World Cup
ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး၊ အထင်ရှားဆုံး၊ အအောင်မြင်ဆုံးသော အားကစားနည်းတစ်ခုကို ပြပါဆိုလျှင် ကျွန်တော်ကတော့ ဘောလုံးပွဲ (soccer) အားကစားနည်းကိုသာ ညွှန်ပြလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဘောလုံးကစားနည်းဟာ အချိန်နေရာမရွေး၊ အသက်အရွယ် ကျား၊ မ မရွေးဆော့ကစားနိုင်ခြင်း၊ အသင်းလိုက်ကစားရသော ကစားနည်းဖြစ်တာကြောင့် စည်းလုံးညီညွတ်ခြင်း၊ တစ်သင်းနဲ့တစ်သင်း ယှဉ်ပြိုင်အနိုင်ရလိုစိတ်ပြင်းထန်ခြင်း၊ ဆုပေး ဒဏ်ပေး စနစ်များနှင့် တရားမျှတစွာ စနစ်တကျဖွဲ့စည်းထားသော ကစားနည်းဖြစ်ခြင်း စသည်တို့ကြောင့် ဘောလုံးကစားနည်းဟာ အခြားအားကစားနည်းတွေထက် ပိုမိုအောင်မြင်ပြီး လူကြိုက်များရခြင်းဖြစ်ပါတယ်။
ဘောလုံးကစားနည်းတွေထဲမှာ ဖူဆယ်ဘောလုံးကစားနည်း၊ သဲသောင်ပြင်ဘောလုံးကစားနည်း၊ small goal ဂိုးကျဉ်း ကစားနည်း တို့လည်းရှိကြပြီး လူကြိုက်အများဆုံးကစားနည်းကတော့ မြက်ခင်းစိမ်းများပေါ်တွင် တဖက် ဆယ်တစ်ယောက်စီပါဝင် ယှဉ်ပြိုင်ကစားရသော ကစားနည်းပင်ဖြစ်ပါသည်။
ထိုမြက်ခင်းစိမ်းများပေါ်မှ ဘောလုံးပြိုင်ပွဲများကို ကမ္ဘာနိုင်ငံအသီးသီးမှာ ယှဉ်ပြိုင်ကစားကြပြီး ပိုမိုထင်ရှားကျော်ကြားသော ပြိုင်ပွဲများမှာ ဥရောပနိုင်ငံများမှ ဘောလုံးပြိုင်ပွဲများ ဖြစ်ကြပါသည်။ ဥရောပနိုင်ငံများဟာ အခြားသောကမ္ဘာ့နိုင်ငံများထက် ဘောလုံးကစားနည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနည်းနိုင်ကြပြီး ဘောလုံးသမားကောင်းများစွာကိုလည်း အစဉ်မွေးထုတ်ပေးလျက်ရှိပါသည်။
Soccer (ဘောလုံးပြိုင်ပွဲ)များတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲများ၊ နိုင်ငံအလိုက်ပြိုင်ပွဲများ၊ ဖလားလုပွဲများစွာရှိသည့်အနက် အဆင့်အတန်းအမြင့်မားဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲမှာ ယ္ခု ရုရှားနိုင်ငံတွင် ယှဉ်ပြိုင်ကစားနေကြသော လေးနှစ်မှ တစ်ကြိမ်ကျင်းပပြုလုပ်သည့် " World Cup " ကမ္ဘာဖလားပြိုင်ပွဲ ဖြစ်ပါသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြုအသင်း ၃၂သင်းအထိ ပါဝင်ကစားကြပြီး အပြင်းထန်ဆုံး ပြိုင်ပွဲများအဖြစ် လူသိများကြပါတယ်။ ယ္ခု ရုရှားနိုင်ငံတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဇွန်လ ၁၄ရက်မှ ဇူလိုင်လ ၁၅ရက် တစ်လထိထိ လက်ခံကျင်းပသွားမှာဖြစ်ပြီး ဘရာဇီးအသင်းကတော့ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။ ကျွန်တော်ကတော့ ပေါ်တူဂီအသင်းကို ဖလားရစေချင်ပါတယ်။ မိတ်ဆွေတို့ကော ဘယ်သင်းကို အားပေးမှာလဲဆိုတာ commentမှာရေသွားပါအုံးနော်.....။
အားလုံးကိုလေးစားလျက် ရေးသားသူ Jhon
MSC-046
Photo By Google Image
Leave World Cup to:
Read more #myanmar posts
Best Posts From Jhon Jhon
We have not curated any of jhonnight's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Jhon Jhon
- Unicode
- စေတနာ၏ ရောင်ပြန်ဟပ်သံ
- ဒယ်အိုးမကပ်အောင် ငါးကြော်နည်း
- အမေ့လျော့ခံ စေတနာ့ရှင်များ
- Online Gameနှင့် လူငယ်များ
- Movie Review
- App Review
- app review
- TRUST
- cryptocurrency & investment
- အောင်မြင်ကြီးပွားချင်ရင် လေ့လာသင်ယူပါ
- World Cup
- Promise
- We Love Steemit
- ဘဝအတွက်
- ကျနော့် ငပျင်းကောင်
- ကျနော်နှင့် စတီးမစ်
- ကျွန်တော်နှင့် ကိုးလသားအရွယ် စတီးမစ်
- အနီရောင် ကြိုးကြာသူရဲကောင်း (သို့) MOHAMED SALAH
- တန်းဖိုးရှိသော ညနေခင်းများ