
Someday
ကိုယ်အရမ်းချစ်ရသူကို တစ်ယောက်တည်းဘယ်ထားခဲ့ချင်ပါ့မလဲ
ဒါပေမယ့်.....
တစ်နေ့နေ့တော့....ထားခဲ့ရမှာပါပဲ။
ကိုယ့် သွေးချွေးတွေနဲ့ အရင်းပြုပြီး ရှာဖွေစုဆောင်းထားတဲ့
ပစ္စည်းဥစ္စာတွေ ဘယ်ထားခဲ့ချင်ပါ့မလဲ
ဒါပေမယ့်........
တစ်နေ့နေ့တော့......ကိုယ်နဲ့အတူ ယူသွားလို့မရဘဲ
ထားခဲ့ရမှာပါပဲ။
ကိုယ့်အသွေးအသား သားသမီးဆွေမျိုးတွေကို
ဘယ်ထားခဲ့ချင်ပါ့မလဲ
ဒါပေမယ့်.......
တစ်နေ့နေ့တော့......ဝမ်းနည်းကြေကွဲစွာဖြင့် မလွန်ဆန်နိုင်ဘဲ
ထားခဲ့ရမှာပါပဲ။
ကိုယ့်ရဲ့ ထက်မြက်မှူနှင့် ချောမောလှပမှူတွေ
အလဟာသ ဘယ်မြေမြုပ်ခံချင်ပါ့မလဲ
ဒါပေမယ့်.......
တစ်နေ့နေ့တော့........ကိုယ့်သမိုင်းကြောင်းတွေကကျန်ခဲ့ပြီး
ကိုယ့်ရဲ့အရည်အချင်းတွေက မီးခိုး [သို့]မြေသြဇာအဖြစ်တော့
မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။
ကိုယ့်ရဲ့ ထင်ပေါ်ကျော်ကြားမှု နှင့် အောင်မြင်မှူတွေကို
ဘယ်ထားခဲ့ချင်ပါ့မလဲ
ဒါပေမယ့်.....
တစ်နေ့နေ့တော့.....ကိုယ့်ရဲ့ ကျော်ကြားမှုတွေက
မီးခိုးနဲ့ပြာပါပဲ ။
တစ်နေ့နေ့တော့.......ဘာကောင်ကြီးပဲဖြစ်နေပါစေ
ကိုယ်နဲ့ပက်သက်တဲ့အရာအားလုံးကို ထားခဲ့ရမှာ အတူတူ
ကိုယ်အသက်ရှင်တုန်းလေး လူလူချင်းမေတ္တာထားပြီး
ပေးကမ်းကူညီတတ်သော ကိုယ်ချင်းစာတရားလက်ကိုင်ထားတဲ့
တန်ဖိုးမဖြတ်နိုင်သော လူသားတစ်ယောက် ဖြစ်လာမှ
လူဖြစ်ရတာ တန်ပါလိမ့်မယ်။
Leave Someday to:
Read more #esteemapp posts
Best Posts From @doubloo
We have not curated any of doubloo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.