MayLay avatar

လူလိမ်လူကောက်များ (အမျိုးသမီးများ သတိပြုနိုင်ပါစေ)

luckylay

Published: 08 Aug 2018 › Updated: 08 Aug 2018လူလိမ်လူကောက်များ (အမျိုးသမီးများ သတိပြုနိုင်ပါစေ)

လူလိမ်လူကောက်များ (အမျိုးသမီးများ သတိပြုနိုင်ပါစေ)

လူလိမ်လူကောက်များ
(အမျိုးသမီးများ သတိပြုနိုင်ပါစေ)

ကျွန်မတို့်နယ်မြို့ဈေးလေးထဲမှာဟိုဝယ်,ဒီဝယ်နဲ့ပြီးတော့ အလုပ်ကိစ္စလေးတစ်ခုချိန်းထားတာရှိနေပြန်တယ်..အချိန်ကလည် တစ်နာရီလောက်လိုသေးတာမို့ ရုပ်ရှင်ရုံထဲ ရုပ်ရှင် တစ်နာရီလောက်ဝင်ကြည့်မယ်လို့ စိတ်ကူးနဲ့ရုပ်ရှင်ဝင်ကြည့်မိခဲ့တာက..ဘဝတစ်သက်လုံးမမေ့နိုင်တဲ့ အန္တရာယ်ချောက်ထဲကို ကျရောက်သွားခဲ့သလိုပါပဲလား...

အသက်၅၀ကျော်လောက်အန်တီကြီးကကျွန်မရဲ့ဘေးခုံမှာ..တစ်နာရီပြည့်တာနဲ့ရုပ်ရှင်ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ.အလုပ်ကိစ္စရှိလို့ပြန်မှာမို့် ထောင်စွန်းခုံလေးကိုပဲ ဝယ်လိုက်တယ်...ရုပ်ရှင်ကထွေလာတွေပြရင် ကျွန်မဘေးကအန်တီကြီးက ပွတ်သီးပွတ်သတ်လုပ်လာတယ်.. စိတ်ထဲတော့ဟိုရှာသလိုလို ဒီရှာသလိုလိုနဲ့တစ်မျိုးပဲ..ဒါပေမဲ့ ကိုယ့်ကအကောင်းဘက်ကပဲတွေးလိုက်တယ် သူအသက်ကြီးလိုဖြစ်ပါလိမ့်မယ်လို့ပေါ့...ရှပ်ရှင်ကမြန်မာဟာသကားပြနေတာ..တဖြည်းဖြည်းနဲ့ရုပ်ရှင်ထက်သူကို ပိုစိတ်ဝင်စားလာတယ်..ဖုန်းတွေပြောလိုက် ကိုယ်နားကိုတိုးလာလိုက်နဲ့လေ.....

ဲ့အဲ့ချိန်မှာမထင်မှတ်တဲ့အသံကြီးတစ်ခုထွက်လာတယ်...."လုပ်ကြပါဦးရှင် ကျွန်မရွှေတွေပျောက်သွားလို့'' ဘေးကအန်တီအော်လိုက်တဲ့အသံ ရုပ်ရှင်ရုံတစ်ခုလုံးကို ဟိန်းသွားတယ်..ရုပ်ရှင်ရုံထဲမှာလည်မီးတွေဖွင့်ပြီး သူကကျွန်မကိုမယုံသလိုနဲ့ သူကိုစစ်ပေးပါ..သူကိုစစ်ပေးပါ တဲ့လေ...'အို..အို'''..ကြည့်လိုက်တော့လည်Fဆိုတဲ့ခုံတန်းမှာ သူနဲကျွန်မနှစ်ယောက်တည်းပဲရှိနေတာ..လုံခြုံလေးရေးက ကျွန်မအိပ်ထဲကိုရှာတော့ ကိုယ်ပစ္စည်းမဟုတ်တဲ့ ရွှေလက်စွပ်နဲရွှေဆွဲကြိုးတွေ...
တွေ့ခါစတော့ လူကိုပူထူသွားတယ်..ဘာလုပ်လို့ဘာကိုင်းရမှန်းမသိဘူး...
'"ဒါ...အန်တီသပ်သပ်လုပ်ကြံတာ....အဲ့ဒါကျွန်မပစ္စည်တွေမဟုတ်ဘူး'' ကြောက်တဲ့စိတ်နဲလုံခြုံရေးကို့ဖြေမိခဲ့တယ်...အနောက်တန်းနဲ့ဘေးခပ်လျှမ်းလျှမ်း ခုံကသူတွေက"အဲ့မိန်မကြီးကိုကမူမမှန်နေတာ ကျွန်မတို့တွေ့တယ် အဲ့ကောင်းမလေးနားကို တကပ်ကပ်နဲ့, အဲ့မိန်းမကြီးလုပ်ကြံတာဖြစ်မယ်လို့"မထင်မှတ်လောက်အောင် ဝိုင်းပြောပေးကြတယ်..အဲ့အန်တီကဘာပြောသတဲ့ လုံခြုံရေးကို...မဲ့ကာရွဲကာနဲ့.."ထားလိုက်တော့ ငါပစ္စည်းလည်ပြန်တွေ့ပြီး"...ရုပ်ရှင်ရုံထဲ မီးတွေပြန်ပိတ်ပြီး..ပြလက်စရုပ်ရှင်ကိုဆက်ပြတယ်..
ကျွန်မ ပြန်ထွက်ဖို့်လုပ်ရင်သတိတစ်ခုဝင်ခဲ့တယ် အဲ့အန်တီပုံကိုဓါတ်ပုံရိုက်ထားဖို့.... ဖုန်းပဲထုတ်ရသေးတယ်..ထောင်ထောင်မောင်းမောင်း ရွှေတွေအိနေအောင်ဝတ်ထားတဲ့မိန်းမတစ်ယောက်.. .ကျွန်မနဲ့တော့အသက်သိပ်မကွာလောက်ဘူး...
ကျွန်မကိုအနားကိုသူရောက်လာပြီး လက်ကိုတအားဆွဲလိုက်တယ် ပြီးတော့သူဆွဲကြိုးကိုအတင်းထိပြီး.. '''ကယ်ကြပါဦးရှင်, ကယ်ကြပါဦးရှင် ကျွန်မဆွဲကြိုးကိုလုနေလို့ဆိုပြီ'' အသဲဗြဲကြီးနဲ့ အော်ပြန်တယ်...လုံခြုံလေးရေးကပြန်ရောက်လာ ရုံထဲမိးတွေဖွင့်တော့ ကိုယ်ပဲတကယ်လုပ်တဲ့အမူအရာနဲ့...လုံခြုံရေးဆိုတဲ့ကောင်းလေး နှစ်ယောက်ကလဲ အသက်ဆယ်ရှစ်နှစ်သာသာလေးတွေ...
ရုံထဲမီးဖွင့်တဲ့အချိန်မှာသတိထားမိလိုက်တော့ လူ၈ယောက်လောက်ပဲရုပ်ရှင်ရုံးထဲမှာတွေ့တယ်...နယ်ကရုပ်ရှင်ရုံသေးလို့ဖြစ်စေ ,ကျွန်မကြည့်တဲ့အချိန်က မနက်၁၀နာရီခွဲပွဲ,တနလာင်္နေ့ဖြစ်လို့လူနည်းတယ်ဆိုတာထက်..အဲ့ထဲက လူရှစ်ယောက်လုံးရဲ့ မျက်လုံးတွေကအကြံတွေနဲ့ဆိုတာ ကျွန်မစိတ်ကသိနေတယ်

အဲ့မိန်းမရဲ့ ဆွဲကြိုးကြီးကို ကျွန်မတကယ်ပဲအားနဲ့ ရုပ်ရှင်ရုံအပြင်ဘက်ရောက်အောင်, ရုန်းလိုမရအောင် ဆံပင်တွေကိုရောအသေဆွဲခေါ်ခဲ့တယ်...သူတို့အုပ်စုဖွဲ့ပြီး ရုပ်ရှင်ရုံထဲမှာ ကျွန်မကိုအနိုင်ကျင့်မယ်..ပါလာတဲ့ဖုန်းတွေ, ပိုက်ဆံတွေကိုလုပြီးထွက်ပြေးမဲ့သူတို့အကြံအစီကို ကျွန်မသိနေတယ်...
ဒီတစ်ခါတော့ မကြောက်တော့ဘူး...သူကလူတွေသနားအောင် အော်ကြီးဟစ်ကျယ်နဲ့ တိုးတိုးလေးလဲပြောလိုက်သေးတယ်'' နင်စီကငါတို့ မလုတော့ပါဘူး ငါကိုလွှတ်ပေးပါတဲ့'' ရုပ်ရှင်ရုံအပြင်ရောက်တော့ ရုံထဲကသူလူတွေလိုက်လာတယ်... ရုပ်ရှင်ရုံအရှေ့အပေါက်မှာ ကားတစ်စီး,ဆိုင်ကယ်တစ်ချို့က သူတို့လူတွေတချို့လည်ဖြစ်နိုင်တယ်...အဲ့အချိန်မှာ မိန်းမသားဖြစ်တဲ့ကျွန်မအတွက်တော်တော်လေး အန္တရယ်ဖြစ်နေပြီ....အဲ့မိန်းမဆွဲကြိုးကို အားနဲ့ဆွဲထားရင်းကြိုးပျက်သွားပြီး ချိတ်နဲ့အပျက်တစ်ပိုင်းကကျွန်မလက်ထဲမှာ...အဲ့တာသက်သေအဖြစ်မိမိရရဆုတ်ကိုင်ထားပြီး ..ရုပ်ရှင်ရုံရဲ့ ဘေးပေါက်လမ်းထဲက အားသွန်းခွန်စိုက်လူတွေရှိတဲ့နေရာကိုထွက်ပြေးခဲ့တယ်...သူတို့က အနောက်ကအုပ်စုလိုက် ဆွဲကြိုးလုပြေးတယ်ဆိုပြီးအနောက်က အသည်းအသန်လိုက်လာကြတယ်...လူတွေကိုအကူအညီတောင်းလဲ လူအများစုဖြစ်တဲ့သူတို့ပြောတာကိုပဲယုံမယ်ဆိုတာ ကျွန်မသိတယ်..

အဲ့လိုလုယက်လုပ်စားနေတဲ့အုပ်စုကို ကျွန်မအမြစ်ဖြတ်ချင်တာ... ရဲစခန်းရှိတဲ့နေရာက ကျွန်မရောက်နေတဲ့နေရာနဲ့အတော်လေးဝေးသေးတယ်...ပြေးရင်စဉ်းစားတယ် ကိုယ့်အတွက်လုံခြုံပြီး သူတို့အကြောင်းကိုပြောပြလို့ရမယ်ဌာနမျိုး...အတွေးတစ်ခုဝင်လာပြန်တယ် ဈေးနားမှာဆို မီးသတ်ဌာနရှိနေကြပဲဆိုပြီး မီးသတ်ရုံးရှိရာကိုအစွမ်းကုန်ပြေးခဲ့တယ်...သူတို့ကလည်နောက်ကနေ အော်ပြီးလိုက်ကြ..လူတွေကဝိုင်းကြည့်ပြီး ဝေဖြန်သံအမျိုးမျိုးကို နားထဲကြားနေရတယ်.....

မီးသတ်ရုံးထဲကျွန်မရောက်သွားတဲ့အခါမှ စိတ်အေးသွားတယ်..သေချာတာကသူတို့အုပ်စု ကျွန်မကိုအနိုင်ကျင့်လို့မရနိုင်တော့ဘူး....
ဒီတစ်ခါ တော့ ကလိမ်ကကျစ်လုပ်စားရတဲ့ဟာတွေကို ဆုံးမရမယ့်ကျွန်မအလှည့်ပဲ.......

Leave လူလိမ်လူကောက်များ (အမျိုးသမီးများ သတိပြုနိုင်ပါစေ) to:

Written by

❣💕❣I love reading..writing..knowledge sharing and steem❣💕❣

Read more #life posts


Best Posts From MayLay

We have not curated any of luckylay's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From MayLay