komoekyaw avatar

ငါးမျှားချင်ကြသူများ

komoekyaw

Published: 22 Sept 2018 › Updated: 22 Sept 2018ငါးမျှားချင်ကြသူများ

ငါးမျှားချင်ကြသူများ

KBZ မသုံးတဲ့ သူငယ်ချင်းတစ်ယောက်မေးလ်ထဲကို အောက်ပါမေးလ်တစ်ခု ၀င်လာတယ်။

phishing mail ပါ။ သူပေးတဲ့လင်ခ်ကနေ အကောင့်ဝင်လိုက်တာနဲ့ KBZ ibanking ပါသွားပါပြီ။

Photo credit

42264948_10215195082583729_6241619231016747008_n.jpg

hacking ဆိုတာနဲ့ကိုဘာမှန်းမသိစိတ်ဝင်စားသူတွေအတွက် သင်တန်းတွေရယ် ဈေးပေါပေါနဲ့ video training တွေရယ် ကလည်း အွန်လိုင်းမှာ မွထ။

အဲ့တာလေး နည်းနည်း လေ့လာပြီးတာနဲ့ မြန်မာပြည်မှာလည်း နည်းပညာ ကိုစတင်ထိတွေ့ကာစအခြေနေမှာ ဘာမသိညာမသိသေးသူတွေကို ငါးမျှားချင်သူတွေက တန်းစီနေတယ်။

ဒီကြားထဲ မြန်မာမှာ သံပုရာသီးပေါတယ်ဆိုပြီး နိုင်ငံခြားကကောင်တွေက ၀င်တွယ်တာကတမှောက်။ မြန်မာချင်းချင်း နိုင်ငံခြားသားဟန်ဆောင်ပြီး ရိုးအီဖန်တရာတေနေတဲ့အကွက်တွေနဲ့ သမတာတွေကလည်း မနည်း။ လူ သန်း ၅၀ မှာ တစ်ယောက်မိလည်း ၁၀ သိန်းကျော်ဆိုတော့ မသိသေးရင် အသစ်ဘဲ ဆိုတာမျိုး နည်းဟောင်းတွေလည်းသုံးနေတုံး။

ဒါတွေအားလုံးကို တစ်ချက်ထဲနဲ့ ကိစ္စတစ်ဝက်ကျော် ဖြေရှင်းလိုက်လို့ရတာက sim register ကို တိတိကျကျဖိဖိစီးစီး လုပ်ခိုင်တာပဲ။ လူတစ်ယောက် အော်ပရေတာတစ်ခု sim တစ်ခုပဲသုံး၇မယ်ဆိုတဲ့စနစ် ကျင့်သုံးလိုက်ရင် ကိစ္စပြတ်နေတာ။

ခက်တာက ရာဇ၀တ်မှုတွေကို တကယ် ကျဆင်းအောင် လုပ်ချင်စိတ် ရှိပါ့မလားဆို သံသယ၀င်နေမိတာပဲ။

ကိုယ့်မေးလ်ထဲ ၀င်လာတဲ့ မေးလ်တိုင်းရဲ့ လိပ်စာကိုသေချာကြည့်ပါ။

https မဟုတ်တဲ့ ၀က်ဘ်တွေကို အထူးသတိထားပါ။

ကိုယ်ဝင်မဲ့က်ဘ်ဆိုက်ရဲ့ ဘေးက site information နဲ့ ၀က်ဘ်ဆိုက်နာမည်တွေကိုသေချာစစ်ပြီးမှ
ကိုယ်ဝင်မှာသေချာတဲ့ ၀က်ဘ်ဒိုမိန်းမှန်မှ အကောင့်တွေ ပါစ်ဝါဒ်တွေကို၇ိုက်ပါ။

ဆင်တူရိုးမှား ၀က်ဘ်တွေဖန်တီးပြီး phishing site တွေဖန်တီးထားတတ်ပါတယ်။

သတိ
ငါးမျှားသူများအတော်များလာနေသည်။

Kyaw Thu Ra
MSU - 056

Leave ငါးမျှားချင်ကြသူများ to:

Written by

Read more #msu posts


Best Posts From komoekyaw

We have not curated any of komoekyaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From komoekyaw