htetwaihin avatar

သင်္ကြန်နှင့်လူ့အမှိုက်များ

htetwaihin

Published: 17 Apr 2018 › Updated: 17 Apr 2018သင်္ကြန်နှင့်လူ့အမှိုက်များ

သင်္ကြန်နှင့်လူ့အမှိုက်များ

မင်္ဂလာပါ Steemit မိတ်ဆွေများ...
ကျနော်တို့ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့
မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကြီးကလည်း
ပြီးဆုံးခဲ့ပါပြီ။နှစ်ဟောင်းကနေ နှစ်သစ်ကို
ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသူများရှိသလို၊
တရားဘာဝနာအားထုတ်ပြီး အေးချမ်းစွာ
ဖြတ်သန်းခဲ့ကြသူများလည်းရှိကြပါတယ်။
အလားတူပဲ အရက်သေစာ သောက်စားမူးယစ်ပြီး
ခိုက်ရန်ဖြစ်ပွားကြလို့ ထိခိုက်ဒဏ်ရာရမှု၊
အသက်ဆုံးရှုံးမှုတွေကြောင့် ကျန်ရစ်သူမိသားစုမှာ
စိတ်သောကနဲ့ နှစ်သစ်ကို ကြိုခဲ့ရတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။

ဆယ့်နှစ်လရာသီပွဲတော်တွေမပြတ်တဲ့ ကျနော်တို့
မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ဟာ ပါဝင်ဆင်နွှဲသူ
အများဆုံး၊ အစည်ကားဆုံးပွဲတော်တခုဖြစ်ပါတယ်။
နှစ်သစ်ကူး အထိမ်းအမှတ်နဲ့ ပိတ်ရက်ရှည်
ရတာကြောင့်လည်း လူတိုင်းပါဝင်နိုင်ကြတာပါ။

အများပြည်သူပျော်ရွှင်နိုင်အောင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေက စီစဉ်ပေး
ကြတာကိုလည်း မြင်တွေ့ရမှာပါ။သက်ဆိုင်ရာ
ပြည်နယ်၊တိုင်းအလိုက် မြို့တော်ဝန်မဏ္ဌပ်တွေ၊
လမ်းလျှောက်သင်္ကြန်၊တောသင်္ကြန် အစရှိသဖြင့်
ပုံစံမျိုးစုံနဲ့ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်အောင်
စီစဉ်ပေးထားကြပါတယ်။ယခုနှစ်မှာတော့
ချင်းတွင်းသင်္ကြန်ဟာ နီးစပ်ရာ မြို့ရွာများမှ
လာရောက်ကြသူများနဲ့ ကြက်ပျံမကျ စည်ကား
လှတာကိုလည်း တွေ့မြင်ကြရမှာပါ။

ကျနော်တို့ ရန်ကုန်မြို့မှာလည်း နေရာအနှံ့
မဏ္ဌပ်တွေ၊စတုဒီသာကျွေးမွေးသူတွေနဲ့စည်ကား
လှပါတယ်။ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်၊
မြို့တော်ခန်းမရှေ့ မြို့တော်ဝန်မဏ္ဌပ်နဲ့
လမ်းလျှောက်သင်္ကြန်၊အင်းလျားကန်ဘောင်နဲ့
ပြည်လမ်း အစရှိတဲ့နေရာများမှာတော့
တိုးမပေါက်အောင် စည်ကားလှပါတယ်။

ပျော်ရွှင်အေးချမ်းစွာနဲ့စည်းကမ်းရှိရှိ ပါဝင်ဆင်နွှဲသူများရှိကြသလို၊စည်းကမ်းမဲ့သူများကြောင့်
အကျည်းတန်သောပုံရိပ်များကိုလည်းတွေ့ခဲ့ရသည်။အခြားမဟုတ်...အမှိုက်များပင်ဖြစ်ပေတော့သည်။
ပျော်ရွှင်စွာဖြင့်ရေကစားကြပြီးနောက်
အနားယူချိန်တွင်စားသောက်ပြီးသောအခါ
သတ်မှတ်ထားသော အမှိုက်ပုံး၊အမှိုက်အိတ်
အစရှိသည့် သတ်မှတ်ထားသည့် နေရာများတွင်
မပစ်ပဲ အလွယ်တူပင် လမ်းမပေါ်တွင်ပစ်ချခဲ့သော
အမှိုက်များကြောင့် လှပသောသင်္ကြန်ကို
အရုပ်ဆိုးစေခဲ့လေသည်။

FB_IMG_1523938014191.jpg
FB_IMG_1523938018724.jpg
images source

အချို့သောသူများက မိမိတို့၏အပြစ်ကို
ဖုံးကွယ်ရန်အတွက်
"အမှိုက်ပုံးများ အလုံအလောက်မရှိလို့ပါ"
ဟူသောဆင်ခြေပေးကြသည်။အချို့ကလည်း
လူစည်ကားသောပွဲများတွင် ဖြစ်လေ့ဖြစ်ထရှိသော
ဖြစ်ရပ်တခုသာဖြစ်ကြောင်း၊စည်းကမ်း
ကောင်းလှပါသည်ဆိုသော နိုင်ငံမျာတွင်လည်း
ဖြစ်တတ်ကြောင်း အစရှိသဖြင့် နိုင်ငံတကာနှင့်
ယှဉ်ထိုးပြောကြသူများလည်း ရှိကြသည်။
ဤအရာများမှာ တာဝန်ယူမှု၊တာဝန်ခံမှု
မရှိသူများ၏ ဆင်ခြေပေးမှုများသာဖြစ်လေသည်။

ထားရှိသော အမှိုက်ပုံးအရေအတွက်မှာ
တနေကုန် ဖြတ်သန်းသွားလာသော လူဦးရေ
သောင်းဂဏန်း၊သိန်းဂဏန်းနှင့်စာလျှင်
မလုံလောက်ဟု ပြောဆိုခြင်းမှာ မှန်ကန်သော်လည်း အမှိုက်ပုံးများ၊အမှိုက်အိတ်များနှင့်သတ်မှတ်ထား
သော နေရာများအတွင်း အမှိုက်မပစ်ပဲ
မိမိစားသောက်ရာနေရာတွင်ပင် ပစ်ထားခဲ့ခြင်း
ကတော့ မှားယွင်းသည့်လုပ်ရပ်ဖြစ်ပေသည်။
အမှိုက်ပုံးများ ပြည့်လျှံနေလျှင်တောင်မှ
အနီးတနေရာတွင် စုပုံထားပေးခြင်းအားဖြင့်
သိမ်းဆည်းရသော စည်ပင်ဝန်ထမ်းများ၊
လုပ်အားပေးပရဟိတအဖွဲ့များအနေဖြင့် သိမ်းဆည်းရသက်သာစေမည်ဖြစ်ပါသည်။ထိုသူများမှာ
မိမိတို့၏ အခိုင်းအစေများမဟုတ်ကြကြောင်းကိုလည်းသတိပြုစေချင်သည်။

FB_IMG_1523937671799.jpg
FB_IMG_1523937676392.jpg
FB_IMG_1523937698255.jpg
images source

မိမိကိုယ်တိုင် တနေကုန်ပျော်ပါးပြီး ညအချိန်
ခြေပစ်လက်ပစ် အနားယူနေချိန်တွင် ထိုသူများမှာ
မနားနိုင်ပဲ မိမိတို့ ပစ်ချခဲ့သောအမှိုက်များကို
သိမ်းဆည်းနေရသည်။အကယ်၍သာ အမှိုက်များကို စည်းကမ်းတကျဖြင့် သတ်မှတ်ထားသောနေရာတွင် ပစ်ခဲ့ပါက ထိုသူများလည်းအလုပ်လုပ်ရ သက်သာ
ပေလိမ့်မည်။ကိုယ်ချင်းစာတရားထား ရှိကြဖို့
လိုအပ်ပေသည်။

အလားတူပင် အချို့သော စတုဒီသာကျွေးမွေးသူ
များသည်လည်း မိမိတို့၏အမှိုက်များကို အမှိုက်ပုံသို့သွားမပစ်ကြပဲ ကျွေးမွေးရာနေရာတွင်သာ
ပြန့်ကျဲပြီးအမှိုက်များထားရှိခဲ့သည်ကိုလည်း
တွေ့မြင်ရပေသည်။
"ကုသိုလ်တပဲ၊အမှိုက်တပိသာ"ဟု
ဆိုရမလောက်ပင် ရုပ်ပျက်ဆင်းပျက်နိုင်လှပေသည်။

FB_IMG_1523937550189.jpg
FB_IMG_1523937547230.jpg
images source

ဆိုရသော် လှပသောသင်္ကြန်ကို စည်းကမ်းမဲ့သူ
များကြောင့် အရုပ်မဆိုး၊အကျည်းမတန်စေလို။
"စည်းကမ်းသည် လူ့တန်ဖိုး"ဟူ၍ဆိုကြလေသည်။ထို့ကြောင့် စည်းကမ်းမရှိသောသူများကို တန်ဖိုး
မရှိသူများဟုဆိုလျှင် လွန်မည်မထင်။
"စည်းကမ်းသည် မိမိကိုယ်ကို တာဝန်ယူခြင်း"
ဟုလည်းဆိုကြပြန်သည်။ထို့ကြောင့် တစ်ဦးချင်း
တစ်ယောက်ချင်းအနေဖြင့် မိမိတာဝန်မိမိယူပြီး
စည်းကမ်းရှိရှိ၊ထိန်းထိန်းသိမ်းသိမ်းပျော်ရွှင်နိုင်
ကြစေရန် ဆန္ဒပြုပါတယ်။
မိတ်ဆွေများအားလုံး နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ။

htetwaihin@htetwaihin

MSC - 039

Leave သင်္ကြန်နှင့်လူ့အမှိုက်များ to:

Written by

I Love Steem

Read more #myanmar posts


Best Posts From htetwaihin

We have not curated any of htetwaihin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htetwaihin