
For You
မင်း အရမ်းအားငယ်တဲ့အခါ
ကို့ကို သတိရပေးပါ
မင်းအတွက် အားဆေးတစ်ခွက်ဖြစ်ချင်လို့ပါ
မင်း စိတ်ညစ်စရာတွေ ပြည့်နှက်နေတဲ့အခါ
ငါ့ရင်ခွင်ကို အမှတ်ရပေးပါ
မင်း အတွက် နွေးထွေးလုံခြုံမှုတွေ ဖန်ဆင်းပေးချင်လို့ပါ
မင်း အနမ်းတွေ ခဏလောက် သော့ခတ်ထားပေးပါ
ငါ့ပါးပြင်က မင်းနဲ့တွေ့တဲ့အချိန်တိုင်း
မင်းစိတ်ကြည်နူးမှုရစေမယ့် အားဖြည့်ဆေး
ဖြစ်စေချင်လို့ပါ
မင်း အရမ်းလွမ်းနေတဲ့အခါ
ငါ တို့ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရလေးတွေသတိရပေးပါ
ငါ့ရဲ့ အငွေ့အသက်တွေက မင်းရဲ့ အလွမ်းတွေကို
ဖြေလျော့ပေးနိုင်တဲ့ ဖြေဆေးဖြစ်ချင်လို့ပါ
မင်း မျက်ရည်ကျချင်လာတဲ့အခါ
ကို့လက်တွေကို သတိရပေးပါ
မင်းရဲ့ မျက်ရည်က ငါ့အတွက်အဆိပ်ဖြစ်ပေမယ့်
မင်းမျက်ရည်သုတ်ပေးတဲ့ လက်တွေကလည်း
ကိုတစ်ယောက်တည်း ဖြစ်ချင်လို့ပါ
သူဆိုတာ
တကယ်တော့ ကိုယ့်ရင်ဘတ်ထဲက
အစားထိုးမရတဲ့ အဖော်မွန်ကောင်းတစ်ယောက်ပါပဲ
Leave For You to:
Read more #esteem posts
Best Posts From @doubloo
We have not curated any of doubloo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.