komoekyaw avatar

အမေရိကန်သွားလည်ကြမလား

komoekyaw

Published: 16 Nov 2018 › Updated: 16 Nov 2018အမေရိကန်သွားလည်ကြမလား

အမေရိကန်သွားလည်ကြမလား

အရင်ခေတ်ကတော့ အမေရိကန်သွားလည်ဖို့ဆိုတာ အတော်မလွယ်တဲ့အခြေနေ။
ခုကတော့အတော်လေးကိုလွယ်ကူလာပြီလို့ပြောရပါမယ်.။
steemit ပရိသပ်ထဲမှာရော အမေရိကန်သွားလည်ချင်သူတွေ၇ှိနေမလား။
မလည်ချင်သေးလဲ လည်ချင်သူတွေကို ပြန်ပြောပြလို့ရအောင် သိချင်မလားလို့ ဒီပိုစ်လေးတွေရေးဖို့ စဉ်းစားလိုက်ပါတယ်။
ကျွန်တော် ခုပြောပြမှာက ကိုယ်တွေ့သိထားတဲ့နည်းလမ်းတွေပါ။ အခြားနည်းလမ်းတွေလည်းရှိပါလိမ့်မယ်။
အမေရိကန်ကို သွားလည်မယ်ဆို အဓိက လိုအပ်တာက အမေရိကန် နိုင်ငံသားတစ်ဦးဆီက ပို့ပေးမဲ့ စပွန်စာ သို့မဟုတ် ခေါ်စာ ပေါ့။
ဒီအပိုင်းက အရေးအကြီးဆုံးပါ။ ဘာလို့ဆို ကျန်တဲ့လိုအပ်ချက်တွေက အဆင်ပြေအောင်ဖန်တီးလို့ရပေမဲ့ ဒီစပွန်စာ ပို့ပေးမဲ့သူကရဖို့ အတော့်ကိုခက်ပါတယ်။
တစ်ဘက်က ပို့ပေးရမဲ့သူဘက်ကလည်း စာ၇ွက်လေး တစ်ရွက်ပို့ပေးရတာဆိုပေမဲ့ အဲ့စာရွက်ရဲ့နောက်မှာ နောက်ဆက်တွဲတာဝန်ယူရတာတွေကအတော်လေးကိုများလွန်းပါတယ်။
လူတစ်ယောက်ကိုစပွန်စာပေးလိုက်ပြီဆိုတာနဲ့ အဲ့ဒီလူ တစ်ယောက် သို့မဟုတ် မိသားတစ်စု ဟာအမေရိကန်ကိုရောက်လာပြီးတဲ့အခါ နေရေး စားရေးကအစ ကျန်းမာရေးအထိအားလုံးက စပွန်စာပေးသူရဲ့ တာဝန်ဖြစ်သွားလို့ပါ။
ဟုတ်ပြီ...။ ပဲ့လိုပေးမဲ့သူရပြီဆိုပါတော့ ။ သူ့ဆီက ဘာတွေတောင်းဖို့လိုအပ်မလဲ။
ခေါ်စာပို့ပေးမဲ့သူဘက်က document ၃ ခုပို့ပေးရပါတယ်။
(1) I-134 ကိုပြည့်စုံအောင်ဖြည့်ပြီး ပို့ပေးရပါမယ်။
(2) Form E လို့ခေါ်တဲ့ အခွန်ပေးဆောင်ထားကြောင်း သက်သေ ducument စာရွက်ပါ။
(3) ခေါ်စာပို့ပေးမဲ့သူရဲ့ ID သက်သေခံ ကဒ်ပြားမိတ္တူ
စတဲ့ ၃မျိုးကို email ကနေမဆို ပို့ပေးပြီး ပရင့်ထုတ်ယူထားဖို့လိုအပ်ပါတယ်။

နောက်အပိုင်းမှာ i 134 နဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို ဆက်လက်ရေးပြပါမယ်။ အဲ့နောက် ပြည်တွင်းက သွားလည်မဲ့သူဘက်ကလိုအပ်တဲ့အချက်အလက်တွေကို ကျွန်တော်မှတ်မိသလောက်အသေးစိတ် ဆက်လက် ရေးသားပါမည် ခင်ဗျာ
Kyaw Thu Ra
MSU - 056

Photo Credit

unnamed.jpg

Leave အမေရိကန်သွားလည်ကြမလား to:

Written by

Read more #msu posts


Best Posts From komoekyaw

We have not curated any of komoekyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From komoekyaw