@doubloo avatar

လိမ်ညာခံရတယ်ဆိုတာ

doubloo

Published: 04 Sept 2018 › Updated: 04 Sept 2018လိမ်ညာခံရတယ်ဆိုတာ

လိမ်ညာခံရတယ်ဆိုတာ

သင် အလိမ်ခံရတိုင်း သူတစ်ပါးကို

အပြစ်တင်မနေပါနဲ့ သင့်ရဲ့ အားနာတဲ့စိတ်ကို

သူတစ်ပါးက အသုံးချသွားတာပါ။



သင် အလိမ်ခံရတိုင်း သူတစ်ပါးကို

မနာကျည်းပါနဲ့ သင့်ရဲ့ ယုံကြည်ထားမှူအပေါ်

သူတစ်ပါးက အခွင့်​အ​ရေး ယူသွားတာပါ။



သင် အလှည့်စားခံရတိုင်း သူတစ်ပါးကို

ဗွေမယူပါနဲ့ လှည့်စားခံလိုက်ရတယ်ဆိုတာက

သင် ညံ့လို့ ခံလိုက်ရတယ်လို့ မှတ်ယူပါ။



သင် အသုံးချခံရတိုင်း အခြားသူတွေကို

စိတ်မပျက်လိုက်ပါနဲ့ အသုံးချခံရတယ်ဆိုတာက

သင့်ရဲ့ အလိုက်သိစိတ်ကြောင့်ဖြစ်ပြီး သင်က

အသုံးတည့်လို့ အသုံးချခြင်းခံရတာပါ။



အလိမ်ခံရတယ်ဆိုတာက

လူတစ်ယောက်ကို ယုံသင့်တာထက် ပိုယုံမိတာရယ်

အားနာတတ်တဲ့ စိတ်ရယ် ၊ အလိုက်သိတဲ့ စိတ်တွေကြောင့်

ဖြစ်ပါတယ်။သင် အလိမ်ခံရလိုက်ပီဆိုရင်

သေချာတယ် သင့်ရဲ့ "ရိုးသားမှူ"ကို လူအများကိုချပြခြင်းပဲ။



ဘာလို့လဲဆိုတော့ ရိုးသားသူတွေကိုပဲ

လူတစ်ချို့က ကလေးအကွက်တွေနဲ့

အယုံသွင်းပြီး လိမ်ညာသွားကြတာပဲလေ။

Leave လိမ်ညာခံရတယ်ဆိုတာ to:

Written by

Visit to my nations. Welcome from myanmar.

Read more #lied posts


Best Posts From @doubloo

We have not curated any of doubloo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From @doubloo