
💖💖ကလေးအတွေး💖💖 အပိုင်း(1)
💖💖ကလေးအတွေး💖💖 အပိုင်း(1)
"ကိုကို ပြန်လာရင် ဝိုင်းအတွက်အင်္ကျီလှလှလေးတေဝယ်ခဲ့နော်
"ဟုတ်ကဲ့ပါဝက်မလေးရယ်
"ဟင့် ကိုကို နော် ဝိုင်းကဝိတ်ချနေပြီ
သိပ့်မဝတော့ပူး
"ဟုတ်ကဲ့ပါဗျာ
ဒါပဲနော် ဝိုင်း ကိုကိုအလုပ်ထဲဝင်တော့မယ်
"ဟုတ်ကဲ့ ကိုကို
ဝိုင်းက ကိုကိုဖုန်းကိုချလိုက်ပြီး လေ့ကျင့်ခန်းဆက်လုပ်နေသည်
"သမီးရယ် နည်းနည်းပါးပါးနားပါအုန်း
"ဟင့်အင်း မေမေ ကိုကိုပြန်လာရင် ဝိုင်း
ပိန်နေမှလေ နို့မို့ဆိုကိုကိုကဝိုင်းကိုစိတ်ဝင်စားမှာမဟုတ်ဘူး
ဘယ်ယောက်ျားလေးနဲ့မပက်သက်ခဲ့တဲ့ဝိုင်းက
ကိုကို့ ကိုသာ ယောက်ျားလေးဟုမြင်ခဲ့သည်
ဝိုင်း ကိုကို့ ကိုငယ်ငယ်လေးထဲကချစ်သည်
ကိုကို သာ ဝိုင်း ရဲ့ဘဝလို့တွေးထားသည်
•°•°•°•°•°•°°•°•°•°°°°°
"ကလင်....ကလင်....
ထက်မြက် အစည်းအဝေး အခန်းထဲရောက်တုန်း
ဖုန်းကဝင်ချလာသည်
"ဟဲလို ဖြူ ပြောလေ
"ကိုကို ဘယ်တော့ပြန်လာမှာလဲဟင်
"ပြန်လာတော့မှာပါ မကြာတော့ပါဘူး
"ဖြူက ကိုကို့ ကိုလွမ်းနေတာ
"ခုနလေးတင် ဝိုင်း ဖုန်းဆက်သေးတယ်
"ဟုတ်လား သူဘာပြောဝါးတာလဲကိုကို
"အခု ကိုကို အလုပ်မအားသေးဘူး
ဒါပဲနော် ဖြူ
"တွေ့လား ကိုကို က ဖြူနဲ့ဆိုဘယ်တော့မှမအားပူး
ဝိုင်း နဲ့ဆို အမြဲတမ်းအားတယ်
"မဟုတ်ပါဘူး မိဖြူရယ် အခုတကယ်မအားလို့ပါ
ညကြရင် ဖြူ့ ပတွက်အချိန်ပေးမယ် okလား
"ကိုကို တကယ်ပြောတာနော်
"တကယ်ပေါ့
"အဲ့ဆို ဒါပဲလေကိုကို bye bye
"ဟူးးး
ဖြူ ဖုန်းချသွားတော့ ထက်မြက်သက်ပြင်းလေးချမိသည်
ဖြူ နဲ့ ဝိုင်း ဆိုတာ ထက်မြက်ငယ်ငယ်တည်းက
ညီမလေးအရင်းလို့ချစ်ခဲ့တဲ့သူတွေပါ
ဝိုင်းကထက်မြက်အပေါ်အမြဲတမ်းအရှုံးပေးတယ်
ဖြူကတော့အမြဲတမ်းအနိုင်ယူတယ်
နှစ်ယောက်စလုံးက ထက်မြက်ကိုစိတ်ဝင်စားနေတာ
ထက်မြက်သိသည် ဝိုင်းက ဝ သလောက်
ဖြူက ဖြူသွယ်ဆိုတဲ့နမည်နဲ့လိုက်အောင်
ဖြူဖြူသွယ်သွယ်လေးနဲ့ချစ်စရာကောင်းသည်
ထက်မြက် ဖြူ အပေါ်မရိုးသားစိတ်ဝင်ခဲ့တာအမှန်ပင်
•°•°•°•°•°•°•°•°°°•°°°°°•°
"အော် သမီး ဖြူ
မိဝိုင်း ရေ ဖြူသွယ်လာတယ်
"ဟင့်  အရှုပ်ထုတ်မ ဘာလာလုပ်တာလည်းမသိပူး
ဝိုင်းကအားကစားလုပ်နေရင်း မျက်နှာစူပုတ်ကာ
ဖြူ ကိုထွက်တွေ့လေသည်
"ဘာလဲ ငါကအားတာမဟုတ်ဘူး
"ဟီးဟီး
နင်က ဇွဲကောင်းနေပါလား
ဝိုင်းကမျက်နှာစူပုတ်နေသလောက် ဖြူက
အပြုံးများဝေနေသည်
"အပိုတွေမပြောနဲ့ နင် င်ါဆီလာတာ
ဘာကိစ္စလဲ
"ဘုရား မုန့်သွားစားမလို့နင့်ကိုလာခေါ်တာ
"ငါမအားဘူး
"အေးပါ
နင်မအားလဲကိစ္စမရှိပါဘူး
ဝိုင်းကမျက်နှာတင်းနေသည်
"ဟီး သိပ့်လည်း ကြိုးစားမနေနဲ့ ကိုကို ကနင့်ကို
စိတ်ဝင်စားမှာမဟုတ်ဘူး
"ဘာပြောတယ်
ဖြူ က ဝိုင်း ကိုဘေးတီးပြီး ထွက်ပြေသွားသည်
ဝိုင်း ဖြူနဲ့ယှဉ်ရသ်အမြဲအားငယ်ရသည်
ဖြူက ပိန်တယ် ကိုကို့ ရဲ့ဂရုစိုက်မှုကိုလည်း
ဝိုင်းထက်ပိုရတယ်
ဝိုင်း ဒါတွေကိုစဉ်းစားတိုင်း ဝိတ်ချ ချင်စိတ်တွေပိုဖြစ်လာသည်
•°•°•°•°•°•°•°•°•အပိုင်း(2)ဆက်ရန်
Leave 💖💖ကလေးအတွေး💖💖 အပိုင်း(1) to:
Read more #story posts
Best Posts From MayLay
We have not curated any of luckylay's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.