htetwaihin avatar

လာရာမတူသော်လည်း...

htetwaihin

Published: 22 Aug 2018 › Updated: 22 Aug 2018လာရာမတူသော်လည်း...

လာရာမတူသော်လည်း...

မင်္ဂလာပါ steemitမိတ်ဆွေများ...

အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း မကြာသေးမီအချိန်ကပဲ Myanmar Steemit Community(MSC)ကို ဖွဲ့စည်းခဲ့တာ ၁နှစ်ပြည့် အချိန်ကာလကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။          ၁နှစ်ပြည့်တွေ့ဆုံပွဲကိုလည်း ရှေးဟောင်း    ယဉ်ကျေးမှု အမွေအနှစ်မြို့တော်ဖြစ်သော ပုဂံတွင် အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။၁နှစ် အတွင်း တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့သော် လည်း ယခုအချိန်မှာတော့ စာရေးသူတော်တော်များများဟာ ယခင်ကလောက် လက်မသွက်တော့ပဲ အရေးနည်းလာကြပါတယ်။

steem,sbdဈေးများကျဆင်းနေသောကြောင့်သော်လည်းကောင်း၊အများစုမှာ စာရေးခြင်းနယ်ပယ်မှလာသူများ မဟုတ်ကြသောကြောင့် ရေးစရာကုန်ပြီး ဘာရေးရမှန်းမသိ ခြေကုန်လက်ပန်းကျလာသော  ကြောင့်သော်လည်းကောင်း၊မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ရေးအားကျလာပြီး ပို့စ်တင်သူများ နည်းသွားသည်မှာတော့ သိသိသာသာပင်ဖြစ်သည်။တစ်ဖက်တွင်လည်း ဇွဲနပဲဖြင့် ပုံမှန်စာရေးပြီး နေ့စဉ်ပို့စ်တင်နေကြသူများကိုလည်း လေးစားဖွယ် တွေ့မြင်ရသည်။မည်သို့ပင်ဆိုစေကာမူ MSC        အနေဖြင့် အရှိန်အဟုန်မပျက်ပဲ နောက်ထပ် အသစ်အသစ်သော အစီအစဉ်များ၊ရည်မှန်းချက်ပန်းတိုင်များဖြင့် ရှေ့ဆက်နေအုံးမည်ဖြစ်သည်ကိုလည်း ယခုနှစ်တွေ့ဆုံပွဲမှတစ်ဆင့် သိရှိခဲ့ရပေသည်။

ယခုနှစ်တွေ့ဆုံပွဲသည် ပထမဦးဆုံးတွေ့ဆုံပွဲဖြစ်သောကြောင့် အားလုံးကလည်း  တွေ့ဆုံပွဲအချိန်မတိုင်မီကပင် မျှော်လင့် ရင်ခုန်ခဲ့ကြသော ပွဲလည်းဖြစ်သည်။သို့သော် မိုးတွင်းကာလဖြစ်သည့်အတွက် ရာသီဥတု၏ အနှောင့်အယှက်ကြောင့်              ရေကြီးပြီး လမ်းများပိတ်ထားရသောကြောင့် အချို့သော အဖွဲ့ဝင်များ လာရောက်ရန် အခက်အခဲဖြစ်စေခဲ့ရသည်။အချို့ကလည်း ကိုယ်ရေးကိုယ်တာကိစ္စရပ်များ မအားလပ်၍မလာရောက်နိုင်ကြသည်လည်းရှိသည်။အချို့ကလည်း အွန်လိုင်းပေါ်မှာသာ သိကြသောသူများဖြစ်ပြီး အပြင်တွင်လည်း တခါမျှမသိဖူးကြသူများဖြစ်သောကြောင့် ဟုတ်မှဟုတ်ပါ့မလားဟူသော သို့လော သို့လော စိတ်ဖြင့်မလာဖြစ်သူများလည်းရှိနိုင်ပေသည်။

သို့သော် တွေ့ဆုံပွဲသို့ လာရောက်ကြသူများအနေဖြင့်တော့ ပထမဦးဆုံးအကြိမ်ပင်ဖြစ်လင့်ကစား တစ်ယောက်နှင့်တစ်ယောက် စိမ်းမနေကြပဲ ရင်းနှီးပျော်ရွှင်စွာပင် ဖြတ်သန်းခဲ့ကြပါသည်။

ယခင်က အပြင်တွင်မမြင်ဖူးကြပဲ အွန်လိုင်းတွင်သာ ပြောဆိုနေကြသူတို့အချင်းချင်း တွေ့ဆုံမိကြသောအခါ ရင်းနှီးခင်မင်မှု၊ယုံကြည်မှုများ ပိုမိုတိုးတက်လာကြသည်ဟုလည်း ခံစားမိသည်။ထိုယုံကြည်မှု၊ခင်မင်ရင်းနှီးမှုများသည်ပင်လျှင် အဖွဲ့အစည်းတစ်ခု၏ရေရှည် တည်မြဲရာ အကြောင်းအရာများဖြစ်ပေသည်။

တွေ့ဆုံပွဲတွင်လည်း leaderအကိုဟင်နှင့်adminများမှ MSCအနေဖြင့်ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်များ၊ရည်မှန်းချက်များကို        ပြောကြားခဲ့သဖြင့် တွေ့ဆုံပွဲသို့ရောက်ရှိလာ           ကြသော အဖွဲ့ဝင်များအနေဖြင့် ပိုမိုကြိုးစားလိုစိတ်များတိုးတက်လာမည်ဟုလည်း ထင်မြင်မိပါသည်။

MSCအဖွဲ့ဝင်များသည် အလွှာအသီးသီးမှလူများပါဝင်ကြပြီး အသက်မွေးဝမ်းကျောင်းမှုပညာအမျိုးမျိုးဖြင့် နေရာဒေသပေါင်းစုံတွင် နေထိုင်ကြသူများဖြစ်ကြသည်။ထိုထိုသောသူများသည် MSCဟူသော အဖွဲ့တွင်လာရောက်ဆုံစည်းကြပြီး ထိုအဖွဲ့မှတစ်ဆင့် မိမိကိုယ်တိုင်တိုးတက်လာအောင်၊ထိုမှတစ်ဆင့် မြန်မာနိုင်ငံသားများကို အကူအညီပေးနိုင်သော အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်လာရန်မှာ အဖွဲ့ဝင်များ အားလုံး၏တူညီသော ရည်မှန်းချက်ပင်ဖြစ်ပေသည်။

နေထိုင်ရာနေရာဒေသ၊အသက်မွေးဝမ်းကျောင်းမှုအလုပ်အကိုင်၊အတွေးအခေါ်ခံယူချက်များမတူညီသော်လည်း Myanmar Steemit Community၏အောက်တွင်တော့ တူညီသော ရည်မှန်းချက်တခုကို အကောင်အထည်ဖော်နေကြသူများဖြစ်သည်။

ထို့ကြောင့် MSCအဖွဲ့ဝင်များသည် လာရာမတူသော်လည်း လားရာတူသောသူများ ဖြစ်ကြလေသည်။

htetwaihin@htetwaihin

MSC-039

Leave လာရာမတူသော်လည်း... to:

Written by

I Love Steem

Read more #myanmar posts


Best Posts From htetwaihin

We have not curated any of htetwaihin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htetwaihin