Promise
ဒီ
အခက်အခဲဟုဆိုရာ၌ သိပ်ကြီးကြီးမားမားတော့မဟုတ်ပါ။ လက်သမားဆရာများ ကတိမတည်ခြင်းသာ ဖြစ်သည်။ အလုပ်မအပ်ခင် လက်သမားဆရာနှင့် အမိုး မိုးမည့် မြေနေရာအကျယ်အဝန်းတိုင်းခြင်း၊ ဈေးညှိနှိုင်းခြင်းများ အရင်လုပ်ကြပါသည်။ ထိုသို့ ဈေးစကားပြောဆိုညှိနှိုင်း၍ နှစ်ဦးနှစ်ဘက်သဘောတူပြီဆိုမှ အလုပ်စမည့် ရက်ကို အချိန်းအချက်လုပ်ရပါသည်။ ထိုသို့ပြောဆိုပြီး စကားလက်စသတ်၍ လက်သမားဆရာလည်းပြန်သွားလေသည်။
သို့နှင့် ရက်ချိန်းပေးထားသည့် ရက်သို့ ရောက်သော် လက်သမားဆရာကား ပေါ်မလာတော့ချေ။ ဖုန်းဆက်ကြည့်သော် ဖုန်းမကိုင်။ ဒီလိုနဲ့ ထိုနေတစ်ရက်တော့ စောင့်ကြည့်လိုက်သည်။ နောက်နေ့ ဖုန်းအဆက်အသွယ်ရ၍ မေးကြည့်တော့ အခြားတစ်နေရာမှာ အလုပ်မပြီးသေးလို့ သွားလုပ်ပေးနေရသဖြင့် မရောက်လာနိုင်ကြောင်းသိရသည်။ ဒီလိုနဲ့ မနက်လာမယ်ပြောလိုက် ညနေလာမယ်ပြောလိုက်နှင့် သုံးလေးရက်ခန့်ရောက်မလာခဲ့ချေ။ ရောက်လာပြန်တော့လည်း အလုပ်မတွင်ပြန်၊ လာရင်လည်းမူးနေတတ်သေးသည်။
ဒီလိုစိတ်ပျက်စရာတွေနှင့် နောက်ဆုံးတော့ ဆိုင်အမိုးလည်း ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ ထိုလက်သမားတွေနှင့် ပတ်သတ်၍လည်း အတော်ကို စိတ်ကုန်သွားခဲ့သည်။ ကျနော်တွေ့ဘူးသမျှ လက်သမားတိုင်း (အားလုံးကိုမဆိုလိုပါ) အမြဲတမ်းစိတ်ကျေနပ်အောင် ဆောက်လုပ်ပေးသည်ဟု၍မရှိ စိတ်ပျက်စရာ တစ်ခုမဟုတ်တစ်ခု ထားသွားခဲ့ကြသည်။ အဆိုးဆုံးကတော့ ကတိတွေ အကြိမ်ကြိမ်ပေးပြီး ကတိဖျက်တာပါ။
ကျနော်တို့တွေ သူငယ်ချင်းတွေ၊အပေါင်းအသင်းတွေကြားမှာ အတော်များများကြုံဖူးကြမှာပါ။ ဘယ်နေ့ဘယ်ချိန် ဘယ်နေရာကို လာခဲ့မယ်ပြောသွားပြီး ရောက်မလာတာပဲ။ တစ်ဖက်လူကတော့ လာနိုးလာနိုးနှင့် စောင့်ရတာဟာ အတော်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့ရင်လည်း ဖုန်းဆက်တာတို့ လူကြုံပါးတာတို့လုပ်သင့်ပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် ဒီလို ကတိပေးပြီး ကတိဖျက်တာဟာ လူတစ်ဖက်သားကို မလေးစားတာ၊စော်ကားတာနှင့် အတူတူပါပဲ။
ဒါကြောင့် ကတိစကားတစ်ခွန်းကို လွယ်လွယ်နှင့် မပေးသင့်ပါ။ ကိုယ်တကယ်တည်နိုင်သည့် ကတိမျိုးကိုသာပေးပါ။ အကယ်၍ ကတိပျက်စေမည် အကြောင်းကိစ္စ တစ်ခုခုပေါ်လာလျှင်လည်း ကတိပေးထားသူကို ဖုန်းဖြင့်သော်လည်းကောင်း၊ လူကြုံဖြင့်သော်လည်းကောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြပြောပြသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Author By Jhon
MSC-046
Photo By Google Image
Leave Promise to:
Read more #myanmar posts
Best Posts From Jhon Jhon
We have not curated any of jhonnight's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Jhon Jhon
- Unicode
- စေတနာ၏ ရောင်ပြန်ဟပ်သံ
- ဒယ်အိုးမကပ်အောင် ငါးကြော်နည်း
- အမေ့လျော့ခံ စေတနာ့ရှင်များ
- Online Gameနှင့် လူငယ်များ
- Movie Review
- App Review
- app review
- TRUST
- cryptocurrency & investment
- အောင်မြင်ကြီးပွားချင်ရင် လေ့လာသင်ယူပါ
- World Cup
- Promise
- We Love Steemit
- ဘဝအတွက်
- ကျနော့် ငပျင်းကောင်
- ကျနော်နှင့် စတီးမစ်
- ကျွန်တော်နှင့် ကိုးလသားအရွယ် စတီးမစ်
- အနီရောင် ကြိုးကြာသူရဲကောင်း (သို့) MOHAMED SALAH
- တန်းဖိုးရှိသော ညနေခင်းများ