RIP Stephen Hawking
တစ်ခါတစ်လေ နာမည်သိပ်ကြီးတဲ့သူတွေကို သနားမိတယ်။
ဥပမာ အိုင်းစတိုင်း တို့ ဟော့ကင်းတို့လို သိပ္ပံပညာရှင်တွေကနေ ယေရှုတို့ လို အိုရှိုးတို့လို အယူအဆရေးရာ ဖောင်ဒါတွေနဲ့ နယ်ပါယ်အသီးသီးက နာမည်ကြီးလွန်းတဲ့ သူတွေ အထိ အကုန် သနားစရာကောင်းတာတစ်ခုရှိတယ်။
သူတို့က ဘာရယ်မဟုတ် အဆင်ပြေသလို စိတ်ထဲရှိတာပြောသွားလိုက်တာပဲ။ တကယ်ယုံကြည်တာ စိတ်ထဲရှိတာ အမှန်လည်းဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့ စကားတွေထဲက ကိုယ့်စိတ်နဲ့ကိုက်ညီတာတွေကို ရွေးပြီး အသုံးချနေကြတာက များများ။
လူတွေအသုံးချမှုကနေ လွတ်တဲ့သူက ခပ်၇ှားရှား။ ကျမ်းစာအုပ်တွေလည်းးမနေရဘူးဗျား။ တစ်ယောက်ယောက် ကိုနှိပ်ကွပ်ချင်ရင် ကျမ်းစာထဲက ကိုယ်ပြောချင်တာနဲ့ကိုက်ညီတာလေး ထုတ်ပြီး ပြသဗျ။ စာတစ်အုပ်လုံးမှာတောင် လိုချင်တာလေး တစ်ဝါကျလောက် ကောက်ဆွဲထုတ်ချင်ထုတ်လာတတ်တာ။
အဲ့လိုပဲ ကိုယ့်အယူအဆလေး ပြောချင်ပြီဆို နာမည်ကြိးတွေပြောခဲ့တာထဲက
ကိုက်ညီတာလေးတွေ ယူပြီး ဖဲ့ကြသဗျ။ ဒီလူတွေ သာပြန်သိရင် သူတို့ စိတ်ထဲ အီလည်လည်တော့ဖြစ်မိမယ် ထင်တာပဲ။ :D :D :D
တစ်ခါတစ်လေဆို သူတိုကမပြောခဲ့တာတွေကိုတောင် သူတို့ပြောသယောင်နဲ့ သူတို့ပုံတွေအပေးမှာ ထပ်ရိုက်ပြီး ရှနြေကြသေး။ သူတို့တကယ်ပြောခဲ့တာဟုတ်မဟုတ်လည်း ပြန်လိုက်စစ်တဲ့သူမရှိပါဘူး။ ကိုယ့်စိတ်နဲကကိုက်တာဆို သူတကယ်ပြောခဲ့တာမပြောခဲ့တာမစမ်းစစ်တော့ဘူး။ ရှဲတော့တာပဲ။ တစ်လောကဆို ဂန္ဒီကြီး ပုံပေးမှာ စာတွေရေးပြီး ပေါက်ကရ ရှဲကြမန့်ကြတာ အတော်လေးခေတ်စားလိုက်သေးတယ်။ ပြီးခဲ့တဲ့လပိုင်းက စတီဖင်ဟော့ကင်း ကွယ်လွန်သွားတယ်။
လူတွေက ဟော့ကင်းကြီး ပြောခဲ့တဲ့အထဲက ကိုယ် စိတ်ထဲရှိတဲ့ အရာတွေနဲ့ကိုက်တာလေးတွေရွေးတင်ရင်း RIP လို့ရေးနေကြလေရဲ့။
ဥပမာ
ဘုရားသခင်ဆိုတာမ၇ှိ မယုံကြည်ဘူးဆိုပြောနေပေမဲ့ အမြဲတမ်းဘုရားသခင် အကြောင်းတွေးနေသူတွေကလည်း ဟော့ကင်းပြောတဲ့ဘုရားသခင် နဲ့ပတ်သက်တဲ့ ကုတ်လေးတင်ကြ ။
မိန်းမတွေနဲ့ပတ်သက်ပြီး စိတ်ထဲတစ်ခုခုရှိနေသူတွေကဟော့ကင်းကြီးမိန်မးနဲ့ပတ်သက်ပြီးပြောခဲ့တာတွေတင်ကြ။
ဘာသာရေးကို စိတ်မ၀င်စားတော့ဘူးပြောပြီး အမြဲတမ်းဘာသာရေး အကြောင်း တွေးနေသူတွေကလည်း ဟော့ကင်းကြီးပြောတဲ့ဘာသာရေးနဲ့ ပတ်သက်တဲ့ ကုတ်တွေလေး တင်ကြသဗျ။
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဖီလင်တစ်ခုခုရှိသူတွေကလည်း ဟော့ကင်းရဲ့ အိမ်ထောင်ရေး အကြာင်းလေးတွေ ပြန်ကုတ်ကြပေါ့။
အချိန်တိုင်း သိပ္ပံကသာလျှင် ဘာသာတစ်ခုလိုဖြစ်နေသူတွေကလည်း သိပ္ပံ နဲ့ပတ်သက်တဲ့ ကုတ်တွေရေးပြီး RIP ကြသဗျ။
ဟော့ကင်းကြီးဆုံးပြီဆိုတော့ လူတွေက သူပြောခဲ့တာလေးတွေပြန်၇ှာပြီး တင်ကြတာတွေမြင်မိရင်း ဘာရယ်မဟုတ် ဒီစတေတပ်လေးရေးလိုက်တာပါ။
Kyaw Thu Ra
msu 056
Photo credit - https://www.quantamagazine.org/stephen-hawkings-black-hole-paradox-keeps-physicists-puzzled-20180314/
Photo of Stephen Hawking in 1979 in Princeton, New Jersey.
Leave RIP Stephen Hawking to:
Read more #msu posts
Best Posts From komoekyaw
We have not curated any of komoekyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.