ပျိုးထောင်မှု
ပညာမပါတဲ့ မျက်ကန်းယုံကြည်မှုဟာ ဘယ်လောက်ပဲ အားကောင်းနေပါစေ။
တစ်နေ့ တော်လှန်ချင်စိတ်ဖြစ်လောက်အောင် စိတ်နာကြည်းမှုနဲ့ပေါင်းစပ်လိုက်သောအခါ
နေလာနှင်းပျောက်သလို အကုန်ပျက်စီး သွားရတော့တယ်.။
တစ်ခါတစ်ရံ ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုအပေါ်မှာလည်း ကိုယ့်ရပ်တည်ချက်ကို အလွယ်တကူစွန့်သွားတတ်တယ်.
ပညာမပါတဲ့မျက်ကန်းယုံကြည်မှုမျိုးကို အစကထဲက မပျိုးထောင်ပေးတာ အကောင်းဆုံးပါ.။
မိမိမျိုးဆက်အတွက် အကောင်းဆုံးက မိမိကိုယ်တိုင် ဆင်ခြင်သုံးသပ်နိုင်စွမ်း ပညာ နဲ့
ငါသိငါတတ် မာနထောင်လွှားမှု မရှိတဲ့ ကိုယ်ကျင့်တရားကိုသာ အဓိက ပျိုးထောင်ပေးစေချင်ပါတယ်.။
ကိုယ့်အယူအဆ အတွေးအခေါ်တွေကို သားသမီးတွေဆက်လက် လက်ဆင့်ကမ်းသယ်ဆောင်စေချင်သေးတယ်ဆိုရင် ပညာနဲ့ အကျင့်အပြင် ကိုယ့်အယူအဆရဲ့ အနှစ်သာရတွေ ၊ လုံလောက်တဲ့ အချက်အလက်တွေ ကို အပြည့်အ၀ ပေးခဲ့ဖို့လိုပါတယ်။ ဒါဖတ် ဒါလက်ခံဆိုတဲ့ပုံသေရိုက်သွင်းမှုသက်သက်ကိုသာရခဲ့တဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ ပညာရဲ့အနှဏ်သာရတွေို့ကိုယ်တိုင်မသိနိုင်တဲ့အခါ သူ သိသလောက်နဲ့ တိုင်းပြီး မိဘ အယူအဆတွေကို ပစ်ပါယ်တာ ဆန့်ကျင်တာတွေဖြစ်လာတတ်ပါတယ်။
လိုအပ်တာတွေမပေးခဲ့လို့ သူ ရရှိခဲ့သလောက်နဲ့ သူ ဆုံးဖြတ်လုပ်ကိုင် သွားခဲ့ရင် အဲ့ ကလေးရဲ့ ရွေးချယ်မှု ဟာ ကိုယ့်တာဝန်သာပါပဲ။
Kyaw Thu Ra
MSU 056
Photo credit - http://blog.careerfutura.com/child-and-parent-relationship-space/
Leave ပျိုးထောင်မှု to:
Read more #msu posts
Best Posts From komoekyaw
We have not curated any of komoekyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.