါင်
- Steem အကျိုးမျှော်၍ နှိုးဆော်
- Puppy လေးတစ်ကောင်မွေးမည်ဆိုလျှင်-Final
- စာမေးပွဲဖြေဆိုနိုင်ကြပါစေ
- Puppy လေးတစ်ကောင်မွေးမည်ဆိုလျှင်-1