ကျနော်နှင့် စတီးမစ်
ယခုဆောင်းပါးတွင် ကျနော် စတီးမစ်ပေါ်မှာ ကြုံတွေ့ ခဲ့ရသည်များကို အနည်းငယ်ဖော်ပြပေးသွားပါမည်။
ယခင်ဆောင်းပါးတွင် ဆိုခဲ့သည့်အတိုင်း ကျနော် စတီးမစ်မှာ စတင်လုပ်ကိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ကိုးလကျော် ဆယ်လနီးပါးခန့်ရှိပြီဖြစ်ပါသည်။ ထိုကာလတွေအတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကား မနည်းလှပေ။ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ မနာလိုခြင်း၊ နောင်တရခြင်း စသည့် ဖြစ်အင်များကိုလည်း ဒီ စတီးမစ်ပေါ်ရောက်မှ အပြည့်အဝခံစားခဲ့ရပါသည်။
စလုပ်တုန်းကတော့ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ အတော်ခက်ခဲ ခဲ့ပြီး အားငယ်စိတ်တွေ သိပ်ငယ်စိတ်တွေနဲ့ စတင်ခဲ့ရတာပါ။ နောက်ပိုင်း MSCနဲ့ လက်တွဲပြီးနောက် ကျနော့အခြေအနေတွေလည်း ပြောင်းလည်းသွားခဲ့ပါတယ်။ အလှည့်ကျ promotionတွေလည်း ပုံမှန်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကြားကာလတစ်ခုမှာ steem ဈေးအတော်ကို ကျဆင်းသွားခဲ့ပါတယ်။ ထိုကဲ့သို့ ဈေးကျဆင်းသွားခဲ့တာနှင့် အတူ ကျနော်လည်း စာရေးပြီး promotion ရယူခြင်းကို အကြောင်းအမျိုးမျိုးပြပြီး ရပ်နားခဲ့ပါတယ်။
ထိုကဲ့သို့ ဈေးတွေကျတဲ့အချိန်မှာတောင် စတီးမစ်ကို ယုံကြည်ချက်အပြည့်နဲ့ တစိုက်မတ်မတ်လုပ်ခဲ့သူအချို့ရှိခဲ့ပါတယ်။ သူတို့ဟာ တကယ် စတီးမစ်ကို ချစ်မြတ်နိုးပြီး လေးစားစရာကောင်းတဲ့ လူသားတွေပါ။
သူတို့တွေ ဆောင်းပါးတွေပုံမှန်ရေးပြီး postတွေတင်နေချိန်မှာ ကျနော်ကတော့ ဈေးကျတာကို အကြောင်းပြပြီး စာမရေးပဲနေခဲ့တယ်လေ....။ အခုတော့ ကျနော်ဟာ ထို စတီးမစ်ကို ချစ်မြတ်နိုးပြီး တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူတို့နှင့် လိုက်မမှီအောင်ကို အပြတ်အသတ် ကွာဟသွားခဲ့ပါပြီ.....။
ထိုအချိန်တွေမှာသာ ဆောင်းပါးတွေ ပုံမှန်ရေးပြီး SPစုခဲ့မည်ဆိုလျှင် ခုချိန်ကျနော်မှာ Steem Power (sp) 400/500 လောက်ရှိနေမှာ အသေအခြာပါ။
ခုချိန်မှာတော့ ကျနော်များစွာ နောက်ကျလို့ ကျန်ရစ်နေခဲ့ပါပြီ.....။ ဘယ်တတ်နိုင်ပါ့မလဲလေ ဒါဟာ ကြိုးစားသူနှင့် အချောင်လိုချင်သူတို့ရဲ့ `ရလဒ်´ပဲပေါ့ဗျာ.......။
ဒါကြောင့် ကျနော် တစ်ခုမှာကြားချင်တာကတော့ အခုရရှိနေသည့် "promotion" ကို တန်ဖိုးထားကြပါ။ ဈေးတက်တက်၊ ကျကျ ကိုယ်လုပ်စရာရှိတာကို တစိုက်မတ်မတ်လုပ်ဆောင်သွားပါ။ နောင်နှစ်ဒီလိုအချိန်ကြရင် သင်ကြိုးစားခဲ့သည့် 'ရလဒ်'ကို သင်ကိုယ်တိုင်မြင်တွေ့ရပါလိမ့်မည်။
အားလုံးပဲနောင်တတွေ ကင်းဝေးကြပါစေ....။
Author By Jhon
MSC-046
Photo By Google Image
Leave ကျနော်နှင့် စတီးမစ် to:
Read more #myanmar posts
Best Posts From Jhon Jhon
We have not curated any of jhonnight's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.