
" တရား (၂)"
" တရား (၂)"
လူ့ဘဝရဲ့
စည်းစိမ် ချမ်းသာအစစ်ဟာ
ပစ္စည်းဥစ္စာပေါ်မှာ အခြေခံရင်
သေချာတယ်
ငါတို့ "ဘုရား"
တောထွက်ခဲ့မှာ မဟုတ်ဘူး ။
ငါတို့ဟာ ရှာဖွေသူတွေပါ
ရှာဖွေခဲ့တဲ့ အကြောင်းတရားနဲ့
ဖြစ်ပေါ်လာမယ့် အကျိုးတရား
ကူးသန်းနေတဲ့ အဲဒီအချိန်ကြားကာလမှာ
ငါတို့ လိုအပ်တာ
မေတ္တာဓာတ်လေး
စိုစွတ်နွေးထွေး နေဖို့ပဲ ။
ငါတို့ဟာ
လူသားတစ်ယောက်အဖြစ်
ကျကျနန လက်ခံရရှိပြီးပြီ
ငါတို့ ခန္ဓာမှာ
ဘယ်လက်နက်ဆန်းကိရိယာမှ
တပ်ဆင်မလာခဲ့ဘူး ။
လောကမှာ
အမှောင်ကိုပစ်ခွင်းဖို့ရာ
ပါရမီရှင်မရှိဘူး
မေတ္တာတရားနဲ့ ပစ်ခတ်ပြီး
ပါရမီ ရင့်သန်အောင်
လုပ်တဲ့နည်းတော့ရှိတယ် ။
လူသား အချင်းချင်း
လူသား ဆန်နိုင်ကြပါစေ ။ ။
Leave " တရား (၂)" to:
Read more #blog posts
Best Posts From MayLay
We have not curated any of luckylay's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.