ရလာဒ်ကောင်းဖို့ (၁)
မင်္ဂလာပါ steemit မိတ်ဆွေများ...
ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေး
တစ်ခုရှိပါတယ်။အဲဒါက ဘာလဲဆိုတော့
TFAR Models ပဲဖြစ်ပါတယ်။
Thought (အတွေး)
Feeling (ခံစားချက်)
Action (အပြုအမူ)
Results (ရလာဒ်) တို့ပဲဖြစ်ပါတယ်။
Thought
ကျနော်တို့ လူသားတွေဟာ အမြဲတမ်းလိုလို
တွေးတောနေတတ်ကြပါတယ်။ခေါင်းထဲမှာ
အတွေး တစ်ခုမဟုတ်တစ်ခုဟာ
အမြဲတမ်းရှိနေတတ်ကြပါတယ်။
လူမှုရေး၊စီးပွားရေး၊အိမ်ထောင်ရေး၊
မိမိဘ၀ရှေ့ရေးအကြောင်းကိစ္စတွေ၊
ဖြစ်ချင်တဲ့ဆန္ဒတွေကို အချိန်ပြည့်
တွေးတောနေတတ်ကြသလို
ကိုယ်ချစ်ခင်နှစ်သက်သူတွေအကြောင်း၊
မုန်းတဲ့သူတွေအကြောင်း အစရှိသဖြင့်လည်း
တွေးနေတတ်ကြပါတယ်။
တခါတရံမှာ သွားရင်းလာရင်း
ကြုံကြိုက်ခဲ့တဲ့အကြောင်းလေးတွေ၊
မြင်တွေခဲ့ရတဲ့ ကိစ္စရပ်တွေကိုလည်း
တစ်ခုမဟုတ်တစ်ခု တွေးနေမိကြမှာပါ။
တစ်ခါတစ်လေကျပြန်တော့လည်း
အတိတ်ကအကြောင်းတွေ
တွေးမိတတ်သလို မရောက်သေးတဲ့
အနာဂတ်ကိုလည်း စဉ်းစားတွေးတော
စိတ်ကူးယဉ်တတ်ကြပါသေးတယ်။
ကျနော်တို့ရဲ့ အတွေးတွေ၊စိတ်ကူးတွေကနေ
တစ်ဆင့် မိမိကိုယ်ကို ပုံဖော်ကြရတာပဲ ဖြစ်ပါတယ်။
Feelings
ကျနော်တို့ ခေါင်းထဲမှာ အတွေးတွေ
အမြဲမပြတ် တွေးနေသလိုပဲ အဲဒီ
အတွေးတွေအပေါ်လိုက်ပြီး
စိတ်ခံစားချက်တွေလည်း စဉ်ဆက်မပြတ်
ဖြစ်ပေါ်လေ့ရှိပါတယ်။
မိမိကြိုက်နှစ်သက်တဲ့ အကြောင်းအရာကို
တွေးတဲ့အခါ ပျော်ရွှင်မှု၊၀မ်းသာကြည်နူးမှု၊
စိတ်ချမ်းသာမှု အစရှိသဖြင့် ကောင်းမွန်တဲ့
ခံစားချက်များ ခံစားရသလို မိမိမလိုချင်တဲ့
မနှစ်သက်တဲ့ အတွေးများ
ခေါင်းထဲရောက်လာတဲ့ အခါမှာတော့
စိတ်ညစ်ဝမ်းနည်းခြင်း၊စိတ်အားငယ်ခြင်း၊
ဒေါသထွက်ခြင်း အစရှိတဲ့ မနှစ်မြို့ဖွယ်ရာ
ခံစားချက်များကို ခံစားလာရပါတယ်။
ခံစားချက်များ ကောင်းမွန်နေမှလည်း
စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်မှာဖြစ်ပြီး
ဆုံးဖြတ်ချက်များ ချမှတ်ရာမှာလည်း
မှန်ကန်စွာ ချမှတ်နိုင်မှာပဲဖြစ်ပါတယ်။
Action
ကျနော်တို့ရဲ့ အတွေးများ၊ခံစားချက်များနဲ့အတူ
အပြုအမူတွေဟာလည်း အရေးပါလှပါတယ်။
ကောင်းမွန်တဲ့အတွေးများ ခံစားချက်များ
ဖြစ်ပေါ်နေတဲ့အချိန်မှာတော့ ကျနော်တို့ရဲ့
အပြုအမူတွေဟာ ကောင်းမွန်မှန်ကန်နေပြီး
မကောင်းတဲ့ အတွေးအကြံများ၊ခံစားချက်များ
ဖြစ်ပေါ်နေတဲ့အချိန်မှာတော့ မိမိရဲ့
အပြုအမူတွေကပါ လိုက်ပြီး ဆိုးရွားစွာ
ပြုမူမိတတ်ကြပါတယ်။
Result
ကျနော်တို့ရဲ့ အတွေးတွေ၊ခံစားချက်တွေ၊
အပြုအမူတွေကနေတစ်ဆင့် ကျနော်တို့
ဘာတွေဖြစ်လာမယ်၊ဘယ်လိုလူစားမျိုးတွေ
ဖြစ်လာမယ်ဆိုတာကို အဆုံးအဖြတ်ပေးတဲ့
ရလာဒ်များ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျနော်တို့ရဲ့ အတွေးတွေ၊
ခံစားချက်တွေ၊အပြုအမူတွေကို ကောင်းမွန်တဲ့
အပြုသဘောဆောင်တဲ့ အတွေးများ၊
ခံစားချက်များ၊အပြုအမူများဖြစ်အောင်
ထိန်းချုပ်နိုင်ဖို့ဟာ အလွန်အရေးကြီးတဲ့
အရာတစ်ခုပဲဖြစ်ပါတယ်။
ဒါမှသာ ကောင်းမွန်တဲ့ ရလာဒ်များကို
ရရှိလာမှာပဲ ဖြစ်ပါတယ်။
(ပိုမိုရှင်းလင်းပြီး နားလည်သဘောပေါက်စေရန်
နောက်တပိုင်းတွင် အသေးစိတ်
ထပ်မံရှင်းပြပါမည်။)
@htetwaihin
MSC - 039
Leave ရလာဒ်ကောင်းဖို့ (၁) to:
Read more #myanmar posts
Best Posts From htetwaihin
We have not curated any of htetwaihin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.