komoekyaw avatar

spring time

komoekyaw

Published: 07 Nov 2018 › Updated: 07 Nov 2018spring time

spring time

လွန်ခဲ့တဲ့နှစ်ရက်ကထဲကရေးဖို့စိတ်ကူးပြီး မရေးဖြစ်တဲ့အကြောင်းလေးပါ။
အဲ့နေ့ကမနက် အိပ်ရာနိုးတော့ ဖုန်းကနာရီကစောနေတာသတိထားမိတယ်။ ကိုယ်အိပ်ရာနိုးတာစောတာနေမယ်လေဆို တွေးယုံအပြင်မထူးခြား။ ကွန်ပြူတာနဲ့ ခနသုံး မနက်စာ စားတာနဲ့ အပြင်သွားဖို့ကို ကွန်ပြူနာကနာရီကြည့်မိတော့ မနက်က နိုးကာစဖုန်းကအချိန်ပဲ ဖြစ်နေတော့မှ အချိန်တစ်ခုခုတော့ပြဿနာတက်နေပြီဆိုတာ သေချာသွားတယ်။ ဖုန်းတွေလိုက်ကြည့်တော့အကုန်အချိန်တူတူ။ အိမ်ကနာရီတွေလိုက်ကြည့်တော့ နာရီတွေချင်းကအတူတူ။ ဖုန်းကအချိန်နဲ့ အပြင်ကအချိန်တွေက တစ်နာရီတိတိကွာနေတာ။ အဲ့တော့မှ googling ပြေးခေါက်ရတော့တာပေါ့။ တွေ့ပါပြီ ။ https://www.timeanddate.com/time/dst/history.html ဒီလင့်ခ်မှာ အပြည့်အစုံ ပါပါတယ်။
အကြောင်းက စံတော်ချိန် တစ်နာရီအပြောင်းပလဲ ဖြစ်တာကို ဖုန်းတွေက time zone အလိုက်ော်တိုချိန်းသွားပေမဲ့ အိမ်ကနာရီတွေက လိုက်မချိန်းတော့ ကွာနေတာပါ။ အချိန်တစ်နာရီ စောသွားခြင်းအားဖြင့် ရုံးတွေကျော်းတွေ တနာရီ စောဆင်းရတာမို့ ညနေ မိုးစောစောချုပ်တဲ့ ဆောင်းတွင်းမှာ ဝန်ထမ်းတွေ ကျောင်းသားတွေအဆင်ပြေပေမဲ့ ဆိုင်တွေပိတ်ချိန်က တစ်နာရီ ပိုနောက်ကျပြီး ပိတ်ရတာကတော့သိပ်မမိုက်ဘူးပေါ့။ နယူးယောက်စတိတ်မှာက နွေဆိုရင် ၇ နာရီကျော်မှ မိုးချုပ်တတ်ပေမဲ့ ဆောင်းမှာဆို ၄ နာရီခွဲလောက်ကထဲကမှောင်စပြုနေပြီလေ။

ဒီ လျော့ထားတဲ့ တစ်နာရီက နောက်နှစ် မတ်လ မှာ ပြန်တိုးမှာဖြစ်ပါတယ်
kyaw thu ra image
msu 056

Leave spring time to:

Written by

Read more #msu posts


Best Posts From komoekyaw

We have not curated any of komoekyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From komoekyaw